လေပြင်းတိုက်ခတ်မှုကြောင့် တိုင်းဒေသကြီး/ပြည်နယ်အချို့ တွင် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက လေပြင်းတိုက်ခတ်မှုကြောင့် တိုင်းဒေသကြီး/ပြည်နယ်အချို့ တွင် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ သတင်းဖော်ပြချက်အရ သိရသည်။
 
ဧပြီလ ၁၆ ရက်နေ့ ည ၁၁ နာရီ ၄၅ မိနစ်အချိန် လေပြင်း တိုက်ခတ်မှုကြောင့် ကန့်ဘလူခရိုင် စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ် ရွာကုန်းကြီးကျေးရွာ၌ နေအိမ် ၃၆ လုံး၊ ဘုန်းကြီးကျောင်း ၁ ကျောင်း အမိုးလန်(တန်ဖိုး ၉၇၀,၀၀၀ ကျပ်ခန့်) ပျက်စီးခဲ့ကြောင်း၊
 
ဧပြီလ ၁၇ ရက်နေ့ မွန်းလွဲ ၃ နာရီ အချိန် သစ်ပင်လဲကျမှုကြောင့် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ဒါလီကျေးရွာသို့ သွယ်တန်းထားသည့် မီးတိုင် ၃ တိုင်(တန်ဖိုး ၄၄၇,၀၀၀ ကျပ်ခန့်)ပျက်စီးခဲ့ကြောင်း၊
 
ဧပြီလ ၁၇ ရက်နေ့ ည ၆ နာရီ ၂၅ မိနစ်မှ၆ နာရီ ၂၅ မိနစ်အထိ လေပြင်းတိုက်ခတ်မှုကြောင့် မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့ နယ် ကျောက်ဆောင်စမ်း ကျေးရွာ၌ စာသင်ကျောင်း ၂ ကျောင်း၊ နေအိမ် ၂၅ လုံး အမိုးလန်(တန်ဖိုး- စိစစ်ဆဲ)ပျက်စီး ခဲ့ကြောင်း၊
 
ဧပြီလ ၁၇ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်မှ ၄ နာရီ ၅၀ မိနစ်အချိန်အထိ လေပြင်းတိုက်ခတ်မှုကြောင့် ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ် နောင်လုံကျေးရွာ၌ ဘုန်းကြီးကျောင်း ၁ ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း ၁ ကျောင်း၊ နေအိမ် ၄၀ လုံး အမိုးလန် ပျက်စီးခဲ့ကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။
 
Credit - ရဲဇာနည်
The Ladies News

 

Vote: 
No votes yet

Add new comment