ကွမ်းလုံမြို့နယ်၌ ယာဉ်တိမ်းမှောက်မှုကြောင့် သုံးဦးသေဆုံး

ကွမ်းလုံမြို့နယ် သင်္ချိုင်းကုန်းအနီး ကွမ်းလုံ-တာရွှေထန်ကားလမ်း မိုင်တိုင်(၀/၄-၅)ကြား တွင် အောက်တိုဘာ ၁၈ ရက်က ထော်လာဂျီယာဉ်တိမ်းမှောက်မှုကြောင့် သုံးဦး သေဆုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
 
ကွမ်းလုံမြို့နယ် သင်္ချိုင်းကုန်းအနီး ကွမ်းလုံ-တာရွှေထန်ကားလမ်း မိုင်တိုင်(၀/၄-၅)ကြား၌ ရှောက်တီး(၃၄)နှစ်မောင်းနှင်ပြီး ဦးလောက်ဟဲ (၅၉)နှစ်ပါ၆ ဦး (ကျား ၂၊ မ ၄) ဦးတို့ လိုက်ပါလာသည့် ၉ဌ/ ××××ထော်လာဂျီယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက် ခဲ့ရာ ယာဉ်မောင်း ရှောက်တီးပါ ၃ ဦး(ကျား ၁၊ မ ၂)တို့တွင် ဦးခေါင်း၊ နားထင်ကွဲ၊ နှာခေါင်းသွေးထွက်၊ မျက်လုံး ပေါက်ပြဲဒဏ်ရာများဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး ဦးလောက်ဟဲတွင် ဦးခေါင်း ယာဘက်၊ နားထင်၊ ပုခုံး၊ နံဘေးပေါက် ပြဲဖူးရောင်ဒဏ်ရာ (စိုးရိမ်ရ)နှင့် ဒေါ်လော်ရှောက်ဟွား(၅၉)နှစ်နှင့် မ ၂ ဦးတွင် ယာလက်မောင်းရိုးကျိုး၊ ဝဲဒူး၊ ယာပေါင်၊ ခြေသလုံး ပေါက်ပြဲ ဒဏ်ရာ(မစိုးရိမ်ရ)တို့ ရရှိ၍ ကွမ်းလုံပြည်သူ့ဆေးရုံသို့ပို့ဆောင် ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
 
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ရှောက်တီး (သေဆုံး)အား ကွမ်းလုံမြို့မရဲစခန်းယာဉ် (ပ)၁၁/၂၀၁၈၊ ရာဇသတ် ကြီးပုဒ်မ ၃၀၄-က/၃၃၇/၃၃၈ (ပေါ့လျော့မှုကြောင့် လူသေမှု၊ သာမန်/ ပြင်းထန် နာကျင်စေမှု)ဖြင့် အမှုဖွင့်စစ်ဆေး လျက်ရှိကြောင်းပြည်ထဲရေးဝန်ကြီး ဌာနက သတင်းထုတ်ပြန်ခဲ့သည်။
 
The Ladies News

 

Vote: 
No votes yet

Add new comment