သံဖြူဇရပ်မှ မန္တလေးသို့ ဘုရားဖူးသွားရောက်မည့်ယာဉ် တိမ်းမှောက်

သံဖြူဇရပ်မှ မန္တလေးသို့ ဘုရားဖူးသွားရောက်မည့်အဌားယာဉ် တစ်စီး ဧပြီ ၁၉ ရက် နံနက် ပိုင်းက နေပြည်တော်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၂၆၇/၆ အနီး တွင် ယာဉ်မောင်း အိပ်ငိုက်၍ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှုးရုံးက သတင်းထုတ်ပြန်သည်။
 
နေပြည်တော်-မန္တလေး လမ်း မိုင်တိုင်အမှတ် ၂၆၇/၆ အနီး တွင်ယာဉ်မောင်း ကိုဆန်းအောင်၊ ၃၇ နှစ်၊ သံဖြူဇရပ်မြို့နေသူ မောင်းနှင်လာသည့်. ယာဉ်အမှတ် YGN BB-4---Probox အဖြူ ရောင်ယာဉ်သည် သံဖြူဇရပ်မှ မန္တလေးသို့ ဦးဇင်း (၁)ပါး၊ ကိုရင် (၈)ပါးအား တင်ဆောင်၍ ဘုရားဖူးရန် မောင်းနှင်လာစဉ် ယာဉ်မောင်း အိပ်ငိုက်၍ အရှိန်မထိန်းနိုင်ဘဲ လမ်းမကြီး၏ညာဘက် မြေသားလမ်းပေါ်တွင် ကာရံထားသော သံဇကာတန်းအား ဝင်ရောက်တိုက်မိတိမ်းမှောက်ကာရပ်တန့်သွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
 
အဆိုပါ ဖြစ်စဉ်တွင် ယာဉ်မောင်းနှင့် ကိုရင် (၆)ပါး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့သဖြင့် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့  ပေပင်လေး စခန်းမှတပ်ဖွဲ့ ဝင်များနှင့် အထောက်အကူပြုအဖွဲ့  များ ကူညီ ဆောင်ရွက်လျက်ရှိကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှုးရုံးက သတင်းထုတ်ပြန်သည်။
 
The Ladies News

 

Vote: 
No votes yet

Add new comment