သီတင်းကျွတ်လပြည့်ဝန်းကျင်ရက်များတွင် ဘင်္ဂလားပင်လယ်အော် တွင် မုန်တိုင်းဖြစ်ပေါ်နိုင်ကာ ကျောက်ဖြူ၊ သံတွဲကြား ကမ်းခြေကို ဖြတ်ကျော်နိုင်ဟု မိုးဇလပညာရှင်ဆို

အောက်တိုဘာ ၂၄ ရက် ၀န်းကျင်တွင် ဘင်္ဂလားပင်လယ်အော် အတွင်း၌ မုန်တိုင်းဖြစ်ပေါ်နိုင်ကြောင်း မိုးဇလပညာရှင် ဒေါက်တာထွန်းလွင်က ၄င်း၏ဖေ့စ်ဘုတ်စာမျက်နှာတွင် ဖော်ပြထားသည်။
 
ဒေါက်တာထွန်းလွင်က "သတိထားကြပါ။ သီတင်းကျွတ်လပြည့်နေ့ ပတ်ဝန်းကျင်မှာ မုန်တိုင်းဖြစ်ဖို့ရှိနေပါတယ်။ အောက်တိုဘာလ (၂၃-၂၄)ရက် (သီတင်းကျွတ်လပြည့် အဖိတ်နေ့ နဲ့ လပြည့်နေ့) များတွင် ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် အရှေ့လေပွေလှိုင်း တစ်ခုဖြတ်သန်းလာမှုကြောင့် ချောင်းသာ -ငွေဆောင်- ငပလီ ပင်လယ်ဆိပ်ကမ်း အနီးတ၀ိုက်တွင် မုန်တိုင်း တစ်ခု ကမ်းလျှောက် ရွေ့လျှားသွားနိုင်ပါတယ်။ ခန့်မှန်းချက်အရတော့ (၂၄-၁၀-၂၀၁၈)ရက်နေ့ပိုင်းမှာ ကျောက်ဖြူ နဲ့ သံတွဲကြား ကမ်းခြေ ကို ဖြတ်ကျော်ဖို့ရှိနေပါတယ်။ ရုံးပိတ်ရက်ရှည်ဖြစ်တဲ့အတွက် ပင်လယ် ကမ်းခြေ ခရီးသွားများသတိထားသွားလာကြဖို့ နှိုးဆော်ပါတယ်။ မြန်မာနိုင်ငံသူနိုင်ငံသားများ သဘာဝဘေးမှ ကင်းဝေးနိုင်ကြပါစေ" ဟု ၄င်း၏ဖေ့စ်ဘုတ်စာမျက်နှာတွင် ဖော်ပြကာ သတိပြုနိုင်ရန် နှိုးဆော်ထားသည်။
 
Credit - ဒေါက်တာထွန်းလွင် FB
The Ladies News

 

Vote: 
No votes yet

Add new comment