တာခ်ီလိတ္တြင္ ဗံုးသီးေဟာင္းကုိ တူျဖင့္ထုရုိက္စဥ္ ေပါက္ကြဲမႈ ျဖစ္ပြား

တာခ်ီလိတ္တြင္ ဗံုးသီးေဟာင္းကုိ တူျဖင့္ထုရုိက္စဥ္ ေပါက္ကြဲမႈ ျဖစ္ပြားခဲ့ေၾကာင္း တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ရံုး၏ သတင္းေဖာ္ျပခ်က္အရ သိရသည္။
 
ျဖစ္စဥ္မွာ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ၿမဳိ႕၊ မယ္ေခါင္(၃)လမ္းရွိ မိန္းသံတိုသံစ သတၱဳပစၥည္းေဟာင္းမ်ား ေရာင္း၀ယ္ေရးဆိုင္ တြင္ အလုပ္လုပ္ေနသူ ေဒၚမုိးေအာင္(ဘ) ဦးထြန္း၀င္းသည္ ယေန႔နံနက္ ၁၁ နာရီ မိနစ္ ၄၀ ခန္႔တြင္ ဂိုေဒါင္အတြင္းစုပုံထား ေသာ သံတိုသံစသတၱဳေဟာင္းမ်ားအတြင္းမွ ဗုံးသီးေဟာင္း တစ္လုံးအား သတၱဳမ်ားထုတ္ ယူရန္ ဗုံးသီးေဟာင္းထိပ္ရွိ သတၱဳအား တူျဖင့္ထု႐ိုက္စဥ္ ေပါက္ကြဲမႈျဖစ္ပြားခဲ့ သျဖင့္ ေဒၚမိုးေအာင္တြင္ ဗုံးသီးစထိမွန္ဒဏ္ရာ မ်ားရရွိခဲ့သည္။
 
အဆိုပါလူနာအား တာခ်ီလိတ္ျပည္သူ႔ ေဆး႐ုံသို႔ ပို႔ေဆာင္ေဆးကုသမႈခံယူေစလ်က္ ရွိေၾကာင္းလည္း သိရသည္။
 
The Ladies News
တာချီလိတ်တွင် ဗုံးသီးဟောင်းကို တူဖြင့်ထုရိုက်စဉ် ပေါက်ကွဲမှု ဖြစ်ပွား
--- --- ---
 
တာချီလိတ်တွင် ဗုံးသီးဟောင်းကို တူဖြင့်ထုရိုက်စဉ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းဖော်ပြချက်အရ သိရသည်။
 
ဖြစ်စဉ်မှာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ မယ်ခေါင်(၃)လမ်းရှိ မိန်းသံတိုသံစ သတ္တုပစ္စည်းဟောင်းများ ရောင်းဝယ်ရေးဆိုင် တွင် အလုပ်လုပ်နေသူ ဒေါ်မိုးအောင်(ဘ) ဦးထွန်းဝင်းသည် ယနေ့နံနက် ၁၁ နာရီ မိနစ် ၄၀ ခန့်တွင် ဂိုဒေါင်အတွင်းစုပုံထား သော သံတိုသံစသတ္တုဟောင်းများအတွင်းမှ ဗုံးသီးဟောင်း တစ်လုံးအား သတ္တုများထုတ် ယူရန် ဗုံးသီးဟောင်းထိပ်ရှိ သတ္တုအား တူဖြင့်ထုရိုက်စဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ သဖြင့် ဒေါ်မိုးအောင်တွင် ဗုံးသီးစထိမှန်ဒဏ်ရာ များရရှိခဲ့သည်။
 
အဆိုပါလူနာအား တာချီလိတ်ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက် ရှိကြောင်းလည်း သိရသည်။
 
The Ladies News

 

Vote: 
No votes yet

Add new comment