A(H1N1) pdm 09 ဖြစ်ပွားမှု နိုင်ငံတစ်ဝန်း သေဆုံးသူ ၄၁ ဦးထိရှိလာ

ရန်ကုန် တိုင်းဒေသကြီးတွင် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဇူလိုင် ၁၁ ရက်ထိ သေဆုံးလူနာ လေးဦးရှိလာပြီး နိုင်ငံတစ်ဝန်းသို့ ရာသီတုပ်ကွေးရောဂါ A(H1N1) pdm 09 ဖြစ်ပွားမှုမှ သေဆုံးသူ ၄၁ ဦးအထိရှိလာပြီဖြစ်ကြောင်း ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ၏ ဓာတ်ခွဲ အတည်ပြုမှု သေဆုံးစာရင်းများ ထုတ်ပြန်ချက်အရသိရသည်။
 
နိုင်ငံနှင့်တစ်ဝန်းတွင် ဇူလိုင် ၁၀ အရက်အထိ သေဆုံးလူနာ ၃၇ ဦးရှိခဲ့ပြီး ဇူလိုင် ၁၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ်တွင် သေဆုံးလူနာ တစ်ဦး၊ မှော်ဘီ မြို့နယ်တွင် သေဆုံးလူနာတစ်ဦး၊ ဆိပ်ကြီးခနောင်တို မြို့နယ်တွင် သေဆုံးလူနာ တစ်ဦး၊ မင်္ဂလာဒုံမြို့နယ်တွင် သေဆုံးလူနာတစ်ဦးတို့ ရှိနေရာ ဓာတ်ခွဲအတည်ပြုချက် အရ ရာသီတုပ်ကွေးရောဂါ A(H1N1) pdm 09 ကြောင့် သေဆုံးခြင်းဖြစ်ကြောင်း သိရသည်။ သေဆုံးမှုများသည် ယခုနှစ် မေလမှစတင်ကာ ဇူလိုင် ၁၁ ရက်အထိ ရှိနေကြောင်း သိရသည်။
 
ယခုအချိန်အခါတွင် နိုင်ငံနှင့်တစ်ဝန်းရာသီတုပ်ကွေးရောဂါ A(H1N1) pdm 09 သံသယဖြင့် ဓာတ်ခွဲ စစ်ဆေးသူ ၅၅၅ ဦး ထိ ရှိလာပြီး ပိုးတွေ့လူနာသည် ၂၀၇ ဦးအထိ ယခင်ထက် တိုးလာသည်။
 
အဆိုပါ ရာသီတုပ်ကွေးရောဂါ A(H1N1) pmd 09 ဖြစ်ပွားနှုန်းသည် ယခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဇူလိုင် ၁၁ ရက်အထိ အသက် ၁၅ နှစ် မှ ၆၅ နှစ် အကြား ၄၉ ရာခိုင်နှုန်း၊ အသက် ၁ နှစ်မှ ၅ နှစ်အထိ ၁၇ ရာခိုင်နှုန်း၊ အသက် ၆၅ နှစ်အထက်တွင် ၁၄ ရာခိုင်နှုန်း၊ အသက် ၅ နှစ်မှ ၁၅ နှစ်တွင် ၁၁ ရာခိုင်နှုန်း၊ အသက် ၁ နှစ်အောက် တွင် ၈ ရာခိုင်နှုန်းဖြစ်ပွားနေကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဗဟိုကူးစက် ရောဂါတိုက်ဖျက်ရေး ဌာနခွဲ၏ ဓာတ်ခွဲအတည်ပြုချက်အရ သိရသည်။
 
The Ladies News

 

Vote: 
No votes yet

Add new comment