UNFC တောင်းဆိုချက် ၉ ချက်အား မူအားဖြင့် သဘောတူညီမှုရရှိခဲ့ပါက ဆက်လက် ငြင်းခုံဖွယ်ရာများ ရှိတော့မည် မဟုတ်ဟု ဗိုလ်ချူပ်ဂွမ်မော်ဆို

UNFC တောင်းဆိုချက် ၉ ချက်အား မူအားဖြင့် သဘောတူညီမှု ရရှိခဲ့ပါက ဆက်လက်ငြင်းခုံဖွယ်ရာများ ရှိတော့မည် မဟုတ်ဟု ဗိုလ်ချူပ်ဂွမ်မော်၏ လက်ရေးမူဖြင့် ရေးသားထားသည် စာရွက်ပုံတစ်ခုအား ၎င်းကိုယ်ပိုင် ဖေ့စ်ဘုတ်စာမျက်နှာ ပေါ်တွင် ဧပြီ ၂၃ ရက်နေ့ညပိုင်းက ရေးတင်ထား သည်။
 
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ၂၀၁၇ ခုနှစ် မတ်လ ၃ ရက်နေ့က ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မရှင်နှင့် တိုင်းရင်းသား ငြိမ်းချမ်း ကိုယ်စားလှယ်များ (DPN)တွေ့ဆုံမှုအပြီး သတင်းထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး “မူအားဖြင့် သဘောတူခြင်း ဆိုသည်မှာ(အပိုင်း-၁)”ဆိုကာ ၎င်းဖေ့စ်ဘုတ် စာမျက်နှာပေါ်တွင် ရေးသားထားသည်။
 
၎င်းဆွေးနွေးပွဲတွင် UNFC ၏ တောင်းဆိုချက် ၉ ချက်(အားလုံး)အပေါ် အစိုးရဘက်မှ(မူအရ သဘောတူခဲ့ခြင်း) မဟုတ်ဘဲ တောင်းဆိုချက် အမှတ် ၈ (တစ်ချက်တည်း) ကိုသဘောတူညီချက် ရရှိခဲ့ကြကြောင်း ဆိုသည်။
 
ကျန်ရှိသည် အချက်များအပေါ် ဆက်လက် ဆွေးနွေးသွားရန် သဘောတူ ခဲ့ကြခြင်းဖြစ်ပြီး အဆိုပါဖော်ပြချက်အား မူအားဖြင့် သဘောတူညီမှု ရခဲ့သည်ဟု ရေးသားထားပြန်ခဲ့ကြောင်း ဆိုသည်။
 
အဆိုပါထုတ်ပြန်ချက် အမှတ်-၂ တွင်ဖော်ပြထားသည်မှာ “ထိုအဆိုပြုချက် ၉ချက်အား ဆွေးနွေးရာတွင် ရင်းနှီးပွင့်လင်းစွာ ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး နှစ်ဖက်လက်ခံနိုင်သော အချက် ၉ ချက်ကို မူအားဖြင့် သဘောတူညီ ခဲ့ကြပါသည်” ဟု ထုတ်ပြန်ထားသည်။
 
၎င်းကိစ္စနှင့် ပတ်သက်ပြီး ဗိုလ်ချုပ် ဂွမ်မော်က “အကယ်၍ ၉ ချက်စလုံး အပေါ် မူအရ သဘောတူညီမှု ရရှိခဲ့မည်ဆိုလျှင် ဆက်လက်၍ ငြင်းခုံဖွယ် ရာများ ရှိတော့မည် မဟုတ်ပါ”ဟု ရေးသားထားသည်။
 
စိုင်းဟန်
The Ladies News
 

 

Vote: 
Average: 5 (1 vote)

Add new comment