တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးတို့ တွေ့ဆုံကာ အကြမ်းဖက်တိုက်ခိုက်မှုအခြေအနေ၊ ငြိမ်းချမ်းရေးကဏ္ဍ နှင့် အခြားကဏ္ဍရပ်များ ဆွေးနွေး

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E.Mr.Chen Hai အား သြဂုတ် ၂၂ ရက်၊ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ ခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန် ထားသည်။
 
အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး သံအမတ်ကြီးနှင့်အတူ တာဝန်ရှိသူများ တက်ရောက် ကြသည်။
 
ထိုသို့တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်တွင် လူ့အခွင့်အရေးချိုးဖောက်မှု များ အကြောင်းပြ၍ နိုင်ငံတကာ မှ မြန်မာနိုင်ငံအပေါ် ဖိအားပေး ဆောင်ရွက်နေမှုများအား တရုတ်နိုင်ငံက လက်မခံဘဲ မြန်မာနိုင်ငံ ဘက်မှ ရပ်တည်ဆောင်ရွက်ပေး လျက်ရှိသည့် အခြေအနေများ၊ ပြင်ဦးလွင်မြို့နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)တို့တွင် အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်များ ဖြစ်ပွားခဲ့သည့် အခြေအနေများ၊ ယင်းအကြမ်း ဖက် တိုက်ခိုက်မှုဖြစ်စဉ်များကို တရုတ်နိုင်ငံက ပြတ်ပြတ်သားသား ကန့်ကွက် ရှုတ်ချ ကြောင်းနှင့် တရုတ်နိုင်ငံ၏ ရပ်တည်ချက် အခြေအနေများ၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ တွင် တရုတ်နိုင်ငံက ကူညီဆောင်ရွက် ပေးလျက်ရှိသည့် အခြေအနေများ၊ ငြိမ်းချမ်းရေး ဆွေးနွေးမှုများ တိုးတက်မှု ရရှိရန်နှင့် လုပ်ဆောင်နိုင်မည့် အခြေအနေများအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
 
The Ladies News

 

Vote: 
No votes yet

Add new comment