မကွေးတိုင်းဒေသကြီးအတွင်း မြစ်ရေကြီးမှုကြောင့် ပိတ်ထားရသော စာသင်ကျောင်း ၂၀၀ကျော် ပြန်လည်ဖွင့်

မကွေးတိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ်ရေကြီးမှုကြောင့် ယာယီပိတ် ထားခဲ့ရသည့် စာသင်ကျောင်း ၂၀၀ ကျော်ကို ပြန်လည်ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ခဲ့သည်။
 
ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ဧရာဝတီမြစ်ရေ ဆက်တိုက်မြင့် တက် မှုကြောင့် မကွေးတိုင်းဒေသကြီးရှိ မြို့နယ် ၁၂ မြို့နယ်ရှိ စာသင်ကျောင်း ၂၄၆ ကျောင်း ယာယီပိတ်ထားရသော်လည်း ယခုအခါ ယင်းစာသင် ကျောင်း များကို ပြန်လည် ဖွင့်လှစ်ထားကြောင်း သိရသည်။
 
မြစ်ရေမြင့်တက်လာမှုကြောင့် စာသင်ကျောင်းများကို ပိတ်ထားခဲ့ရာတွင် မကွေးမြို့နယ်တွင် တစ်ကျောင်း၊ ရေနံချောင်း မြို့နယ်တွင် ၁၉ ကျောင်း၊ ချောက်မြို့နယ်တွင် ငါးကျောင်း၊ မင်းဘူးမြို့နယ်တွင် ရှစ်ကျောင်း၊ ပွင့်ဖြူမြို့ နယ်တွင် ၂၃ ကျောင်း၊ စလင်းမြို့နယ်တွင် ၅၅ ကျောင်း၊ ပခုက္ကူမြို့နယ်တွင် ၄၃ ကျောင်းနှင့်ကံမမြို့နယ်တွင် ကိုးကျောင်း၊ သရက်မြို့နယ်တွင် တစ်ကျောင်း၊ ရေစကြို မြို့နယ်တွင် ၇၉ ကျောင်းနှင့် ဆိပ်ဖြူမြို့နယ်တွင် နှစ်ကျောင်း၊ အောင်လံမြို့နယ်တွင် တစ်ကျောင်းတို့ ကို ယာယီပိတ်ထားခဲ့ရခြင်း ဖြစ်သည်။
 
မကွေးတိုင်းဒေသကြီးအတွင်း ၂ဝ၁၇-၂ဝ၁၈ ပညာ သင်နှစ်တွင် ကျောင်းအတွင်း မြစ်ရေဝင်ရောက်ခဲ့သဖြင့် အထက်တန်း အဆင့် ၁၅ ကျောင်း၊ အလယ်တန်းအဆင့် ၇၆ ကျောင်းနှင့် မူလတန်းအဆင့် ၁၅၆ ကျောင်း ပါဝင်ပြီး သြဂုတ်လဆန်းမှ စတင်သင်ကြားပေးနေကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
 
ဇော်မင်းထွန်း
The Ladies News
 

 

Vote: 
No votes yet

Add new comment