အကြမ်းဖက်မှုဆန့်ကျင်ရေး ဘာစီလိုနာ ဆန္ဒဖော်ထုတ်ပွဲသို့ စပိန်ဘုရင် ကိုယ်တိုင် ဦးဆောင်ပါဝင်

ဘာစီလိုနာ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ်ပြီးနောက် သြဂုတ် ၂၆ ရက်က လူဦးရေတစ်သိန်းကျော် ပါဝင်သည့် ဘာစီလိုနာလူထု ချီတက်လမ်းလျှောက် ဆန္ဒဖော်ထုတ်ပွဲ တစ်ရပ်တွင် စပိန်ဘုရင် ကိုယ်တိုင် ဦးဆောင်ပါဝင်ခဲ့ကြောင်း သိရသည်။
 
ဘုရင် ဖိလစ်ပီ ၆ သည့် အဆိုပါ ဆန္ဒဖော်ထုတ်ပွဲတွင် ၀န်ကြီးချုပ် မာရီယာနို ရဂျိုင်း နှင့်အတူ ပါဝင်ခဲ့သည်။ ၁၉၇၀ ခုနှစ်ဝန်းကျင်ခန့်က ဘုရင်စနစ် ပြန်လည်ထူထောင်ရေး လူထုဆန္ဒပြ လှုပ်ရှားမှုပြီးနောက် ဘုရင် တစ်ပါးအနေဖြင့် လူထုချီတက် ဆန္ဒဖော်ထုတ်ပွဲတွင် ပါဝင်ခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း ဘီဘီစီသတင်းတွင် ဆိုထားသည်။
 
နိုင်ငံ၏ ဂုဏ်ယူဖွယ်ရာ Las Ramblas တိုက်ခိုက်ခံရမှုအတွင်း အရေးပေါ် ၀န်ထမ်းများ၊ ဆိုင်ဝန်ထမ်းများ ကူညီခဲ့ရသည်။ အဆိုပါ တိုက်ခိုက်မှု အတွင်း လူပေါင်း ၁၅ ဦးသေဆုံးပြီး လူပေါင်း ၁၀၀ ကျော် ဒဏ်ရာ ရရှိကြောင်း သိရသည်။
 
၎င်းတိုက်ခိုက်မှုအပြီး ၈ နာရီအကြာတွင် စပိန်နိုင်ငံအတွင်းရှိ ကမ်ဘရီလ်မြို့တွင် အသေခံဗုံးဝတ်စုံ ၀တ်ဆင်ထားသည့် လူ ၅ ဦး စီးနင်းလာသည့် ကားဖြင့် လူအုပ်အတွင်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့မှ ၎င်းတို့အား အသေပစ်ခတ် ဖမ်းဆီးရမိခဲ့သည်။
 
ဆန္ဒပြနေစဉ်အတွင်း ဘုရင်နှင့် ၀န်ကြီးချုပ်တို့သည့် ရာပေါင်းများစွာသော ကတ်တလန် အလံများရှေ့တွင် လမ်းလျှောက်ပါဝင်ခဲ့သည်။ ချီတက် လမ်းလျှောက် ဆန္ဒပြသူများ လက်ထဲတွင် စပိန်ဘာသာ စကားဖြင့် “#NoTenimPor” “ငါတို့လုံးဝ မကြောက်ဘူး”ဟု စာတန်းများ ကိုင်ဆွဲကာ ချီတက်လမ်းလျှောက် ဆန္ဒပြခဲ့ကြသည်။
 
Ref: BBC
The Ladies News

 

Vote: 
No votes yet

Add new comment