မုိင္းတြမ္းၿမိဳ႕နယ္အတြင္း ေဆးျပား႐ုိက္စက္အစိတ္အပိုင္း၊ လက္နက္/ခဲယမ္းမ်ားႏွင့္ ဆက္စပ္ပစၥည္းမ်ား သိမ္းဆည္းရမိ

ရွမ္းျပည္နယ္(အေရွ႕ပုိင္း)၊ မုိင္းတြမ္းၿမိဳ႕နယ္အတြင္း မူးယစ္ေဆး၀ါး၊ တရားမ၀င္ သတၱဳတူးေဖာ္မႈႏွင့္ သစ္ထုတ္လုပ္မႈမရွိေစေရးအတြက္ လုံၿခံဳေရးေဆာင္ရြက္ေနေသာ တပ္ဖြဲ႕ ၀င္မ်ားသည္ ေဖေဖာ္၀ါရီ ၂၇ ရက္၊ ညေန ၅ နာရီခန္႔ တြင္ မုိင္းတြမ္းၿမိဳ႕၏ ေျမာက္ဘက္ မီတာ ၉၀၀၀ ခန္႔အကြာရွိေတာ အတြင္းမွ ပြိဳင့္-၂၂ ေသနတ္ တစ္လက္၊ ၎င္းက်ည္အိမ္ တစ္ခု၊ ၎င္းက်ည္ ၄၁ ေတာင့္အား ပုိင္ရွင္မဲ့ သိမ္းဆည္းရမိခဲ့သည္။ ၎အျပင္ မုိင္းတြမ္းၿမိဳ႕၏ အေနာက္ေျမာက္ ဘက္ မီတာ ၁၁၀၀၀ ခန္႔အကြာရွိ မုန္ညင္းခင္းႏွင့္ အနီးတစ္၀ုိက္တုိ႔၌ က်င္းတူးသုိ၀ွက္ျမႇဳပ္ႏွံထားသည့္ ေဆးျပား႐ုိက္စက္ အစိတ္ အပုိင္းႏွစ္စုံ၊ က်ည္ကာအက်ႌငါးထည္ႏွင့္ AK က်ည္အိမ္ကုိးခုတုိ႔အား ပုိင္ရွင္မဲ့ ထပ္မံသိမ္းဆည္းရမိခဲ့သည္။
 
အဆုိပါ သိမ္းဆည္းရမိ လက္နက္/ခဲယမ္းမ်ား၊ စက္အစိတ္အပုိင္းမ်ားႏွင့္ ဆက္စပ္ပစၥည္းမ်ား အား သက္ဆုိင္ရာသို႔ စနစ္တက် လႊဲေျပာင္းအပ္ႏွံသြား မည္ျဖစ္ေၾကာင္း သတင္းရရွိသည္။
 
Credit - တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ရံုး
The Ladies News
မိုင်းတွမ်းမြို့နယ်အတွင်း ဆေးပြားရိုက်စက်အစိတ်အပိုင်း၊ လက်နက်/ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ
--- --- ---
 
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတွမ်းမြို့နယ်အတွင်း မူးယစ်ဆေးဝါး၊ တရားမဝင် သတ္တုတူးဖော်မှုနှင့် သစ်ထုတ်လုပ်မှုမရှိစေရေးအတွက် လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ ဝင်များသည် ဖေဖော်ဝါရီ ၂၇ ရက်၊ ညနေ ၅ နာရီခန့် တွင် မိုင်းတွမ်းမြို့၏ မြောက်ဘက် မီတာ ၉၀၀၀ ခန့်အကွာရှိတော အတွင်းမှ ပွိုင့်-၂၂ သေနတ် တစ်လက်၊ ၎င်းင်းကျည်အိမ် တစ်ခု၊ ၎င်းင်းကျည် ၄၁ တောင့်အား ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့သည်။ ၎င်းအပြင် မိုင်းတွမ်းမြို့၏ အနောက်မြောက် ဘက် မီတာ ၁၁၀၀၀ ခန့်အကွာရှိ မုန်ညင်းခင်းနှင့် အနီးတစ်ဝိုက်တို့၌ ကျင်းတူးသိုဝှက်မြှုပ်နှံထားသည့် ဆေးပြားရိုက်စက် အစိတ် အပိုင်းနှစ်စုံ၊ ကျည်ကာအကျႌငါးထည်နှင့် AK ကျည်အိမ်ကိုးခုတို့အား ပိုင်ရှင်မဲ့ ထပ်မံသိမ်းဆည်းရမိခဲ့သည်။
 
အဆိုပါ သိမ်းဆည်းရမိ လက်နက်/ခဲယမ်းများ၊ စက်အစိတ်အပိုင်းများနှင့် ဆက်စပ်ပစ္စည်းများ အား သက်ဆိုင်ရာသို့ စနစ်တကျ လွှဲပြောင်းအပ်နှံသွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။
 
Credit - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
The Ladies News

 

Vote: 
No votes yet

Add new comment