သမ္မတကိုဆန္ဒပြသူ ကိုဝင်းလှိုင်အား သာယာဝတီတရားရုံးက ထောင်ဒဏ် ၂ နှစ်ချမှတ်

ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း၊ သာယာဝတီတရားရုံးရှေ့တွင် လက်ပံတန်းကျောင်းသားသပိတ် ဖြိုခွဲမှုနှင့် ပတ်သက်၍ သမ္မတအား ဆန္ဒဖော်ထုတ်ခဲ့သူ ကိုဝင်းလှိုင်ကို ပုဒ်မ ၅၀၅ (ခ) ဖြင့် ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက် ကြောင်း သာယာဝတီမြို့နယ် တရားရုံးမှ သိရသည်။

အဆိုပါဆန္ဒဖော်ထုတ်သူအား မေလ ၂၅ ရက်နေ့တွင် သာယာဝတီရဲ တပ်ဖွဲ့က နေအိမ်တွင် လာရောက်ဖမ်းဆီးခဲ့ပြီး အကျိုးဆောင်ရှေ့နေမရှိဘဲ ကိုယ်တိုင်လျှောက်လဲချက်ဖြင့် ရုံးချိန်း ၅ ကြိမ် ရင်ဆိုင်ခဲ့ပြီးနောက် ဇူလိုင်လ ၁ ရက်နေ့က ယင်းကဲ့သို့ အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးမှုမရှိဘူးလို့ ပြောချင်တယ်။ ဖွဲ့စည်းပုံအခြေခံအရ ဆန္ဒပြတယ်။ သမ္မတကို ဆန္ဒပြတဲ့ ဒီမိုကရေစီနိုင်ငံထဲမှာ ထောင်ချတာ မြန်မာနိုင်ငံပဲရှိမယ်ဆိုတာ ထင်ရှားနေတယ်။ ဦးသိန်းစိန်အစိုးရ၊ နောက်တက်လာမယ့် အစိုးရ ဒီမိုကရေစီရဖို့ စိတ်မချရသေးဘူး။ ဒီနေ့အမိန့်ချမှုသည် ဥပဒေအထက်မှာ ဦးသိန်းစိန်အစိုးရရှိနေတယ်ဆို<wbr />တာကို ပြတာပဲဗျ”ဟု ထောင်ဒဏ်ချမှတ်ခံရသူ ကိုဝင်းလှိုင်က ပြောသည်။

ပြည်မြို့ဒေသခံ တစ်ဦးဖြစ်သူ ကိုဝင်းလှိုင်သည် ၂၀၁၃ မတ်လအတွင်းက လျှပ်စစ်မီးပုံမှန်ရရှိရေး ဆန္ဒဖော် ထုတ်မှုတွင်  ပုဒ်မ ၁၈ ဖြင့် ပထမအကြိမ် ထောင်ဒဏ် ၃ လ ချမှတ်ခံခဲ့ရပြီး  ၂၀၁၄ သြဂုတ်လတွင် ဆိုင်ကယ်စီးသူများ ဆိုင်ကယ်စီးဦးထုပ်မဆောင်းခြင်း<wbr />ကြောင့် ဒဏ်ငွေဆောင်ခိုင်းရာတွင် တရားရုံးနှင့်  အခြားနေရာတွင်ပါ စီမံဒဏ်ပေးဆောင်ရခြင်းအပေါ် မကျေနပ်၍ ဆန္ဒဖော်ထုတ်သဖြင့် ဒုတိယအကြိမ် ထောင်ဒဏ်သုံးလ ထပ်မံချမှတ်ခြင်းခံခဲ့ရသည်။

ယခုတစ်ကြိမ်ထောင်ဒဏ်မှာ တတိယအကြိမ်မြောက် ထောင်ဒဏ်ဖြစ်ပြီး ခွင့်ပြုချက်မယူဘဲ ဆန္ဒထုတ်ဖော် မှုများကြောင့်  ပြည်မြို့နယ် တရားရုံးတွင် ခွင့်ပြုချက်မယူဘဲ ဆန္ဒထုတ်ဖော်မှု ပုဒ်မ ၁၈ ၊  ခွင့်ပြုထားသည့် နေရာမဟုတ်ဘဲ ဆန္ဒထုတ်ဖော်မှုပုဒ်မ ၁၉ တို့ဖြင့် အမှုဆက်လက်ရင်ဆိုင်နေရကြောင်း သိရသည်။

Vote:
No votes yet

Add new comment