ကချင်ပြည်နယ်တွင် ဧရာဝတီမြစ်ရေကြီးမှုကြောင့် ရေလွတ်ရာသို့ ရွှေ့ပြောင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်တွင် မိုးများမှုကြောင့် ဧရာဝတီမြစ်ရေ မြင့်တက်လာသဖြင့် ပြည်သူများ ရေလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရကြောင်း သိရသည်။
 
ဧရာဝတီ မြစ်ရေတိုးဝင်လျက်ရှိသော ဗန်းမော် မြို့နယ် ကောင်းစင့်ကျေး ရွာသို့ နယ်မြေခံ တပ်မတော်သားများ၊ ဆိပ်ကမ်း ရဲကင်းမှူး ရဲအုပ်ဇော်ကိုကိုထွန်း၊ နယ်ထိန်း ခေါင်းဆောင် ဒုရဲအုပ်မျိုးမင်းနှင့် တပ်ဖွဲ့ဝင်များ၊ ခရိုင်မီးသတ် ဦးစီးဌာန ဦးစီးမှူး ဦးအောင်သူနှင့် မီးသတ် တပ်ဖွဲ့ဝင်များသည် အခြေခံပညာ ကျောင်းရှိ စာသင်ခုံများ၊ ကျေးရွာနေ ပြည်သူများ၏ နေအိမ်၊ ပစ္စည်းများကို ရေလွတ်ကင်းရာ နေရာသို့ ပြောင်းရွှေ့ ကူညီ ဆောင်ရွက်ပေးခဲ့ကြသည်။
 
သြဂုတ် ၁၃ ရက် နေ့ ၁၂ နာရီ တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေ သည် ဗန်းမော်မြို့နယ်၌ ၁ဝ၆၄ စင်တီ မီတာ ရောက်ရှိနေပြီး ဗန်းမော်မြို့၏ စိုးရိမ်ရေအမှတ်မှာ ၁၁၅ဝ စင်တီမီတာဖြစ်ကြောင်း သိရသည်။
 
ယင်းကဲ့သို့ပင် ချင်းတွင်းမြစ်ရေသည် သြဂုတ်လ ၁၄ ရက် (ယနေ့) တွင် စိုးရိမ်ရေမှတ်အထက် ကျော်လွန်လျက်ရှိပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့ မြေနိမ့်ပိုင်း ရပ်ကွက်များအပြင် မြို့ပေါ်ရပ်ကွက်များရှိ ပြည်သူအချို့ ရေလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရကြောင်း မြို့ခံတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
 
ခန္တီးမြို့၏ စိုးရိမ်ရေမှတ်သည် ယနေ့ (သြဂုတ်လ) ၂၄ နာရီအတွင်း ၁၅၃၃ စင်တီမီတာထိ ရှိနိုင်ကြောင်း မိုးဇလက ခန့်မှန်းထားသည်။
 
The Ladies News

 

Vote: 
No votes yet

Add new comment