အစိုးရအလုပ္လုပ္သည့္ အခ်ိန္ သြားသည့္လာသည့္ေနရာတြင္ ယခင္ကေလာက္ လြတ္လြတ္လပ္လပ္ မရွိ ဟု ေဒၚေအာင္ဆန္းစုၾကည္ေျပာၾကား

ျပည္သူလူထုနဲ႔ထိေတြ႕ဖို့က တာဝန္တစ္ခုျဖစ္သလို ကၽြန္မအတြက္ စိတ္ခ်မ္းသာမွု တစ္ခုလည္း ျဖစ္ပါတယ္။
.
အစိုးရအလုပ္လုပ္သည့္အခ်ိန္ သြားသည့္ လာသည့္ေနရာတြင္ ယခင္ကေလာက္ လြတ္လြတ္လပ္လပ္ မရွိေတာ့ေၾကာင္း ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က တမူးၿမိဳ႕ေဒသခံမ်ားႏွင့္ေတြ႕ဆုံစဥ္ေျပာၾကားခဲ့သည္။
 
“တကယ္ေတာ့ အစိုးရ အလုပ္လုပ္တဲ့အခ်ိန္မွာ အရင္တုန္းကေလာက္ သြားတဲ့၊ လာတဲ့ေနရာမွာ လြတ္လြတ္လပ္လပ္ မရွိပါဘူး။ အရင္တုန္းက ကားလမ္းကသြား မယ္ဆိုရင္ လမ္းကရြာေလးေတြကိုရပ္ၿပီး ရြာသူရြာသားေတြနဲ႔ စကားေျပာရတာ အင္မတန္မွ တန္ဖိုးရွိ ပါတယ္။ ရြာသူရြာသားေတြကလည္း သူတို့ စိတ္ထဲမွာရွိတဲ့ လိုအပ္ခ်က္ကေလးေတြ၊ စိုးရိမ္ မွုေလးေတြကို ပြင့္ပြင့္လင္းလင္း ေျပာနိုင္ပါတယ္။ ကၽြန္မတို့ကလည္း ကၽြန္မတို့ရဲ့ ရည္ရြယ္ ခ်က္ေတြနဲ႔ နိုင္ငံေရးအျမင္ေတြကို ဖလွယ္နိုင္ ပါတယ္။”ဟုေဒၚေအာင္ဆန္းစုၾကည္ကေျပာသည္။
 
ထို႕အတူ ႏိုင္ငံေရး လုပ္ေနသူသည္ ျပည္သူမ်ားႏွင့္ ႏိုင္ငံေရးဖလွယ္ဖို႕က တာ၀န္ တစ္ခုျဖစ္ေၾကာင္း၊ ယင္းတာ၀န္ကို လိုလိုလားလား ထမ္းေဆာင္ေနသည္ဟုလည္း ၎ကဆိုသည္။
 
“တာဝန္ တစ္ခုကို ေက်ပြန္ဖို့ဆိုရင္ ဒီတာဝန္ထမ္းေဆာင္ရတဲ့ စိတ္ဓာတ္ဟာ တကယ့္ကို လိုလိုလား လား ရွိရမယ္။ မလုပ္ခ်င္လုပ္ခ်င္နဲ႔ လုပ္ေနလို့မျဖစ္ပါဘူး။ ဒီကိစၥကို လုပ္ေတာ့မယ္ဆိုရင္ စိတ္ပါလက္ပါနဲ႔ ကိုယ့္ရဲ့ ဦးေႏွာက္၊ ႏွလုံးသားနဲ႔ ကာယအစြမ္းေတြ အားလုံးကို သုံးရပါ မယ္။ ဒါမွတာဝန္ကို ေက်ပြန္ေအာင္ျမင္နိုင္မွာ ျဖစ္ပါတယ္။
 
ျပည္သူလူထုနဲ႔ထိေတြ႕ဖို့က တာဝန္တစ္ခုျဖစ္သလို ကၽြန္မအတြက္ စိတ္ခ်မ္းသာမွု တစ္ခုလည္း ျဖစ္ပါတယ္။”ဟု ေဒၚေအာင္ဆန္းစုၾကည္ကေျပာသည္။
 
ျပည္သူႏွင့္ မထိေတြ႕ပါက တာ၀န္မေက်ရာေရာက္ေၾကာင္း၊ ျပည္သူအခ်င္းခ်င္းလည္း ယင္းစိတ္မ်ိဳး ထားေစခ်င္ေၾကာင္း ၊ တစ္ဦးႏွင့္ တစ္ဦး နီးနီးကပ္ကပ္ ဆက္ဆံရန္ တစ္ဦးအေပၚ တစ္ဦး ေစတနာ၊ေမတၱာထားရန္မွာ တာ၀န္တစ္ခုျဖစ္သည္။ ယင္းတို႕ကို ေက်ပြန္စြာထမ္းေဆာင္ျခင္းျဖင့္ စိတ္ခ်မ္းသာမႈမ်ား ရရွိႏိုင္သည္ဟုလည္း ၎က ဆိုသည္။
 
“တစ္ေယာက္တည္းအတြက္ မဟုတ္ဘဲနဲ႔ အမ်ားအတြက္ စဥ္းစားပါ။ တစ္ ကေနစၿပီး ေရတြက္လို့မရတဲ့ ဂဏန္းအထိေျပးတဲ့ စိတ္ဓာတ္တစ္ခုကို ေမတၱာ၊ ေစတနာေတြနဲ႔ အတူ အခ်င္းခ်င္းအေပၚမွာထားၾကပါလို့ ေတာင္းဆိုခ်င္ပါတယ္။”ဟု ေဒၚေအာင္ဆန္းစုၾကည္က ဆက္လက္ေျပာၾကားခဲ့သည္။
 
The Ladies News
#Unicode
အစိုးရအလုပ်လုပ်သည့် အချိန် သွားသည့်လာသည့်နေရာတွင် ယခင်ကလောက် လွတ်လွတ်လပ်လပ် မရှိ ဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား
--- --- ---
ပြည်သူလူထုနဲ့ထိတွေ့ဖို့က တာဝန်တစ်ခုဖြစ်သလို ကျွန်မအတွက် စိတ်ချမ်းသာမှု တစ်ခုလည်း ဖြစ်ပါတယ်။
.
အစိုးရအလုပ်လုပ်သည့်အချိန် သွားသည့် လာသည့်နေရာတွင် ယခင်ကလောက် လွတ်လွတ်လပ်လပ် မရှိတော့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တမူးမြို့ဒေသခံများနှင့်တွေ့ဆုံစဉ်ပြောကြားခဲ့သည်။
 
“တကယ်တော့ အစိုးရ အလုပ်လုပ်တဲ့အချိန်မှာ အရင်တုန်းကလောက် သွားတဲ့၊ လာတဲ့နေရာမှာ လွတ်လွတ်လပ်လပ် မရှိပါဘူး။ အရင်တုန်းက ကားလမ်းကသွား မယ်ဆိုရင် လမ်းကရွာလေးတွေကိုရပ်ပြီး ရွာသူရွာသားတွေနဲ့ စကားပြောရတာ အင်မတန်မှ တန်ဖိုးရှိ ပါတယ်။ ရွာသူရွာသားတွေကလည်း သူတို့ စိတ်ထဲမှာရှိတဲ့ လိုအပ်ချက်ကလေးတွေ၊ စိုးရိမ် မှုလေးတွေကို ပွင့်ပွင့်လင်းလင်း ပြောနိုင်ပါတယ်။ ကျွန်မတို့ကလည်း ကျွန်မတို့ရဲ့ ရည်ရွယ် ချက်တွေနဲ့ နိုင်ငံရေးအမြင်တွေကို ဖလှယ်နိုင် ပါတယ်။”ဟုဒေါ်အောင်ဆန်းစုကြည်ကပြောသည်။
 
ထို့အတူ နိုင်ငံရေး လုပ်နေသူသည် ပြည်သူများနှင့် နိုင်ငံရေးဖလှယ်ဖို့က တာဝန် တစ်ခုဖြစ်ကြောင်း၊ ယင်းတာဝန်ကို လိုလိုလားလား ထမ်းဆောင်နေသည်ဟုလည်း ၎င်းကဆိုသည်။
 
“တာဝန် တစ်ခုကို ကျေပွန်ဖို့ဆိုရင် ဒီတာဝန်ထမ်းဆောင်ရတဲ့ စိတ်ဓာတ်ဟာ တကယ့်ကို လိုလိုလား လား ရှိရမယ်။ မလုပ်ချင်လုပ်ချင်နဲ့ လုပ်နေလို့မဖြစ်ပါဘူး။ ဒီကိစ္စကို လုပ်တော့မယ်ဆိုရင် စိတ်ပါလက်ပါနဲ့ ကိုယ့်ရဲ့ ဦးနှောက်၊ နှလုံးသားနဲ့ ကာယအစွမ်းတွေ အားလုံးကို သုံးရပါ မယ်။ ဒါမှတာဝန်ကို ကျေပွန်အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။
 
ပြည်သူလူထုနဲ့ထိတွေ့ဖို့က တာဝန်တစ်ခုဖြစ်သလို ကျွန်မအတွက် စိတ်ချမ်းသာမှု တစ်ခုလည်း ဖြစ်ပါတယ်။”ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။
 
ပြည်သူနှင့် မထိတွေ့ပါက တာဝန်မကျေရာရောက်ကြောင်း၊ ပြည်သူအချင်းချင်းလည်း ယင်းစိတ်မျိုး ထားစေချင်ကြောင်း ၊ တစ်ဦးနှင့် တစ်ဦး နီးနီးကပ်ကပ် ဆက်ဆံရန် တစ်ဦးအပေါ် တစ်ဦး စေတနာ၊မေတ္တာထားရန်မှာ တာဝန်တစ်ခုဖြစ်သည်။ ယင်းတို့ကို ကျေပွန်စွာထမ်းဆောင်ခြင်းဖြင့် စိတ်ချမ်းသာမှုများ ရရှိနိုင်သည်ဟုလည်း ၎င်းက ဆိုသည်။
 
“တစ်ယောက်တည်းအတွက် မဟုတ်ဘဲနဲ့ အများအတွက် စဉ်းစားပါ။ တစ် ကနေစပြီး ရေတွက်လို့မရတဲ့ ဂဏန်းအထိပြေးတဲ့ စိတ်ဓာတ်တစ်ခုကို မေတ္တာ၊ စေတနာတွေနဲ့ အတူ အချင်းချင်းအပေါ်မှာထားကြပါလို့ တောင်းဆိုချင်ပါတယ်။”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားခဲ့သည်။
 
The Ladies News


 

 

Vote: 
No votes yet

Add new comment