ျပည္ခိုင္ၿဖိဳးပါတီျပန္လည္တာ၀န္ယူရပါက ျပည္တြင္းေရး ၀င္ေရာက္စြက္ဖက္သည့္ ႏုိင္ငံတကာမွ လူ၊ ပုဂၢိဳလ္၊ အဖဲြ႔အစည္းမ်ားကို ျပန္လႊတ္မည္

ျပည္ခိုင္ၿဖိဳးပါတီ ျပန္လည္ တာ၀န္ယူရပါက ျပည္တြင္းေရးကို ၀င္ေရာက္စြက္ဖက္မႈမ်ား လုပ္ေနသည့္ ႏုိင္ငံတကာမွ လူ၊ ပုဂၢိဳလ္၊ အဖဲြ႔အစည္းမ်ားကို ျပန္လည္စိစစ္ၿပီး သက္ဆိုင္ရာ ေနရာမ်ားသို႕ ျပန္လႊတ္သင့္လွ်င္ လႊတ္ရမည္ဟု ျပည္ခိုင္ၿဖိဳးပါတီ ဗဟိုအလုပ္အမႈေဆာင္ ဦး၀ဏၰေမာင္လြင္က ေျပာၾကားလိုက္သည္။
 
မႏၱေလးတုိင္းေဒသႀကီး၊ မလိႈင္ၿမိဳ႕နယ္၊ ေႏွာကန္ေက်းရြာ တြင္ျပဳုလုပ္သည့္ ျပည္ခိုင္ၿဖိဳး ပါတီ၀င္ အသိအမွတ္ျပဳကတ္ျပား ေပးအပ္ပြဲ အခမ္းအနားတြင္ ဦး၀ဏၰေမာင္လြင္က ယင္းသို႕ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။
 
လြတ္လပ္သည့္ ႏိုင္ငံတစ္ႏိုင္ငံျဖစ္ျခင္းေၾကာင့္ လြတ္လပ္ေရးႏွင့္ အခ်ဳပ္အျခာ အာဏာပိုင္ဆိုင္မႈကို ျပည္ပမွ တိုက္ရိုက္ျဖစ္ေစ၊သြယ္၀ိုက္၍ျဖစ္ေစ ၀င္ေရာက္စြက္ဖက္ ေနသည့္ ကိစၥရပ္မ်ားအားလုံးကို ျပန္လည္စိစစ္မည္ျဖစ္ေၾကာင္း၊ ၀င္ေရာက္စြက္ဖက္ ခြင့္ရေအာင္ ေဆာင္ရြက္ေနသည့္ ျပည္တြင္းကို ေရာက္ရွိေနသည့္ ႏိုင္ငံတကာ အဖြဲ႕အစည္းမ်ား အားလုံးကို ျပန္လည္စိစစ္မည္ဟု ဦး၀ဏၰေမာင္လြင္က ေျပာၾကားသည္။
 
“ကၽြန္ေတာ္တို႔ ျပန္လည္စိစစ္ပါမယ္။ မိမိျပည္တြင္းေရးကို ၀င္ေရာက္ စြက္ဖက္ေန တယ္ဆိုတ ဲ့သူေတြကို ျပန္လည္စိစစ္ၿပီး သူတို႔ သက္ဆိုင္ရာေနရာေတြကို ျပန္လႊတ္သင့္ရင္လည္း လႊတ္ရပါလိမ့္မယ္” ဟု ဦး၀ဏၰေမာင္လြင္က”ေျပာသည္။
 
အမ်ိဳးသားအက်ိဳးစီးပြားကို ထိခိုက္ေစသည့္လုပ္ငန္း အခ်ဳပ္အျခာအာဏာကို ထိခိုက္ေစ သည့္ လုပ္ရပ္မ်ားကို တိုက္ရိုက္ျဖစ္ေစ၊ သြယ္၀ိုက္ျဖစ္ေစ ပါ၀င္ပတ္ သက္ေနသည့္ ႏိုင္ငံျခားျပည္ပ ၾသဇာလႊမ္းမိုးေအာင္ ႀကိဳးစားေနသည့္ လူ၊ပုဂၢိဳလ္၊ အဖြဲ႕အစည္းအားလုံးသည္အမ်ိဳးသား အက်ိဳးစီးပြားကို ထိခိုက္ေစႏိုင္သူ မ်ားျဖစ္သည့္ အတြက္ အားလုံးကို ျပန္လည္စိစစ္ သြားမည္ျဖစ္ေၾကာင္းလည္း ဦး၀ဏၰေမာင္လြင္က ဆက္လက္ေျပာၾကားခဲ့သည္။
 
The Ladies News
#Unicode
ပြည်ခိုင်ဖြိုးပါတီပြန်လည်တာဝန်ယူရပါက ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်သည့် နိုင်ငံတကာမှ လူ၊ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကို ပြန်လွှတ်မည်
--- --- ---
ပြည်ခိုင်ဖြိုးပါတီ ပြန်လည် တာဝန်ယူရပါက ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှုများ လုပ်နေသည့် နိုင်ငံတကာမှ လူ၊ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကို ပြန်လည်စိစစ်ပြီး သက်ဆိုင်ရာ နေရာများသို့ ပြန်လွှတ်သင့်လျှင် လွှတ်ရမည်ဟု ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏမောင်လွင်က ပြောကြားလိုက်သည်။
 
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ နှောကန်ကျေးရွာ တွင်ပြုုလုပ်သည့် ပြည်ခိုင်ဖြိုး ပါတီဝင် အသိအမှတ်ပြုကတ်ပြား ပေးအပ်ပွဲ အခမ်းအနားတွင် ဦးဝဏ္ဏမောင်လွင်က ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
 
လွတ်လပ်သည့် နိုင်ငံတစ်နိုင်ငံဖြစ်ခြင်းကြောင့် လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို ပြည်ပမှ တိုက်ရိုက်ဖြစ်စေ၊သွယ်ဝိုက်၍ဖြစ်စေ ဝင်ရောက်စွက်ဖက် နေသည့် ကိစ္စရပ်များအားလုံးကို ပြန်လည်စိစစ်မည်ဖြစ်ကြောင်း၊ ဝင်ရောက်စွက်ဖက် ခွင့်ရအောင် ဆောင်ရွက်နေသည့် ပြည်တွင်းကို ရောက်ရှိနေသည့် နိုင်ငံတကာ အဖွဲ့အစည်းများ အားလုံးကို ပြန်လည်စိစစ်မည်ဟု ဦးဝဏ္ဏမောင်လွင်က ပြောကြားသည်။
 
“ကျွန်တော်တို့ ပြန်လည်စိစစ်ပါမယ်။ မိမိပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်နေ တယ်ဆိုတ ဲ့သူတွေကို ပြန်လည်စိစစ်ပြီး သူတို့ သက်ဆိုင်ရာနေရာတွေကို ပြန်လွှတ်သင့်ရင်လည်း လွှတ်ရပါလိမ့်မယ်” ဟု ဦးဝဏ္ဏမောင်လွင်က”ပြောသည်။
 
အမျိုးသားအကျိုးစီးပွားကို ထိခိုက်စေသည့်လုပ်ငန်း အချုပ်အခြာအာဏာကို ထိခိုက်စေ သည့် လုပ်ရပ်များကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ပါဝင်ပတ် သက်နေသည့် နိုင်ငံခြားပြည်ပ သြဇာလွှမ်းမိုးအောင် ကြိုးစားနေသည့် လူ၊ပုဂ္ဂိုလ်၊ အဖွဲ့အစည်းအားလုံးသည်အမျိုးသား အကျိုးစီးပွားကို ထိခိုက်စေနိုင်သူ များဖြစ်သည့် အတွက် အားလုံးကို ပြန်လည်စိစစ် သွားမည်ဖြစ်ကြောင်းလည်း ဦးဝဏ္ဏမောင်လွင်က ဆက်လက်ပြောကြားခဲ့သည်။
 
The Ladies News


 

 

Vote: 
No votes yet

Add new comment