တိုင်းနှင့်ပြည်နယ်အချို့တွင် နေရာစိပ်စိပ် မိုးထစ်ချုန်းနိုင်

စက်တင်ဘာလ ၂၁ ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း တွင် ဖြစ်ပေါ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း “ဒရယ်” (DAYE) သည် အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်ကမ်းခြေကို ဂိုလ်ပါပူ(Gopalpur)မြို့ အနီးမှ ဖြတ်ကျော် ဝင်ရောက်ခဲ့ပြီး ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် ဆက်လက်တည် ရှိနေပါသည်။ အဆိုပါ ကုန်းတွင်း မုန်တိုင်းငယ်သည် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ တဖြည်းဖြည်း အားလျော့ သွားမည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အား နည်းနေပါသည်။
 
ယနေ့ညနေအထိခန့်မှန်းချက်အနေဖြင့် ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက် ကျား၊ နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီး နှင့် ပြည်နယ်တို့တွင် နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
 
မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၄)ပေမှ (၇)ပေခန့် ရှိနိုင်ပါသည်။
 
နောက်နှစ်ရက်အတွက်ခန့်မှန်းချက်အနေဖြင့် မုတ်သုံလေ အားနည်းနေမည်ဟု မိုးဇလက ခန့်မှန်းထားသည်။
 
The Ladies News

 

Vote: 
No votes yet

Add new comment