တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဂျပန်နိုင်ငံဝန်ကြီးချုပ် ၏အထူးအကြံပေးပုဂ္ဂိုလ် H.E. Mr. Hiroto IZUMI တို့တွေ့ဆုံကာ ရခိုင် အရေးနှင့်အခြားကဏ္ဍများဆွေးနွေး

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ဂျပန်နိုင်ငံဝန်ကြီးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် H.E. Mr. Hiroto IZUMI အား မတ်လ ၂၁ ရက်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့် ခန်းမဆောင်၌ လက်ခံ တွေ့ဆုံခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။
 
အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ဂျပန်နိုင်ငံဝန်ကြီးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် နှင့်အတူ မြန်မာနိုင်ငံ ဆိုင်ရာ သံအမတ်ကြီး H.E. Mr. Ichiro နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
 
ထိုသို့ တွေ့ဆုံရာတွင် ပြည်သူများမှ ရွေးချယ်သည့် ပါတီစုံ ဒီမိုကရေစီလမ်းကြောင်း ပေါ်တွင် လျှောက်လှမ်းနိုင်ရေးအတွက် တပ်မတော်မှ ဆောင်ရွက်ခဲ့မှု အခြေအနေများနှင့် ထာဝရ ငြိမ်းချမ်းရေး ရရှိရန်အတွက် ဆောင်ရွက်နေမှု အခြေအနေများ၊ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသမှ တစ်ဖက်နိုင်ငံသို့ ထွက်ခွာသွားသည့် ဘင်္ဂါလီများအား ပြန်လည် လက်ခံနိုင်ရေး ဆောင်ရွက်နေမှုနှင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဂျပန်နိုင်ငံမှ ကူညီဆောင်ရွက်ပေးနေမှုအခြေအနေများ၊ မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေး အတွက် စိုက်ပျိုးရေးကဏ္ဍ၊ နည်းပညာ ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးနှင့် ကုန်သွယ်ရေး ကဏ္ဍများအား မြှင့်တင် ဆောင်ရွက်ရေး၊ နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုမှ တစ်ဆင့် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု မြှင့်တင်ဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များအား ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
 
Credit - တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး
The Ladies News

 

Vote: 
No votes yet

Add new comment