သမ္မတဖြစ်ရန် အခြေအနေပေးလာပါက အောင်မြင်အောင် လုပ်ဆောင်ရန် ဆည်းပူးထားသည်ဟု ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ပြောကြား

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက သူ့အနေဖြင့် သမ္မတဖြစ်ရန် အခြေအနေပေးလာပါက အောင်မြင်အောင်လုပ်ဆောင်ရန် ဆည်းပူးထားသည်ဟု ပြောကြားလိုက်သည်။
 
BBC သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် BBC ၏ သမ္မတအတွက် ပြင်ဆင်ရမည်ဆိုပါက မည်သို့ပြင်ဆင်ထားသလဲ ဆိုသည့်ကို အကြမ်းဖျဉ်းသိရမလားဆိုသည့် မေးခွန်းကို ပြန်လည် ဖြေကြားတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
 
ဦးသန်းဌေးက သူသည် ၂၀၁၅ ရွေးကောက်ပွဲတွင် အရှုံးကြီးကြီးမားမားဖြင့် တွေဝေသွားသည့် ပါတီကို ပြန်လည် ထူထောင်ရသူဖြစ်ပြီး ယနေ့ အဆင့်တစ်ခုကိုရောက်အောင် လုပ်နိုင်ခဲ့ကြောင်း၊ အဆိုပါအောင်မြင်မှုကို ၂၀၂၀ အထိ ဆက်ပြီး သယ်ဆောင်သွားနိုင်လျှင် သမ္မတအမည်စာရင်း တင်သည့် လုပ်ပိုင်ခွင့်သည် သူ့ဆီမှာရှိသည်ဟု ဆိုသည်။
 
`သို့သော် ဒါလုပ်ဖို့အတွက်ကို ငါမှငါ ဖြစ်ရမယ်လို့ အခုအချိန်အထိ ရည်မှန်းထားခြင်း မရှိဘူး။ ဒါပေမယ့် အခြေအနေ ပေးလာလို့ လုပ်ဖို့ ကြုံလာလို့ရှိရင်လည်း ကျွန်တော် အောင်မြင်အောင် လုပ်နိုင်ဖို့ ဆည်းပူးထားတယ်လို့ ကိုယ့်ကိုယ်ကိုယ် ကျွန်တော် ဒီလိုထင်ပါတယ်` ဟု ဦးသန်းဌေးက BBC ၏ မေးမြန်းချက်ကို ပြန်လည်ပြန်ဖြေကြားသည်။
 
ထို့ပြင် ဦးသန်းဌေးက ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီ အနိုင်ရရှိပါက စစ်ဖိနပ်အောက် ပြန်ရောက်သွားမည်ဆိုသော လော်ဘီအားက သိပ်ကြီးသည်ဟူ၍လည်း ၄င်းတို့ပါတီအား ဝေဖန်သူများကို တုန်ပြန့်ပြောကြားခဲ့သည်။
 
ပြီးခဲ့သည့် ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီသည် လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာတွင် ၁၀ နေရာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၃ နေရာ အနိုင်ရရှိခဲ့သည်။
 
အောင်ရဲနောင်
The Ladies News
 

 

Vote: 
No votes yet

Add new comment