မိုင်းထောင်ဖောက်ခွဲနေသည့် AA အကြမ်းဖက်သောင်းကျန်းသူ များအား ဖမ်းဆီးရမိ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်း AA အကြမ်းဖက် သောင်းကျန်းသူများ စိမ့်ဝင်လှုပ်ရှားမှု မရှိစေရေးနှင့် အဖျက် အမှောင့်လုပ်ငန်းများ မလုပ်နိုင်စေရေးအတွက် တပ်မတော် စစ်ကြောင်းများက နယ်မြေလုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
 
ထိုသို့ဆောင်ရွက်စဉ် မတ်လ ၂၀ ရက်ညနေပိုင်းတွင် ရေစိုးချောင်း ကျေးရွာ၏ အနောက်မြောက်ဘက် ၂ မိုင်ခန့်အကွာ ရေစိုးချောင်း-ဖုန်ညိုလိပ် ကားလမ်းပေါ်၌ အရပ်ဝတ် ၀တ်ဆင်ထားသော AA အကြမ်း ဖက်သောင်းကျန်းသူတစ်ဦး မိုင်းထောင်နေသည်ကို တွေ့ရှိရသဖြင့် လိုက်လံဖမ်းဆီးစဉ်ထွက်ပြေးခဲ့၍ ပစ်ခတ်ဖမ်းဆီးရာ ဓားတစ်ချောင်း၊ ဒေသန္တရနင်းမိုင်းနှစ်လုံးနှင့်အတူ အသေဖမ်းဆီးရမိခဲ့သည်။
 
ဆက်လက်၍ ၎င်းနေ့ညနေပိုင်းတွင်ရေစိုးချောင်းကျေးရွာနှင့် ပတ်ဝန်းကျင်၌ တပ်မတော် စစ်ကြောင်းများက လုံခြုံရေးဆောင် ရွက်စဉ် ကျေးရွာအနီး၌ ရီမုမိုင်းနှစ်လုံးပေါက်ကွဲခဲ့ပြီး မိုင်းပေါက်ကွဲ ခဲ့သည့်နေရာတစ်ဝိုက်ရှင်းလင်းရာ မသင်္ကာဖွယ် အမျိုးသားနှစ်ဦး အား ဖမ်းဆီးရမိသည်။ ဖမ်းဆီးရမိသူနှစ်ဦးသည် ရေစိုးချောင်း ကျေးရွာ ဆယ်အိမ်မှူး၊ ရွာသူ/ရွာသားများ၏ပြောကြားချက်အရ ၎င်းတို့ကျေးရွာမှမဟုတ်ဘဲ မျက်နှာစိမ်းများသာဖြစ်ကြောင်းနှင့် နှစ်ဦးအနက်တစ်ဦးမှာလည်း မူးယစ်ဆေးဝါးသုံးစွဲထားကြောင်း သိရှိရသည်။ ဖမ်းဆီးရမိသူနှစ်ဦးအား လိုအပ်သလိုစစ်ဆေးရန် သက်ဆိုင်ရာသို့ လွှဲပြောင်းပေးပို့စစ်ဆေးလျက်ရှိကြောင်းသိရသည်။ ကျေးရွာသူ/ရွာသားများအနေဖြင့် AA အကြမ်းဖက်သောင်းကျန်း သူများမှ မြို့၊ ရွာအနီး အကြမ်းဖက်လုပ်ရပ်များအပေါ် စိတ်ပျက် ဒေါသထွက်လျက်ရှိကြောင်း သိရသည်။
 
Credit - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
The Ladies News

 

Vote: 
No votes yet

Add new comment