နိုင်ငံတွင်းတိုက်ပွဲများ ရပ်တန့်ရေး ကောက်ယူထားသည့် လူထုလက်မှတ် ဒီဇင်ဘာ နောက်ဆုံးပတ်တွင် သက်ဆိုင်ရာတင်ပို့မည်

မြန်မာနိုင်ငံတွင်း ဖြစ်ပွားနေသော တိုက်ပွဲများ ရပ်တန့်ရေးအတွက် ရှမ်/းတောင် လူငယ်ကွန်ရက်က ကောက်ယူထားသော ပြည်သူလူထု လက်မှတ်များအား ၂၀၁၅ ဒီဇင်ဘာ နောက်ဆုံးပတ်အတွင်း သက်ဆိုင်ရာ အဖွဲ့အစည်းများထံ ပေးပို့သွားမည် ဖြစ်ကြောင်း သိရှိရသည်။  "လက်မှတ်တွေကို ကာချုပ်ဆီပေးပို့ဖို့ ဦးရွှေမန်းဆီကတစ်ဆင့် ပေးပို့ဖို့ ကြိုးစားနေပါ တယ်။ လက်နက်ကိုင်တွေ ဘက်ကိုတော့ MPC ကနေ တစ်ဆင့်ပေးပို့မှာပါ။ ဒီဇင်ဘာ နောက်ဆုံးပတ်အတွင်း ပေးပို့သွားမှာပါ " ဟု ရှမ်း/တောင် လူငယ်ကွန်ရက် တာဝန်ခံ စိုင်းသောင်းထွဋ်စိုးက ပြောသည်။  ရှမ်းပြည်နယ် တောင်ပိုင်းနှင့် ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော တိုက်ပွဲများ ရပ်တန့်ရေးအတွက် နိုင်ငံအနှံအပြားနှင့် ပြည်ပ တိုင်းပြည်များမှ နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွင်း ကောက်ခံရရှိထားသော လက်မှတ်ပေါင်း တစ်သောင်း ရရှိထားပြီးဖြစ်ကြောင်း ၎င်းထံမှသိရသည်။  တိုက်ပွဲများ ရပ်တန့်ရေးအတွက် လက်မှတ်များအား အချက်သုံးချက်ဖြင့် တောင်းဆို ထားခြင်းဖြစ်ကြောင်း ၎င်းတို့မှာ တိုက်ပွဲများရပ်တန့်ရေး၊ ပြန်လည်ထူထောင်ရေးအားနိုင်ငံတော်က တာဝန်ယူရန်နှင့် လက်နက်ကိုင်များ အားလုံးပါဝင်သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲအား အမြန်ဆုံး ပြုလုပ်ပေးရန်တို့ ဖြစ်ကြောင်း သိရသည်။ သတင်း - MMKThe Ladies News Journal 

 

Vote: 
No votes yet

Add new comment