ကမၻာ့အင္ဂ်င္နီယာေန႔ အထိမ္းအမွတ္ အခမ္းအနားကို ရန္ကုန္ၿမိဳ႕ရွိ ျမန္မာနိုင္ငံ အင္ဂ်င္နီယာအသင္းခ်ဳပ္၌ ျပဳလုပ္မည္

ကမၻာ့အင္ဂ်င္နီယာေန႔ အထိမ္းအမွတ္ အခမ္းအနားကို ရန္ကုန္ၿမိဳ႕ရွိ ျမန္မာနိုင္ငံ အင္ဂ်င္နီယာအသင္းခ်ဳပ္၌ က်င္းပျပဳလုပ္မည္ျဖစ္ေၾကာင္း ျပန္ၾကားေရး ၀န္ႀကီးဌာနက သတင္းေဖာ္ျပခဲ့သည္။
 
ကမၻာ့အင္ဂ်င္နီယာေန႔ အထိမ္းအမွတ္ အခမ္းအနား က်င္းပေရးႏွင့္ စပ္လ်ဥ္ၿပီး ျပဳလုပ္သည့္ သတင္းစာရွင္းလင္းပြဲတြင္ ျမန္မာနိုင္ငံအင္ဂ်င္နီယာေကာင္စီ ဥကၠ႒ ဦးခ်ာလီသန္းက ကမၻာ့အင္ဂ်င္နီယာေန႔ ျဖစ္ေပၚလာပုံကို ရွင္းလင္းေျပာၾကားၿပီး ျမန္မာနိုင္ငံအင္ဂ်င္နီယာ အသင္းခ်ဳပ္ ဥကၠ႒ ဦးေအာင္ျမင့္က ကမၻာ့အင္ဂ်င္နီယာေန႔ အထိမ္းအမွတ္ အခမ္းအနား က်င္းပရျခင္းႏွင့္ စပ္လ်ဥ္း၍ ရွင္းလင္းေျပာၾကားခဲ့သည္။
 
“အခုလာမယ့္ မတ္လ ၄ ရက္ေန႔မွာ ကမၻာ့အင္ဂ်င္နီယာေန႔ အထိမ္းအမွတ္ အခမ္းအနားကို ကမၻာ့နိုင္ငံအသီးသီးမွာ က်င္းပၾကမွာ ျဖစ္ပါတယ္။ အထူးသျဖင့္ လူငယ္ေတြ၊ အမ်ိဳးသမီးငယ္ေတြ သူတို႔ရဲ့ အသက္ေမြးဝမ္းေၾကာင္း လုပ္ငန္းကို ေရြးခ်ယ္တဲ့ေနရာမွာ အင္ဂ်င္နီယာလုပ္ငန္းနဲ႔ ေရြးခ်ယ္နိုင္ဖို႔ အားေပးအားေျမာက္ ျပဳနိုင္ဖို႔ဆိုတဲ့ ရည္ရြယ္ခ်က္နဲ႔ ေဆာင္ရြက္တာျဖစ္ပါတယ္။ ျမန္မာနိုင္ငံမွာလည္း အသင္းခ်ဳပ္ႀကီးက ဦးေဆာင္ၿပီးေတာ့ အခမ္းအနားကို ေဆာင္ရြက္တာျဖစ္ပါတယ္။ အခမ္းအနား ျဖစ္ေျမာက္ေရးအတြက္ အင္ဂ်င္နီယာမ်ား၊ အင္ဂ်င္နီယာပညာရပ္ အားေပးအားေျမာက္ျပဳသူမ်ား၊ အင္ဂ်င္နီယာပညာရပ္နဲ႔ အသက္ေမြးသူမ်ား၊ အင္ဂ်င္နီယာပညာရပ္နဲ႔ ဆက္စပ္ေသာ စက္မႈလက္မႈလုပ္ငန္းမ်ားမွ ပုဂၢိဳလ္မ်ား အားလုံး ပါဝင္ေဆာင္ရြက္ေပးၾကပါလို႔ ေျပာလိုပါတယ္”ဟု ျမန္မာနိုင္ငံ အင္ဂ်င္နီယာေကာင္စီ ဥကၠ႒ ဦးခ်ာလီသန္းကေျပာသည္။
 
ကမၻာ့အင္ဂ်င္နီယာေန႔ အထိမ္းအမွတ္ အခမ္းအနားကို မတ္ ၄ ရက္ နံနက္ပိုင္းတြင္ ရန္ကုန္ၿမိဳ႕ရွိ ျမန္မာနိုင္ငံအင္ဂ်င္နီယာအသင္းခ်ဳပ္၌ ျပဳလုပ္သြားမည္ျဖစ္ၿပီး ပညာေရး ဝန္ႀကီးဌာန၊ နည္းပညာ၊ သက္ေမြးပညာႏွင့္ ေလ့က်င့္ေရးဦးစီးဌာန ညြန္ၾကားေရး မႉးခ်ဳပ္ ေဒါက္တာေအးျမင့္က Engineering Education for Sustainable Development ေခါင္းစဥ္ျဖင့္ လည္းေကာင္း၊ ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ လမ္းဦးစီး ဌာန ဒုတိယညြန္ၾကားေရးမႉးခ်ဳပ္ ဦးၾကည္ေဇာ္ျမင့္က Central Backbone of Transport Economic Corridor of Myanmar ေခါင္းစဥ္ျဖင့္လည္းေကာင္း ေဟာေျပာ သြားမည္ျဖစ္ၿပီး မြန္းလြဲပိုင္းတြင္ ျမန္မာနိုင္ငံ အင္ဂ်င္နီယာေကာင္စီ၌ ျပခန္းမ်ား ဖြင့္ပြဲအခမ္းအနားႏွင့္ World Engineering day for Sustainable Development စကားဝိုင္းေဆြးေႏြးပြဲမ်ား ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။
 
ထို႔ျပင္ မတ္ ၇ ရက္တြင္ ကမၻာ့အင္ဂ်င္နီယာေန႔ အထိမ္းအမွတ္ ညစာစားပြဲ အခမ္း အနားကို ေနျပည္ေတာ္၌ က်င္းပသြားမည္ျဖစ္ၿပီး အဆိုပါ အခမ္းအနားတြင္ Best Engineering Achievement for Sustainable Development Award, Young Engineer of the Year 2020 Award ႏွင့္Best Achievements of Young Engineers Award ဆုမ်ား ေရြးခ်ယ္ေပးအပ္ သြားမည္ျဖစ္ေၾကာင္း ျပန္ၾကားေရး ၀န္ႀကီးဌာနက သတင္းေဖာ္ျပခဲ့သည္။
 
The Ladies News
ကမ္ဘာ့အင်ဂျင်နီယာနေ့ အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်၌ ပြုလုပ်မည်
--- --- ---
ကမ္ဘာ့အင်ဂျင်နီယာနေ့ အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်၌ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနက သတင်းဖော်ပြခဲ့သည်။
 
ကမ္ဘာ့အင်ဂျင်နီယာနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပရေးနှင့် စပ်လျဉ်ပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ ဥက္ကဋ္ဌ ဦးချာလီသန်းက ကမ္ဘာ့အင်ဂျင်နီယာနေ့ ဖြစ်ပေါ်လာပုံကို ရှင်းလင်းပြောကြားပြီး မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းချုပ် ဥက္ကဋ္ဌ ဦးအောင်မြင့်က ကမ္ဘာ့အင်ဂျင်နီယာနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။
 
“အခုလာမယ့် မတ်လ ၄ ရက်နေ့မှာ ကမ္ဘာ့အင်ဂျင်နီယာနေ့ အထိမ်းအမှတ် အခမ်းအနားကို ကမ္ဘာ့နိုင်ငံအသီးသီးမှာ ကျင်းပကြမှာ ဖြစ်ပါတယ်။ အထူးသဖြင့် လူငယ်တွေ၊ အမျိုးသမီးငယ်တွေ သူတို့ရဲ့ အသက်မွေးဝမ်းကြောင်း လုပ်ငန်းကို ရွေးချယ်တဲ့နေရာမှာ အင်ဂျင်နီယာလုပ်ငန်းနဲ့ ရွေးချယ်နိုင်ဖို့ အားပေးအားမြောက် ပြုနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆောင်ရွက်တာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း အသင်းချုပ်ကြီးက ဦးဆောင်ပြီးတော့ အခမ်းအနားကို ဆောင်ရွက်တာဖြစ်ပါတယ်။ အခမ်းအနား ဖြစ်မြောက်ရေးအတွက် အင်ဂျင်နီယာများ၊ အင်ဂျင်နီယာပညာရပ် အားပေးအားမြောက်ပြုသူများ၊ အင်ဂျင်နီယာပညာရပ်နဲ့ အသက်မွေးသူများ၊ အင်ဂျင်နီယာပညာရပ်နဲ့ ဆက်စပ်သော စက်မှုလက်မှုလုပ်ငန်းများမှ ပုဂ္ဂိုလ်များ အားလုံး ပါဝင်ဆောင်ရွက်ပေးကြပါလို့ ပြောလိုပါတယ်”ဟု မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ ဥက္ကဋ္ဌ ဦးချာလီသန်းကပြောသည်။
 
ကမ္ဘာ့အင်ဂျင်နီယာနေ့ အထိမ်းအမှတ် အခမ်းအနားကို မတ် ၄ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၌ ပြုလုပ်သွားမည်ဖြစ်ပြီး ပညာရေး ဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွန်ကြားရေး မှူးချုပ် ဒေါက်တာအေးမြင့်က Engineering Education for Sustainable Development ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီး ဌာန ဒုတိယညွန်ကြားရေးမှူးချုပ် ဦးကြည်ဇော်မြင့်က Central Backbone of Transport Economic Corridor of Myanmar ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြော သွားမည်ဖြစ်ပြီး မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ၌ ပြခန်းများ ဖွင့်ပွဲအခမ်းအနားနှင့် World Engineering day for Sustainable Development စကားဝိုင်းဆွေးနွေးပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
 
ထို့ပြင် မတ် ၇ ရက်တွင် ကမ္ဘာ့အင်ဂျင်နီယာနေ့ အထိမ်းအမှတ် ညစာစားပွဲ အခမ်း အနားကို နေပြည်တော်၌ ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါ အခမ်းအနားတွင် Best Engineering Achievement for Sustainable Development Award, Young Engineer of the Year 2020 Award နှင့်Best Achievements of Young Engineers Award ဆုများ ရွေးချယ်ပေးအပ် သွားမည်ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနက သတင်းဖော်ပြခဲ့သည်။
 
The Ladies News
 


 

 

Vote: 
No votes yet

Add new comment