Local News

မင်းပြားမြို့နယ်တွင် တစ်လင်တစ်မယား ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေဖြင့် အမျိုးသမီးတစ်ဦး အမှုဖွင့်ခံရ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်တွင် တစ်လင်တစ်မယား ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေပုဒ်မဖြင့် ဇန်န၀ါရီ ၂၆ ရက်နေ့က အမျိုးသမီးတစ်ဦး အမှုဖွင့်ခံရပြီး မင်းပြားရဲစခန်းတွင် ဖမ်းဆီးခံထားရကြောင်း သိရှိရသည်။

ပါတီစုံလူငယ်အဖွဲ့ တည်ထောင်နိုင်ရန် နိုင်ငံရေးပါတီများသို့ ဖေဖော်ဝါရီလအတွင်း ပေးပို့မည်

မြန်မာနိုင်ငံတွင် ပါတီစုံ လူငယ်အဖွဲ့ ဖွဲ့စည်းနိုင်ရန် ဆွေးနွေး အကြံပြုချက်များကို နိုင်ငံရေးပါတီများထံ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလအတွင်း ပေးပို့သွားမည် ဖြစ်ကြောင်း မြန်မာပါတီစုံ ဒီမိုကရေစီ အစီအစဉ်အဖွဲ့

ပျဉ်းမပင် စက်မှုဇုန်အတွင်းမှ ဖျက်ဆီးခံရသည့် ကျူးကျော်နေအိမ် မိသားစုများ လမ်းဘေးတဲထိုးနေရ

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ပျဉ်းမပင် စက်မှုဇုန်အတွင်းမှ ဖျက်ဆီးခံလိုက်ရသည့် ကျူးကျော်နေအိမ်များမှ အိမ်ထောင်စု ၁၅၀ ဝန်းကျင်သည် ဇန်နဝါရီ ၂၇ ရက်နေ့ ညနေမှစ၍ မြန်မာပေါ့စကို (Posco) စက်ရုံဘေးရှ

မာန်အောင်မြို့နယ်တွင် တွေ့ရှိသည့် ငါးကြီး၏ ရုပ်ကြွင်းရယူရန်စီစဉ်နေ

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် မျှော်တော်ဦး ကမ်းခြေတွင် သောင်တင်သေဆုံးလျက် တွေ့ရှိရသည့် ငါးကြီး၏ ရုပ်ကြွင်းအား ရရှိရန် မာန်အောင်မြို့ ငါးလုပ်ငန်းဦးစီးဌာနနှင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့မှ

ဦးအေးသာအောင်အား လွှတ်တော်ဒုဥက္ကဋ္ဌ ရာထူးအား ပေးအပ်မှု ရခိုင်အမျိုးသားပါတီ လက်ခံ

ရခိုင်အမျိုးသားပါတီမှ ပါတီခေါင်းဆောင် နှင့် ဗဟိုအလုပ်အမှုဆောင် တစ်ဦးဖြစ်သူ ဦးအေးသာအောင်အား အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ခန့်အပ်ရန် NLD စီစဉ်မှုအပေါ် ရခိုင်အမျိုးသားပါတီ (ANP) အနေဖြင့် လက်ခံသွားမည်ဖြစ်ြေ

မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ဥပဒေကြောင်းအရ ရှင်းလင်းနိုင် ၊ ခွေးဟောင်တိုင်း ထကြည့်စရာမလိုဟု ဦးတီခွန်မြတ်တုံ့ပြန်

ဒုတိယအကြိမ် လွှတ်တော် သက်တမ်းတွင် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ အဖြစ် တာဝန် ထမ်းဆောင်မည့် ပြည်ခိုင်ဖြိုး ပါတီဝင် ဦးတီခွန်မြတ်သည် ၎င်းအပေါ် မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ဝေဖန်နေမှုများကို အထောက်အထားရှိလျှင် တရား

အာဏာလွဲပြောင်းရေးနှင့် ပက်သက်၍ အဆင်ပြေစွာ ဆောင်ရွက်နိုင်မည်ဟု သမ္မတ ထပ်မံကတိပြု

လက်ရှိအစိုးရ အနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရပါတီအား အာဏာ လွှဲပြောင်းရေးနှင့် ပက်သက်၍ အဆင်ပြေစွာ ဆောင်ရွက်နိုင်ရန် နိုင်ငံတော်သမ္မတက ယနေ့ ဇန်န၀ါရီလ ၂၈ ရက်နေ့ တွင် ထပ်မံကတိပြု ပြောကြားခဲ့သည်။

လွှတ်တော်မတက်မီ ရခိုင်လွှတ်တော်အမတ် ထောင်ဒဏ်ချမှတ်ခံရ

ရခိုင်အမျိုးသားပါတီ၏ မင်းပြားအမှတ် ၂ မဲဆန္ဒနယ်မှ ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် တစ်ဦး ဖြစ်သူ ဦးလှအောင်ညွန့်ကို လွှတ်တော် မတက်ရောက်မီ ဇန်န၀ါရီ ၂၈ ရက်က မြေပုံမြို့နယ် တရားရုံးက

ဝင်ငွေရလမ်း မပြနိုင်သည့် ကားပိုင်ဆိုင်ထားသူများ အမည်ပေါက် ပြောင်းလဲမှုများလာ

လာမည့် ၂၀၁၆ ဧပြီ ၁ ရက်  တွင် ပြောင်းလဲမည့်  အခွန်ကောက် ဥပဒေသစ်အရ အခွန်တိုးမြှင့် ကောက်ခံတော့မည် ဖြစ်ရာ ၀င်ငွေရလမ်း မပြနိုင်သည့် ကားပိုင်ဆိုင် ထားသူများ အမည်ပေါက် ပြောင်းလဲမှု များပြားလာကြောင်း ကားလေ

ရွှေတိဂုံစေတီပေါ်တွင် အပူဇော်ခံထားသည့် ဗုဒ္ဓအရိုးဓာတ်တော်ကို ဇန်နဝါရီ ၂၉ ရက်နေ့ အိန္ဒိယသို့ ပြန်လည် ပင့်ဆောင်မည်

ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်တွင် အပူဇော်ခံ ရောက်ရှိနေသော တိဗက်ဒေသမှ နှစ်ပေါင်း ၂၀၀၀ ကျော်ရှိ ဗုဒ္ဓ၏ အရိုး (ဓာတ်တော်)ကို ဇန်နဝါရီလ ၂၉ ရက်နေ့ တွင် အိန္ဒိယနိုင်ငံသို့ ပြန်လည် ပင့်ဆောင်မည် ဖြစ်ကြောင်း ရွှေတ

Pages