တောင်တွင်းကြီးမြို့တွင် အမျိုးသမီးတစ်ဦး ဓားဒဏ်ရာဖြင့် သေဆုံးမှု စုံစမ်းစစ်ဆေးလျက်ရှိ

တောင်တွင်းကြီးမြို့၊ အုန်းတော(၁)ရပ်ကွက်၊ မြန်မာ့မီးရထား ဝန်ထမ်းနေအိမ်လိုင်းခန်း တောင်ဘက်ထိပ်တွင် အောက်တိုဘာ ၁၀ ရက်က အမျိုးသမီးတစ်ဦး ဓါးဒဏ်ရာများဖြင့် သေဆုံးမှုနှင့် ပတ်သက်၍ အမှုဖွင့်စုံစမ်းလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
 
တောင်တွင်းကြီးမြို့၊ အုန်းတော(၁)ရပ်ကွက်၊ မြန်မာ့မီးရထား ဝန်ထမ်းနေအိမ်လိုင်းခန်း တောင်ဘက်ထိပ်တွင် နေထိုင်သော ဦးညွန့်သောင်း(၇၀)နှစ်၏ နေအိမ်မီးဖိုချောင်အတွင်း၌ ချွေးမဖြစ်သူ မအိဖြူအောင်(၂၅)နှစ်သည် မေးစေ့အောက်ပြတ်ရှဒဏ်ရာ ၁ ချက်၊ ယာလည် ပင်း၊ မျက်လုံးညိုမဲဒဏ်ရာ ၂ ချက်ဖြင့် သေဆုံးနေသဖြင့် တောင်တွင်းကြီးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ နေအိမ်ရှေ့ လှေကားရင်း၌ သွေးစွန်းနေသည့် ဓားမ ၁ ချောင်းနှင့် အုတ်ခဲ ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် တရားခံ(စိစစ်ဆဲ)အား တောင်တွင်းကြီး မြို့မရဲစခန်း (ပ)၃၉၄/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂(လူသတ်မှု)ဖြင့် အမှုဖွင့် စုံစမ်းလျက် ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
 
The Ladies News

 

Vote: 
No votes yet

Add new comment