မြင်းခြံမြို့နယ်တွင် မြေယာကိစ္စအငြင်းပွားရာမှ ဓားထိုးမှုဖြစ်ပွား

မြင်းခြံမြို့နယ်တွင် မြေယာကိစ္စအငြင်းပွားရာမှ ဓားထိုးမှုဖြစ်ပွားခဲ့ကာ တစ်ဦးသေဆုံးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
 
ဖြစ်စဉ်မှာ အောက်တိုဘာလ ၁၀ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ် အချိန် မန္တလေးတိုင်း ဒေသကြီး၊ မြင်းခြံမြို့နယ်၊ မြို့ကြီးကုန်း ကျေးရွာနေ မနှင်းခိုင်(၃၇)နှစ်သည် နေအိမ်၌ ရှိနေစဉ် ယောက်မဖြစ်သူ မစိုးမော် ရောက်ရှိလာပြီး ခင်ပွန်းဖြစ်သူ ကိုစိုးထွန်း(၄၅)နှစ်အား တစ်ရွာတည်းနေ အစ်ကိုဝမ်းကွဲဖြစ်သူ ဦးကျော်နိုင်(၅၀)နှစ်မှ ဓားဖြင့် ထိုးသွားကြောင်း ပြောပြသိရှိရ၍ သွားရောက် ကြည့်ရှုရာ ရဲတိုင်ကျေးရွာနေ ကိုတင်မောင်စိုး၏ နေအိမ်၌ ခင်ပွန်းဖြစ်သူ ကိုစိုးထွန်း အား ဓားထိုးသွင်း ဒဏ်ရာ(၁)ချက်ရရှိကာ သေဆုံးနေသည်ကို တွေ့ရှိပြီး အစ်ကိုဝမ်းကွဲတော်စပ်သူ ဦးကျော်နိုင်မှ ကိုတင်မောင်စိုး၏ နေအိမ်ခြံဝင်းအတွင်း ဓားကိုင်ဝင်ရောက်လာ၍ မြေယာကိစ္စ အငြင်းပွား စကား များရန်ဖြစ်ခဲ့သည့် အပေါ်မကျေမနပ်ဖြစ်ကာ ခင်ပွန်းဖြစ်သူ ကိုစိုးထွန်း အား ဓားဖြင့် ထိုးခဲ့ရာမှ သေဆုံး သွားခြင်းဖြစ်ကြောင်း သိရှိရသဖြင့် အရေးယူပေးရန် တိုင်တန်းချက်အရ ဦးကျော်နိုင် အား မြင်းခြံမြို့နယ်မြေရဲစခန်း (ပ)၁၄၉/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အရေးယူ ထားကြောင်း သိရသည်။
 
The Ladies News

 

Vote: 
No votes yet

Add new comment