ဂမ္ဘီယာနိုင္ငံက ျမန္မာနိုင္ငံအေပၚ ၾကားျဖတ္စီမံေဆာင္ရြက္ခ်က္မ်ား ခ်မွတ္ေပးရန္ ေလၽွာက္ထားခ်က္အေပၚ အျပည္ျပည္ဆိုင္ရာတရား႐ုံး၏ ဆုံးျဖတ္ခ်က္ႏွင့္ပတ္သက္သည့္ သတင္းထုတ္ျပန္ခ်က္

အျပည္ျပည္ဆိုင္ရာတရား႐ုံး၏ ဆုံးျဖတ္ခ်က္ကို ျမန္မာနိုင္ငံက မွတ္သားထားရွိ ရခိုင္ျပည္နယ္၌ လူမ်ိဳးျပဳန္းတီးေစရန္ ေဆာင္ရြက္မႈမရွိ
 
ဂမ္ဘီယာနိုင္ငံက ျမန္မာနိုင္ငံအေပၚ ၾကားျဖတ္စီမံေဆာင္ရြက္ခ်က္မ်ား ခ်မွတ္ေပးရန္ အျပည္ျပည္ဆိုင္ရာတရား႐ုံးသို႔ ေလၽွာက္ထားခ်က္ႏွင့္ ပတ္သက္၍ ယေန႔ အျပည္ျပည္ဆိုင္ရာ တရား႐ုံးက ခ်မွတ္ခဲ့သည့္ ဆုံးျဖတ္ခ်က္အေပၚ ျမန္မာနိုင္ငံ အစိုးရအေနျဖင့္ မွတ္သားထားရွိသည္။
 
၂၀၁၆-၂၀၁၇ ခုႏွစ္အတြင္း ရခိုင္ျပည္နယ္တြင္ လူမ်ိဳးျပဳန္းတီးေစမႈမ်ား ျဖစ္ပြားခဲ့ေၾကာင္း ဂမ္ဘီယာနိုင္ငံ၏ စြပ္စြဲခ်က္ျဖင့္ တရား႐ုံးသို႔ တင္ျပထားသည့္ အမႈကိစၥႏွင့္ပတ္သက္၍ အျပည္ျပည္ဆိုင္ရာတရား႐ုံးမွ တရားသူႀကီးမ်ားအေနျဖင့္ မွန္ကန္သည့္အခ်က္အလက္မ်ား ရရွိနိုင္ေရးကို အေထာက္အကူျပဳေစရန္အတြက္ အျပည္ျပည္ဆိုင္ရာ တရား႐ုံး ေရွ႕ေမွာက္တြင္ ျမန္မာနိုင္ငံမွ တက္ေရာက္ ရွင္းလင္း ခဲ့ၿပီးျဖစ္သည္။ မၾကာေသးမီက ထုတ္ျပန္ခဲ့သည့္ လြတ္လပ္ေသာ စုံစမ္းစစ္ေဆးေရး ေကာ္မရွင္ (Independent Commission of Enquiry - ICOE)၏ အစီရင္ခံစာတြင္ ေကာက္ခ်က္ခ်ထားသကဲ့သို႔ ရခိုင္ျပည္နယ္၌ လူမ်ိဳးျပဳန္းတီးေစရန္ မည္သည့္ က်ဴးလြန္လုပ္ေဆာင္ ခ်က္မ်ိဳးမၽွ ျဖစ္ပြားျခင္း မရွိခဲ့ပါ။ စစ္မက္ပဋိပကၡဆိုင္ရာ ရာဇဝတ္မႈ က်ဴးလြန္မႈမ်ားရွိသည္ဟု ေကာ္မရွင္က ေတြ႕ရွိခဲ့ၿပီး ယင္းရာဇဝတ္မႈ မ်ားကို ျမန္မာနိုင္ငံ၏ ရာဇဝတ္မႈဆိုင္ရာ တရားစီရင္မႈစနစ္အရ စုံစမ္းစစ္ေဆး အေရးယူလ်က္ရွိသည္။
 
ယခုအမႈကိစၥတြင္ မူလေလၽွာက္ထားခ်က္၏ ခိုင္လုံမႈႏွင့္ပတ္သက္၍ အျပည္ျပည္ဆိုင္ရာ တရား႐ုံးအေနျဖင့္ အခ်က္အလက္မွန္မ်ားကို အေျခခံကာ မွန္ကန္သည့္ စီရင္ဆုံးျဖတ္ခ်က္ ခ်မွတ္သြားေရးမွာ ျမန္မာနိုင္ငံအတြက္ အေရးႀကီးသည္။
 
လူ႔အခြင့္အေရးလႈပ္ရွားသူအခ်ိဳ႕က တင္သြင္းခဲ့ၾကသည့္ အေထာက္အထား ခိုင္လုံမႈမရွိသည့္ စြပ္စြဲမႈမ်ား၊ ရႈတ္ခ်မႈမ်ားေၾကာင့္ ရခိုင္ျပည္နယ္၏ အေျခအေနကို လိုရာဆြဲ၍ လြဲမွားစြာ ပုံေဖာ္လ်က္ ရွိေနသည့္အတြက္ ျမန္မာနိုင္ငံႏွင့္ အျခားေသာနိုင္ငံမ်ား ၏ ဆက္ဆံေရးအေပၚ ထိခိုက္မႈမ်ား ျဖစ္ေစခဲ့သည္။ ယင္းသို႔ေသာ အေျခအေနမ်ားသည္ ရခိုင္ျပည္နယ္ ေရရွည္တည္တံ့ခိုင္ျမဲေသာ ဖြံ့ၿဖိဳးတိုးတက္ေရးအတြက္ အေျခခံေကာင္းမ်ား ခ်မွတ္ရန္ ျမန္မာနိုင္ငံ၏ ႀကိဳးပမ္းေဆာင္ရြက္ေနမႈမ်ားအေပၚ အဟန္႔အတား ျဖစ္ေစခဲ့သည္။
အျပည္ျပည္ဆိုင္ရာ တရား႐ုံးအေနျဖင့္ အမႈကိစၥကို စတင္ကိုင္တြယ္ ေဆာင္ရြက္ခ်ိန္တြင္ အကာအကြယ္ေပးေရး အစီအမံမ်ားခ်မွတ္ရန္ ပ်က္ကြက္ခဲ့သည္ဟု စြပ္စြဲခံရနိုင္သည့္ အလားအလာမ်ားမွ ကာကြယ္နိုင္ရန္ ၾကားျဖတ္ စီမံေဆာင္ရြက္ခ်က္မ်ားကို ခ်မွတ္ခဲ့ေလ့ ရွိေသာ အစဥ္အလာရွိသည္ကိုလည္း မိမိတို႔အားလုံးအေနျဖင့္ သိရွိထားသင့္သည္။ “တရား႐ုံး၏ ယေန႔ ဆုံးျဖတ္ခ်က္သည္ ယင္းအမႈ၏ ဆီေလ်ာ္ခိုင္မာမႈ (merits) အား တရား႐ုံးက စီရင္ဆုံးျဖတ္ပိုင္ခြင့္ ရွိ-မရွိ အေပၚ တြင္လည္းေကာင္း၊ ေလၽွာက္ထားသည့္အမႈကို လက္ခံ ၾကားနာခြင့္ ရွိ-မရွိႏွင့္ စပ္လ်ဥ္း၍ လည္းေကာင္း၊ အမႈ၏ ဆီေလ်ာ္ ခိုင္မာမႈ (merits) ႏွင့္ပတ္သက္၍ လည္းေကာင္း၊ ႀကိဳတင္ဆုံးျဖတ္ သည့္သေဘာ လုံးဝ သက္ေရာက္ေစမည္ မဟုတ္ေၾကာင္း” အျပည္ျပည္ဆိုင္ရာ တရား႐ုံးက အတည္ ျပဳ ေျပာၾကားခဲ့သည္။
 
Credut - နိုင္ငံျခားေရးဝန္ႀကီးဌာန
The Ladies News
#Unicode
ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် ကြားဖြတ်စီမံဆောင်ရွက်ချက်များ ချမှတ်ပေးရန် လျှောက်ထားချက်အပေါ် အပြည်ပြည်ဆိုင်ရာတရားရုံး၏ ဆုံးဖြတ်ချက်နှင့်ပတ်သက်သည့် သတင်းထုတ်ပြန်ချက်
---- ----- -----
 
အပြည်ပြည်ဆိုင်ရာတရားရုံး၏ ဆုံးဖြတ်ချက်ကို မြန်မာနိုင်ငံက မှတ်သားထားရှိ ရခိုင်ပြည်နယ်၌ လူမျိုးပြုန်းတီးစေရန် ဆောင်ရွက်မှုမရှိ
 
ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် ကြားဖြတ်စီမံဆောင်ရွက်ချက်များ ချမှတ်ပေးရန် အပြည်ပြည်ဆိုင်ရာတရားရုံးသို့ လျှောက်ထားချက်နှင့် ပတ်သက်၍ ယနေ့ အပြည်ပြည်ဆိုင်ရာ တရားရုံးက ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်အပေါ် မြန်မာနိုင်ငံ အစိုးရအနေဖြင့် မှတ်သားထားရှိသည်။
 
၂၀၁၆-၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ်တွင် လူမျိုးပြုန်းတီးစေမှုများ ဖြစ်ပွားခဲ့ကြောင်း ဂမ်ဘီယာနိုင်ငံ၏ စွပ်စွဲချက်ဖြင့် တရားရုံးသို့ တင်ပြထားသည့် အမှုကိစ္စနှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာတရားရုံးမှ တရားသူကြီးများအနေဖြင့် မှန်ကန်သည့်အချက်အလက်များ ရရှိနိုင်ရေးကို အထောက်အကူပြုစေရန်အတွက် အပြည်ပြည်ဆိုင်ရာ တရားရုံး ရှေ့မှောက်တွင် မြန်မာနိုင်ငံမှ တက်ရောက် ရှင်းလင်း ခဲ့ပြီးဖြစ်သည်။ မကြာသေးမီက ထုတ်ပြန်ခဲ့သည့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် (Independent Commission of Enquiry - ICOE)၏ အစီရင်ခံစာတွင် ကောက်ချက်ချထားသကဲ့သို့ ရခိုင်ပြည်နယ်၌ လူမျိုးပြုန်းတီးစေရန် မည်သည့် ကျူးလွန်လုပ်ဆောင် ချက်မျိုးမျှ ဖြစ်ပွားခြင်း မရှိခဲ့ပါ။ စစ်မက်ပဋိပက္ခဆိုင်ရာ ရာဇဝတ်မှု ကျူးလွန်မှုများရှိသည်ဟု ကော်မရှင်က တွေ့ရှိခဲ့ပြီး ယင်းရာဇဝတ်မှု များကို မြန်မာနိုင်ငံ၏ ရာဇဝတ်မှုဆိုင်ရာ တရားစီရင်မှုစနစ်အရ စုံစမ်းစစ်ဆေး အရေးယူလျက်ရှိသည်။
 
ယခုအမှုကိစ္စတွင် မူလလျှောက်ထားချက်၏ ခိုင်လုံမှုနှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ တရားရုံးအနေဖြင့် အချက်အလက်မှန်များကို အခြေခံကာ မှန်ကန်သည့် စီရင်ဆုံးဖြတ်ချက် ချမှတ်သွားရေးမှာ မြန်မာနိုင်ငံအတွက် အရေးကြီးသည်။
 
လူ့အခွင့်အရေးလှုပ်ရှားသူအချို့က တင်သွင်းခဲ့ကြသည့် အထောက်အထား ခိုင်လုံမှုမရှိသည့် စွပ်စွဲမှုများ၊ ရှုတ်ချမှုများကြောင့် ရခိုင်ပြည်နယ်၏ အခြေအနေကို လိုရာဆွဲ၍ လွဲမှားစွာ ပုံဖော်လျက် ရှိနေသည့်အတွက် မြန်မာနိုင်ငံနှင့် အခြားသောနိုင်ငံများ ၏ ဆက်ဆံရေးအပေါ် ထိခိုက်မှုများ ဖြစ်စေခဲ့သည်။ ယင်းသို့သော အခြေအနေများသည် ရခိုင်ပြည်နယ် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံကောင်းများ ချမှတ်ရန် မြန်မာနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်နေမှုများအပေါ် အဟန့်အတား ဖြစ်စေခဲ့သည်။
အပြည်ပြည်ဆိုင်ရာ တရားရုံးအနေဖြင့် အမှုကိစ္စကို စတင်ကိုင်တွယ် ဆောင်ရွက်ချိန်တွင် အကာအကွယ်ပေးရေး အစီအမံများချမှတ်ရန် ပျက်ကွက်ခဲ့သည်ဟု စွပ်စွဲခံရနိုင်သည့် အလားအလာများမှ ကာကွယ်နိုင်ရန် ကြားဖြတ် စီမံဆောင်ရွက်ချက်များကို ချမှတ်ခဲ့လေ့ ရှိသော အစဉ်အလာရှိသည်ကိုလည်း မိမိတို့အားလုံးအနေဖြင့် သိရှိထားသင့်သည်။ “တရားရုံး၏ ယနေ့ ဆုံးဖြတ်ချက်သည် ယင်းအမှု၏ ဆီလျော်ခိုင်မာမှု (merits) အား တရားရုံးက စီရင်ဆုံးဖြတ်ပိုင်ခွင့် ရှိ-မရှိ အပေါ် တွင်လည်းကောင်း၊ လျှောက်ထားသည့်အမှုကို လက်ခံ ကြားနာခွင့် ရှိ-မရှိနှင့် စပ်လျဉ်း၍ လည်းကောင်း၊ အမှု၏ ဆီလျော် ခိုင်မာမှု (merits) နှင့်ပတ်သက်၍ လည်းကောင်း၊ ကြိုတင်ဆုံးဖြတ် သည့်သဘော လုံးဝ သက်ရောက်စေမည် မဟုတ်ကြောင်း” အပြည်ပြည်ဆိုင်ရာ တရားရုံးက အတည် ပြု ပြောကြားခဲ့သည်။
 
Credut - နိုင်ငံခြားရေးဝန်ကြီးဌာန
The Ladies News

 

Vote: 
No votes yet

Add new comment