၂၀၁၈ ခုနှစ်၏ တွစ်တာပေါ်တွင် သြဇာအလွှမ်းမိုးဆုံး အမျိုးသမီးအဖြစ် တေလာဆွဖ်ရပ်တည်

တွစ်တာပေါ်တွင် ၂၀၁၈ ခုနှစ်အတွက် သြဇာအလွှမ်းမိုးနိုင်ဆုံး အမျိုးသမီး အကောင့်ပိုင်ရှင်အဖြစ် နိုင်ငံကျော် အမျိုးသမီး ပေါ့ပ်အဆိုတော် တေလာဆွဖ်က ရည်တည်နိုင်ခဲ့ကြောင်း လူမှုကွန်ယက် စောင့်ကြည့်ရေး ကုမ္ပဏီတစ်ခုဖြစ်သည့် Brandwatch ၏ ဖော်ပြချက်အရ သိရှိရသည်။
 
အဆိုပါ ကုမ္ပဏီသည် ၄င်းတို့စစ်တမ်းကောက်ယူထားသည့် ၂၀၁၈ တစ်နှစ်တာအတွက် တွစ်တာပေါ်တွင် သြဇာလွှမ်းမိုးမှုအရှိဆုံး အမျိုးသား နှင့် အမျိုးသမီး စာရင်းကို ပြီးခဲ့သည့် ရက်ပိုင်းက ထုတ်ပြန်ပေးခဲ့ခြင်းဖြစ်ပြီး သြဇာလွှမ်းမိုးမှု အရှိဆုံး အမျိုးသမီး အဖြစ် တေလာဆွဖ် နှင့် သြဇာလွှမ်းမိုးမှုအရှိဆုံး အမျိုးသားအဖြစ် အဆိုတော် လီယမ်ပိန်း တို့ အသီးသီး ရပ်တည်နိုင်ခဲ့ကြခြင်း ဖြစ်သည်။
 
တေလာဆွဖ်သည် ၂၀၁၈ ခုနှစ်အတွင်း တွစ်တာပေါ်တွင် ပို့စ် ၁၃ ပို့စ်သာ ရေးသား ဖော်ပြခဲ့သော်လည်း ၄င်း၏ ပို့စ်များသည် အခြားသော နာမည်ကျော်အဆိုတော်များထက် သြဇာလွှမ်းမိုးမှု အရှိဆုံးဖြစ်ခဲ့ သောကြောင့် နံပါတ် ၁ နေရာတွင် ရပ်တည်နိုင်ခဲ့ခြင်း ဖြစ်သည်။
 
တေလာဆွဖ်သည် ရမှတ်ပေါင်း ၉၈ မှတ်ဖြင့် အဆိုပါ နေရာတွင် ရပ်တည်နိုင်ခဲ့ခြင်းဖြစ်ပြီး သူမ၏ နောက် ဒုတိယနေရာတွင် ကေတီပယ်ရီ ၊ ကင်မ်ကာဒါရှင်န်၊ ဒီမီလိုဗာတို တို့က ရမှတ် ၉၆ မှတ်စီဖြင့် အသီးသီး ရပ်တည်နိုင်ခဲ့ကြသည်။
 
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ရမှတ် ၉၆ မှတ်ဖြင့်သာ သြဇာလွှမ်းမိုးမှု အရှိဆုံး အမျိုးသားစာရင်း၏ ဒုတိယနေရာတွင် ရပ်တည်နိုင်ခဲ့ပြီး ကမ္ဘာ့ အကောင်းဆုံးဆုကို ၅ ကြိမ်တိုင်တိုင် ဆွတ်ခူးထားနိုင်ခဲ့သည့် ဂျူဗင်တပ် အသင်း၏ တိုက်စစ်မှူး စီရိုနယ်လ်ဒိုသည် ရမှတ် ၉၅ ဖြင့် တတိယနေရာ၌သာ ရပ်တည်နိုင်ခဲ့သည်။
 
Source: ENews
The Ladies News
 

 

Vote: 
No votes yet

Add new comment