ကင်ဆာ ကုသရေး စင်တာဖွင့်လှစ်ဖို့အတွက် ဦးဆောင်ပါဝင်ခဲ့တဲ့ လီယွန်နယ်မက်ဆီ

ဘာစီလိုနာအသင်းရဲ့အားထားရတဲ့ တိုက်စစ်မှူး လီယွန်နယ်မက်ဆီ ဟာ ကင်ဆာကုသရေးစင်တာတစ်ခုဖွင့်လှစ်နိုင်ဖို့အတွက် ဦးဆောင်ပါဝင်ခဲ့သလို လိုအပ်နေတဲ့ ငွေကြေးအချို့ကိုလည်း လှူဒါန်းမှုပြုခဲ့ကြောင်းသိရပါတယ်။ အဆိုပါ အာဂျင်တီးနား တိုက်စစ်မှူးဟာ Sant Joan de Deu ဆေးရုံ က အသစ် ဖွင့်လှစ် မယ့် ကင်ဆာ ကုသ ရေး စင်တာ ဖြစ်မြောက် ရေး အတွက် တက်ကြွစွာ ဦးဆောင်ပါဝင်ခဲ့တာဖြစ်ပြီး အလှူအတွက် ယူရို ၂.၇ သန်း ကို လည်း ထည့်ဝင် လှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။
 
ဒါ့အပြင် မက်ဆီ ဖောင်ဒေးရှင်းကလဲ လိုအပ်နေတဲ့ ငွေပမာဏကို ထပ်မံလှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။ စင်တာဖွင့်ပဲနေ့မှာ မက်ဆီက “ ဒီလိုနေ့မျိုးမှာ အခုလိုပါဝင်ခွင့်ရတဲ့အတွက် ပျော်ရွှင်မိပါ တယ်။ ဒီလို ကောင်းမွန်တဲ့ စီမံကိန်းတစ်ခုမှာ တစ်စိတ်တစ်ပိုင်း ပါဝင်ခဲ့ရတဲ့အတွက်လည်း ဂုဏ်ယူမိပါတယ်။ ကျွန်တော်နဲ့အတူ ပါဝင်ခဲ့ကြတဲ့ လူတိုင်းကိုလည်းကျေးဇူးတင်ပါတယ်။ ဒီစင်တာကနေ လူပေါင်းများစွာရဲ့ အသက်တွေကိုကယ်တင်ပေးနိုင်မယ်လို့လည်း ယုံကြည်ပါတယ်။ ဒါဟာ ကျွန်တောအမြဲတမ်းအိပ်မက်မက်နေတဲ့ အိပ်မက်တွေထဲက တစ်ခုပါ “ လို့ မက်ဆီက ထုတ်ဖော်ပြောကြား သွားခဲ့ပါတယ်။
 
အဆိုပါ ကင်ဆာကုသရေး စင်တာဟာ ဥရောပ နိုင်ငံတွေမှာ ကင်ဆာ ရောဂါ ကို ခံစား နေရတဲ့ ကလေးငယ်တွေကို အဓိက ကာကွယ်စောင့်ရှောက်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
 
The Ladies News

 

Vote: 
No votes yet

Add new comment