ရမ်ဆေးကို အာဆင်နယ် အသင်းမှာ ဆက်ရှိနေစေချင်တယ်လို့ ဝီလ်ရှိုင်းယား ထုတ်ဖော်ပြောကြား

အာဆင်နယ်အသင်းနဲ့အတူ ၁၇ နှစ်ကြာလက်တွဲလာခဲ့တဲ့ အသင်းရဲ့ကစားသမားဟောင်း ၀ီရှိုင်းယားက လတ်တလော အပြောင်းအရွှေ့သတင်းတွေထွက်ပေါ်နေတဲ့ ၄င်းရဲ့ အသင်းဖော် ဟောင်း ရမ်ဆေးကို အာဆင်နယ်အသင်းမှာသာ ဆက်ရှိနေစေ ချင်တယ်လို့ ထုတ်ဖော်ပြောကြာားသွားခဲ့ပါတယ်။
 
ဝီရှိုင်းယားဟာ အူနိုင်းအမ်မရီအသင်းကို ရောက်ရှိလာပြီးနောက်ပိုင်း ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးနေခဲ့ရတာကြောင့် ပြီးခဲ့တဲ့ အပြောင်း အရွှေ့ ကာလကမှ ၀က်စ်ဟမ်းအသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့သွားခဲ့တာလည်း ဖြစ်ပါတယ်။
 
အာဆင်နယ်ကွင်းလယ်လူ ရမ်ဆေးဟာ လက်ရှိအချိန်မှာ အသင်းနဲ့ စာချုပ်သက်တမ်းနောက်ဆုံးနှစ်ကို ရောက်ရှိနေပြီး စာချုပ်သစ် အတွက်လည်း သဘောတူညီမှုတစ်စုံတစ်ရာ မရရှိသေးတာ လည်းဖြစ်ပါတယ်။ အာဆင်နယ်အသင်းတာဝန်ရှိသူတွေဟာ ပြီးခဲ့တဲ့ အပတ်လောက်က ၄င်းနဲ့ စာချုပ်သစ်ကိစ္စအတွက် ဆွေးနွေးခဲ့ကြပြီး သဘောတူညီမှုရရှိထားပေမယ့် ရက်ပိုင်းအတွင်းမှာပဲ သဘော တူညီမှုကို ပြန်လည်ရုတ်သိမ်းသွားခဲ့တာဖြစ်တယ်လို့ ရမ်ဆေးရဲ့ ထုတ်ဖော်ပြောကြားချက်အရ သိရပါတယ်။
 
ဝေးလ် ကွင်းလယ် ကစားသမား ရမ်ဆေးဟာ ၂၀၀၈ ခုနှစ်က ကာဒစ်ဖ် စီးတီး အသင်းကနေ အာဆင်နယ်အသင်းကို ပြောင်းရွှေ့ လာခဲ့သူဖြစ်ပြီး အသင်းအနေနဲ့ လာမယ့်ဇန်န၀ါရီအပြောင်းအရွှေ့ ဈေးကွက်မှာ စာချုပ်ထပ်မံချုပ်ဆိုနိုင်ခြင်းမရှိပါက အလွတ်ပြောင်းရွှေ့ ကြေးနဲ့ မိမိပြောင်းရွှေ့လိုတဲ့ အသင်းကို ပြောင်းရွှေ့နိုင်တော့ မှာလည်း ဖြစ်ပါတယ်။
 
The Islington Gazette နဲ့ အင်တာဗျူးမှာ ၀ီလ်ရှိုင်းယားက ”ရမ်ဆေးက အာဆင်နယ် အသင်းရဲ့ ထိပ်တန်း ကစားသမား ဖြစ်နေပါပြီ။ အာဆင်နယ်ဟာ သူ့လိုကစားသမားမျိုးကို လိုအပ်ပါ တယ်။ သူ အသင်းအတွက် ဘာတွေ လုပ်ပြ နိုင်လဲ ဆိုတာ ကျွန်တော်တို့ အားလုံးသိပါတယ်” လို့ ထုတ်ဖော်ပြောကြား သွားခဲ့ပါတယ်။
 
ရမ်ဆေးကို ပရီးမီးယားလိဂ်ထိပ်သီး ကလပ်တွေဖြစ်ကြတဲ့ မန်ယူ၊ လီဗာပူးအသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး စီးရီးကလပ် ဂျူဗင်တပ်စ် အသင်းနဲ့ အေစီမီလန်အသင်းတွေကလည်း စာချုပ် ချုပ်ဆိုနိုင်ဖို့ အပြိုင်ကြိုးစားနေကြပါတယ်။
 
The Ladies News

 

Vote: 
No votes yet

Add new comment