ဒီမိုကေရစီစနစ္တြင္ စည္းကမ္းဥပေဒႏွင့္ ထိန္းေက်ာင္းမထားလွ်င္ မင္းမဲ့စရိုက္ ျဖစ္ႏိုင္သလို အာဏာရွင္ျဖစ္သြားႏိုင္ဟုဆို

ဒီမိုကေရစီႏွင့္ မင္းမဲ့စရိုက္အၾကားတြင္ ထိန္းေက်ာင္းထားသည့္အရာသည္ စည္းကမ္းဥပေဒျဖစ္ၿပီး၊ ဒီမိုကေရစီစနစ္တြင္ စည္းကမ္းဥပေဒႏွင့္ ထိန္းေက်ာင္း မထားလွ်င္ မင္းမဲ့စရိုက္ ျဖစ္သြားႏိုင္သကဲ့သို႕ အာဏာရွင္လည္းျဖစ္သြားႏိုင္ေၾကာင္း ေပ်ာ္ဘြယ္မဲဆႏၵနယ္ကိုယ္စားလွယ္ ဦးေသာင္းေအးက ေဖေဖာ္၀ါရီ ၂၇ ရက္တြင္ ေျပာၾကားလိုက္သည္။
 
ျပည္ေထာင္စုလႊတ္ေတာ္အစည္းအေ၀းတြင္ ဖြဲ႕စည္းပုံအေျခခံဥပေဒကို ျပင္ဆင္သည့္ ဥပေဒမူၾကမ္းပါ ပုဒ္မ၊ပုဒ္မခြဲမ်ားႏွင့္ပတ္သက္၍ ေဆြးေႏြးစဥ္ ဦးေသာင္းေအးက ယင္းသို႕ ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္သည္။
 
ဒီမိုကေရစီကို စည္းကမ္းရွိစြာလုပ္ႏိုင္သလား ဆန္းစစ္ၾကည့္မည္ဆိုလွ်င္ ယေန႕ ကမၻာႀကီးၿငိမ္းခ်မ္းေရးအတြက္လုပ္ေဆာင္ေနသည့္ UNကဲ့သို႕ အဖြဲ႕လွ်င္ပင္ ျမန္မာႏိုင္ငံ ရခိုင္ျပည္နယ္ေျမာက္ပိုင္း အျဖစ္အမွန္မ်ားကို လ်စ္လ်ဴရႈၿပီး အျပည္ျပည္ ဆိုင္ရာ တရားရုံးတြင္ လူမ်ိဳးတုံးသတ္ျဖတ္မႈႏွင့္ တရားစြဲဆိုခံရေစရန္ လုပ္ေဆာင္ လာျခင္းသည္ ဥပေဒႏွင့္ညီသည့္ ဒီမိုကေရစီလားဟုလည္း ဦးေသာင္းေအးက ေမးခြန္းထုတ္ခဲံသည္။
 
ယင္းအျပင္ တိုင္းရင္းသား ျပည္သူမ်ား မတရားသတ္ျဖတ္ခံရမႈအေပၚ ႏိုင္ငံေတာ္ အစိုးရက ထိေရာက္သည့္ ကာကြယ္မႈ တုံ႕ျပန္မႈမ်ား ျပဳလုပ္ရန္ ျပည္သူမ်ား ဆႏၵျပေတာင္းဆိုေသာ္လည္း ထိေရာက္သည့္အကာအကြယ္ မေပးႏိုင္မႈသည္ ျပည္သူကိုအေလးထားသည့္ ဥပေဒႏွင့္ ညီသည့္ ဒီမိုကေရစီပါလားဟုလည္း ဦးေသာင္းေအးက ေမးခြန္းထုတ္ေျပာၾကားခဲ့သည္။
 
ထို႕အတူ အတိတ္ကာလက ႏိုင္ငံေရးပါတီ အဖြဲ႕အစည္း လူပုဂၢိဳလ္မ်ားက ဒီမိုကေရစီ ကို အေရာင္အမ်ိဳးမ်ိဳးဆိုးကာ စည္းကမ္းဥပေဒႏွင့္မညီသုံးစြဲခဲ့ျခင္းေၾကာင့္ ႏိုင္ငံေတာ္ႀကီး ၿပိဳကြဲပ်က္စီးမည့္အေျခအေနျဖစ္ခဲ့ရသည္။ထို႕ေၾကာင့္ ႏိုင္ငံေတာ္၏ အေျခခံမူပုဒ္မ ၆(ဃ)၊ ပုဒ္မ၇၊ ပုဒ္မ ၃၉ႏွင့္ ပုဒ္မ ၄၀၅(က)တို႕ကို မူလအတိုင္း ထားရွိရန္ အဆိုျပဳေၾကာင္း ဦးေသာင္းေအးက ေျပာၾကားခဲ့ျခင္းျဖစ္သည္။
 
The Ladies News
ဒီမိုကရေစီစနစ်တွင် စည်းကမ်းဥပဒေနှင့် ထိန်းကျောင်းမထားလျှင် မင်းမဲ့စရိုက် ဖြစ်နိုင်သလို အာဏာရှင်ဖြစ်သွားနိုင်ဟုဆို
--- --- ---
ဒီမိုကရေစီနှင့် မင်းမဲ့စရိုက်အကြားတွင် ထိန်းကျောင်းထားသည့်အရာသည် စည်းကမ်းဥပဒေဖြစ်ပြီး၊ ဒီမိုကရေစီစနစ်တွင် စည်းကမ်းဥပဒေနှင့် ထိန်းကျောင်း မထားလျှင် မင်းမဲ့စရိုက် ဖြစ်သွားနိုင်သကဲ့သို့ အာဏာရှင်လည်းဖြစ်သွားနိုင်ကြောင်း ပျော်ဘွယ်မဲဆန္ဒနယ်ကိုယ်စားလှယ် ဦးသောင်းအေးက ဖေဖော်ဝါရီ ၂၇ ရက်တွင် ပြောကြားလိုက်သည်။
 
ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းပါ ပုဒ်မ၊ပုဒ်မခွဲများနှင့်ပတ်သက်၍ ဆွေးနွေးစဉ် ဦးသောင်းအေးက ယင်းသို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
 
ဒီမိုကရေစီကို စည်းကမ်းရှိစွာလုပ်နိုင်သလား ဆန်းစစ်ကြည့်မည်ဆိုလျှင် ယနေ့ ကမ္ဘာကြီးငြိမ်းချမ်းရေးအတွက်လုပ်ဆောင်နေသည့် UNကဲ့သို့ အဖွဲ့လျှင်ပင် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်း အဖြစ်အမှန်များကို လျစ်လျူရှုပြီး အပြည်ပြည် ဆိုင်ရာ တရားရုံးတွင် လူမျိုးတုံးသတ်ဖြတ်မှုနှင့် တရားစွဲဆိုခံရစေရန် လုပ်ဆောင် လာခြင်းသည် ဥပဒေနှင့်ညီသည့် ဒီမိုကရေစီလားဟုလည်း ဦးသောင်းအေးက မေးခွန်းထုတ်ခဲံသည်။
 
ယင်းအပြင် တိုင်းရင်းသား ပြည်သူများ မတရားသတ်ဖြတ်ခံရမှုအပေါ် နိုင်ငံတော် အစိုးရက ထိရောက်သည့် ကာကွယ်မှု တုံ့ပြန်မှုများ ပြုလုပ်ရန် ပြည်သူများ ဆန္ဒပြတောင်းဆိုသော်လည်း ထိရောက်သည့်အကာအကွယ် မပေးနိုင်မှုသည် ပြည်သူကိုအလေးထားသည့် ဥပဒေနှင့် ညီသည့် ဒီမိုကရေစီပါလားဟုလည်း ဦးသောင်းအေးက မေးခွန်းထုတ်ပြောကြားခဲ့သည်။
 
ထို့အတူ အတိတ်ကာလက နိုင်ငံရေးပါတီ အဖွဲ့အစည်း လူပုဂ္ဂိုလ်များက ဒီမိုကရေစီ ကို အရောင်အမျိုးမျိုးဆိုးကာ စည်းကမ်းဥပဒေနှင့်မညီသုံးစွဲခဲ့ခြင်းကြောင့် နိုင်ငံတော်ကြီး ပြိုကွဲပျက်စီးမည့်အခြေအနေဖြစ်ခဲ့ရသည်။ထို့ကြောင့် နိုင်ငံတော်၏ အခြေခံမူပုဒ်မ ၆(ဃ)၊ ပုဒ်မရ၊ ပုဒ်မ ၃၉နှင့် ပုဒ်မ ၄၀၅(က)တို့ကို မူလအတိုင်း ထားရှိရန် အဆိုပြုကြောင်း ဦးသောင်းအေးက ပြောကြားခဲ့ခြင်းဖြစ်သည်။
 
The Ladies News

 

Vote: 
No votes yet

Add new comment