ေဒသဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ားကို ဖ်က္ဆီးျခင္းမျပဳလုပ္ရန္ ဗဟိုခ်င္းလူငယ္အဖြဲ႔မွ AA အားေတာင္းဆို

ခ်င္းျပည္နယ္အစိုးရ၏ စီမံကိန္းမ်ားႏွင့္ ေဒသဖြ႔ံျဖိဳးေရး လုပ္ငန္းမ်ားကို ဟန္႔တား ဖ်က္ဆီးျခင္းမ်ား မျပဳလုပ္ရန္ AA အဖြဲ႔အား ေတာင္ဆိုးေၾကာင္း ေၾကညာခ်က္ကို ဗဟိုခ်င္းလူငယ္အဖြဲ႔က ယေန႔ရက္စြဲျဖင့္ ထုတ္ျပန္ခဲ့သည္။
 
ဗဟိုခ်င္းလူငယ္မ်ားအဖြဲ႔မွ ဒုဥကၠ႒ ဆလိုင္းထန္းလြမ္းက `ပလက္၀က တံတားေလ။ အဲဒီဥစၥာကလည္း သေဘၤာမီးရႈိ႕ခံရ။ ပစ္ခတ္ခံရတဲ့ ေနာက္ပိုင္း ယေန႔အထိ္ အစိုးရ အေနနဲ႔ေရာ မလုပ္နိုင္ဘူး။ မျပီးနိုင္ေသးဘူး ဆိုတာ ယေန႔အထိ မ်က္ျမင္ကိုယ္ေတြ႔ ပါပဲ။ ျပီးေတာ့ အိႏိၵယ-ျမန္မာ ဇိုရမ္ပူရ္လမ္းေပါ့။ အဲဒီဥစၥာကလည္း ရပ္တန္႔ေန တယ္။ အခုအထိ ျမန္မာ-အစိုးရနဲ႔ အိႏၵိယအစိုးရ လုပ္ငန္း အေကာင္အထည္ေဖၚ ေဆာင္ရြက္ နိုင္ျခင္း မရွိေသးဘူး` ဟု The Ladies News သို႔ ေျပာၾကားသည္။
 
ဗဟိုခ်င္းလူငယ္အဖြဲ႔၏ ထုတ္ျပန္ခ်က္ထဲတြင္ ခ်င္းျပည္နယ္ႏွင့္ ရခိုင္ျပည္နယ္သည္ ဘ၀တူ ဒုကၡဆင္းရဲခံ ျပည္နယ္ျဖစ္သည္ကို ငဲ့ညာေသာ အားျဖင့္ ခ်င္းျပည္နယ္၏ အစိုးရ စီမံကိန္းျဖစ္ေသာ လမ္း၊ တံတား၊ အျခား ဖြံ႔ျဖိဳးေရးအစီအစဥ္မ်ား၊ လူထုႏွင့္ သက္ဆိုင္ေသာေနရာ ၊ အေဆာက္အအံုမ်ား၊ လမ္းပန္း ဆက္သြယ္ေရး စသည့္ အဟန္႔အတားႏွင့္ ထိခိုက္ဖ်က္ဆီးျခင္း မျပဳလုပ္ပါရန္ႏွင့္ သိရွိနားလည္မႈ ေပးနိုင္မည္ကို ေမွ်ာ္လင့္ေၾကာင္း သေဘာထား ထုတ္ျပန္လုိက္ပါသည္ဟု ေဖၚျပထားသည္။
 
`ေဒသတြင္း အၾကီးစား၊ အေသးစာ လမ္းပန္းဆက္သြယ္ေရးနဲ႔ ပတ္သက္တဲ့ လမ္းေဖါက္လုပ္တဲ့ ကုမၸဏီ အေသးေလးေတြေပါ့။ အဲဒါေတြကလည္း ေၾကာက္ရြံ႕ မႈေတြ ရွိေနတယ္။ သူတို႔ လြတ္လြတ္လပ္လပ္ ကုမၸဏီရဲ႕ လုပ္ထံုးလုပ္နည္းအရ ေဆာင္ရြက္လို႔ရတဲ့ အပိုင္းေတြ မရွိဘူးျဖစ္ေနတယ္။ ခ်င္းျပည္နယ္ ပလက္၀ျမိဳ့နယ္ရဲ႕ ေဒသဖြံ႕ျဖိဳးေရး ျဖစ္ေနတဲ့အခါက်ေတာ့ ေတာ္လွန္ေရးနဲ႔ ကၽြန္ေတာ္တို႔ အေနနဲ႔ေတာ့ မပတ္သက္ဘူးလို႔ ယူဆတယ္။ အဲဒီအတြက္ေၾကာင့္ ေဒသဖြံ႔ျဖိဳးေရး လုပ္ငန္းနဲ႔ ပတ္သက္တဲ့ဟာေတြကို အစိုးကလုပ္ေနတဲ့ အပိုင္းေတြမွာ လြတ္လြတ္လပ္လပ္ လုပ္ေဆာင္နိုင္ဖို႔ ကၽြန္ေတာ္တို႔ တိုက္တြန္းတဲ့ အေနနဲ႔ ေတာင္းဆိုတဲ့ အခ်က္ထဲမွာ ထည့္ထားတာျဖစ္တယ္` ဟု ဆလိုင္းထန္းလြမ္က ေျပာၾကားသည္။
 
ျပီးခဲ့သည့္ နို၀င္ဘာလအတြင္းက လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေ၀ွ႔တင္းႏွင့္ အတူ ပလက္၀- ဇိုရမ္ပူရ္ လမ္း စီမံကိန္းမွာ အိႏၵိယ နိုင္ငံသား ၅ ဦး AA ၏ ဖမ္းဆီးျခင္းကို ခံခဲ့ရျပီး၊ ဖမ္းဆီးထားစဥ္ အတြင္း၌ အိႏိၵယ နိုင္ငံသား တစ္ဦးေသဆံုးသည့္ ျဖစ္စဥ္လည္း ျဖစ္ပြားခဲ့သည္။
 
အျခိမ္းေျခာက္ခံ ေဒသခံေခါင္းေဆာင္မ်ားကို ဆက္လက္ ဖမ္းဆီးျခင္းမ်ား မျပဳလုပ္ရန္ႏွင့္ ခ်င္းလူမ်ိဳးမ်ား အပါအ၀င္ အျပစ္မဲ့ဖမ္းဆီး ထိန္းသိမ္းထားေသာ သူမ်ားကို အျမန္းဆံုး ျပန္လႊတ္ေပးရန္လည္း ဗဟိုခ်င္းလူငယ္ အဖြဲ႔က AA ထံ ေတာင္းဆိုထားသည္။
 
လက္ရွိအခ်ိန္တြင္ ပလက္၀ျမိဳ့နယ္အတြင္း၌ ညမထြက္ရ အမိန္႔ကို ထုတ္ျပန္ထားျပီး စစ္ေဘးေရွာင္ဦးေရမွာ ေလးေထာင္ႏွင့္ မနည္းရွိေနေၾကာင္း ခ်င္းျပည္နယ္ အစိုးရအဖြဲ႔ထံမွ သိရွိရသည္။
 
ေအာင္ရဲေနာင္
The Ladies News
#Unicode
ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဖျက်ဆီးခြင်းမပြုလုပ်ရန် ဗဟိုချင်းလူငယ်အဖွဲ့မှ AA အားတောင်းဆို
--- --- ---
ချင်းပြည်နယ်အစိုးရ၏ စီမံကိန်းများနှင့် ဒေသဖွ့ံဖြိုးရေး လုပ်ငန်းများကို ဟန့်တား ဖျက်ဆီးခြင်းများ မပြုလုပ်ရန် AA အဖွဲ့အား တောင်ဆိုးကြောင်း ကြေညာချက်ကို ဗဟိုချင်းလူငယ်အဖွဲ့က ယနေ့ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။
 
ဗဟိုချင်းလူငယ်များအဖွဲ့မှ ဒုဥက္ကဋ္ဌ ဆလိုင်းထန်းလွမ်းက `ပလက်ဝက တံတားလေ။ အဲဒီဥစ္စာကလည်း သင်္ဘောမီးရှို့ခံရ။ ပစ်ခတ်ခံရတဲ့ နောက်ပိုင်း ယနေ့အထိ် အစိုးရ အနေနဲ့ရော မလုပ်နိုင်ဘူး။ မပြီးနိုင်သေးဘူး ဆိုတာ ယနေ့အထိ မျက်မြင်ကိုယ်တွေ့ ပါပဲ။ ပြီးတော့ အိန္ဒိယ-မြန်မာ ဇိုရမ်ပူရ်လမ်းပေါ့။ အဲဒီဥစ္စာကလည်း ရပ်တန့်နေ တယ်။ အခုအထိ မြန်မာ-အစိုးရနဲ့ အိန္ဒိယအစိုးရ လုပ်ငန်း အကောင်အထည်ဖေါ် ဆောင်ရွက် နိုင်ခြင်း မရှိသေးဘူး` ဟု The Ladies News သို့ ပြောကြားသည်။
 
ဗဟိုချင်းလူငယ်အဖွဲ့၏ ထုတ်ပြန်ချက်ထဲတွင် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်သည် ဘဝတူ ဒုက္ခဆင်းရဲခံ ပြည်နယ်ဖြစ်သည်ကို ငဲ့ညာသော အားဖြင့် ချင်းပြည်နယ်၏ အစိုးရ စီမံကိန်းဖြစ်သော လမ်း၊ တံတား၊ အခြား ဖွံ့ဖြိုးရေးအစီအစဉ်များ၊ လူထုနှင့် သက်ဆိုင်သောနေရာ ၊ အဆောက်အအုံများ၊ လမ်းပန်း ဆက်သွယ်ရေး စသည့် အဟန့်အတားနှင့် ထိခိုက်ဖျက်ဆီးခြင်း မပြုလုပ်ပါရန်နှင့် သိရှိနားလည်မှု ပေးနိုင်မည်ကို မျှော်လင့်ကြောင်း သဘောထား ထုတ်ပြန်လိုက်ပါသည်ဟု ဖေါ်ပြထားသည်။
 
`ဒေသတွင်း အကြီးစား၊ အသေးစာ လမ်းပန်းဆက်သွယ်ရေးနဲ့ ပတ်သက်တဲ့ လမ်းဖေါက်လုပ်တဲ့ ကုမ္ပဏီ အသေးလေးတွေပေါ့။ အဲဒါတွေကလည်း ကြောက်ရွံ့ မှုတွေ ရှိနေတယ်။ သူတို့ လွတ်လွတ်လပ်လပ် ကုမ္ပဏီရဲ့ လုပ်ထုံးလုပ်နည်းအရ ဆောင်ရွက်လို့ရတဲ့ အပိုင်းတွေ မရှိဘူးဖြစ်နေတယ်။ ချင်းပြည်နယ် ပလက်ဝမြို့နယ်ရဲ့ ဒေသဖွံ့ဖြိုးရေး ဖြစ်နေတဲ့အခါကျတော့ တော်လှန်ရေးနဲ့ ကျွန်တော်တို့ အနေနဲ့တော့ မပတ်သက်ဘူးလို့ ယူဆတယ်။ အဲဒီအတွက်ကြောင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းနဲ့ ပတ်သက်တဲ့ဟာတွေကို အစိုးကလုပ်နေတဲ့ အပိုင်းတွေမှာ လွတ်လွတ်လပ်လပ် လုပ်ဆောင်နိုင်ဖို့ ကျွန်တော်တို့ တိုက်တွန်းတဲ့ အနေနဲ့ တောင်းဆိုတဲ့ အချက်ထဲမှာ ထည့်ထားတာဖြစ်တယ်` ဟု ဆလိုင်းထန်းလွမ်က ပြောကြားသည်။
 
ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းနှင့် အတူ ပလက်ဝ- ဇိုရမ်ပူရ် လမ်း စီမံကိန်းမှာ အိန္ဒိယ နိုင်ငံသား ၅ ဦး AA ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး၊ ဖမ်းဆီးထားစဉ် အတွင်း၌ အိန္ဒိယ နိုင်ငံသား တစ်ဦးသေဆုံးသည့် ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့သည်။
 
အခြိမ်းခြောက်ခံ ဒေသခံခေါင်းဆောင်များကို ဆက်လက် ဖမ်းဆီးခြင်းများ မပြုလုပ်ရန်နှင့် ချင်းလူမျိုးများ အပါအဝင် အပြစ်မဲ့ဖမ်းဆီး ထိန်းသိမ်းထားသော သူများကို အမြန်းဆုံး ပြန်လွှတ်ပေးရန်လည်း ဗဟိုချင်းလူငယ် အဖွဲ့က AA ထံ တောင်းဆိုထားသည်။
 
လက်ရှိအချိန်တွင် ပလက်ဝမြို့နယ်အတွင်း၌ ညမထွက်ရ အမိန့်ကို ထုတ်ပြန်ထားပြီး စစ်ဘေးရှောင်ဦးရေမှာ လေးထောင်နှင့် မနည်းရှိနေကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့ထံမှ သိရှိရသည်။
 
အောင်ရဲနောင်
The Ladies News

 

Vote: 
No votes yet

Add new comment