အပြစ်မဲ့ရွာသားတစ်ဦးအား AA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့က ပစ်ခတ်သတ်ဖြတ်

မတ်လ ၁၉ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်ခန့်တွင် ကျောက်တော်မြို့၊ ချမ်းမြေ့နဒီပန်းခြံဆိပ်ကမ်းရှိ စက်လှေ တစ်စင်းပေါ်၌ သေနတ်ဒဏ်ရာဖြင့် လူတစ်ဦးသေဆုံး နေကြောင်း သတင်းရရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့သည်။
 
ထိုသို့သွားရောက်စစ်ဆေးစဉ် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသူမှာ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ထရွန်အိုင်ကျေးရွာနေ ဦးအောင်ကျော်ညွန့် ၅၃ နှစ် (ဘ) ဦးမောင်ဘကျော်၊ ရခိုင်/ဗုဒ္ဓဖြစ်ကြောင်းနှင့် ဦးခေါင်းနောက်စေ့မှ ဖောက်ဝင်၊ ၀ဲမျက်လုံးမှဖောက်ထွက်သေနတ်ဒဏ်ရာဖြင့် သေဆုံးနေကြောင်း သိရှိရသည်။ သေဆုံးရသည့်ဖြစ်စဉ်အား စိစစ်ရာ ဦးအောင်ကျော်ညွန့်သည် မတ်လ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် ကျောက်တော်မြို့သို့ ၎င်းပိုင်စက်လှေဖြင့် တစ်ရွာတည်းနေ မောင်ထွန်းမင်းနှင့်အတူ ဈေးဆိုင်ပစ္စည်းများဝယ်ယူရန်နှင့် နေပြည်တော်တွင် သားဖြစ်သူအား ကျောင်းအပ်၍ပြန်လာမည့် ဇနီး ဖြစ်သူ ဒေါ်ခင်သန်းလှိုင်ကို ကြိုဆိုရန်အတွက်ထွက်ခွာလာခဲ့ပြီး ညနေပိုင်းတွင် ကျောက်တော်မြို့ ချမ်းမြေ့နဒီဆိပ်ကမ်းသို့ ရောက်ရှိခဲ့ကြောင်း သိရှိရသည်။
 
ကျောက်တော်ဆိပ်ကမ်းသို့ရောက်ရှိပြီးနောက် မောင်ထွန်းမင်းအား ကျောက်တော်မြို့တွင်းသို့ ဇနီးဖြစ်သူကို သွားရောက်ခေါ်ဆောင်ရန် စေလွှတ်ခဲ့ပြီး ဦးအောင်ကျော်ညွန့်မှာ စက်လှေပေါ်၌ တစ်ဦးတည်း ကျန်ရှိနေစဉ်ယခုကဲ့သို့သေဆုံးရခြင်းဖြစ်ကြောင်း သိရှိရသည်။
 
ဖြစ်စဉ်ပတ်ဝန်းကျင်နှင့် ထရွန်အိုင်ကျေးရွာနေသူများ ၏ပြောပြချက်အရ ဦးအောင်ကျော်ညွန့်မှာ AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့အား ထောက်ခံအားပေးမှုမရှိသည့်အတွက် ယခုကဲ့သို့ ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်နိုင်ကြောင်း သိရှိရသည်။ AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ၎င်းတို့အား ထောက်ခံအားပေးမှုမရှိသည့် ကျေးရွာ/ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာများ၊ ကျေးရွာသူ/ကျေးရွာသားများအား ကျည်ဆန် ထည့်ထားသည့် ခြိမ်းခြောက်စာပေးပို့ခြင်း၊ ဖမ်းဆီးခေါ်ဆောင်နှိပ် စက်ခြင်း၊ အကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်ခြင်းများ ဆောင်ရွက် လျက်ရှိရာ ထိုသို့မတရားဆောင်ရွက်မှုများအပေါ် ဒေသခံပြည်သူ လူထုများအနေဖြင့်ကျေနပ်မှုမရှိကြကြောင်းနှင့် အကြမ်းဖက် လုပ်ရပ်များ အမြန်ဆုံးရပ်တန့်စေရေး AA အကြမ်းဖက် သောင်းကျန်းသူသတင်းနှင့်ပတ် သက်၍ နီးစပ်ရာလုံခြုံရေး အဖွဲ့အစည်းများသို့ သတင်းပေးပို့ကြပါရန် နှိုးဆော်ထားကြောင်း သိရသည်။
 
Credit - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
The Ladies News

 

Vote: 
No votes yet

Add new comment