ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း အိန္ဒိယအမျိုးသားကာကွယ်ရေး စစ်တက္ကသိုလ် သွားရောက်လေ့လာ

အိန္ဒိယသမ္မတနိုင်ငံ၌ ရောက်ရှိနေသော ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သော မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၁၇ ရက် နံနက်ပိုင်းတွင် အိန္ဒိယအမျိုးသားကာကွယ်ရေး စစ်တက္ကသိုလ် (National Defence Academy-NDA)ကို သွားရောက်ကြည့်ရှု လေ့လာခဲ့ကြကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။
 
ရှေးဦးစွာ အိန္ဒိယအမျိုးသား ကာကွယ်ရေးစစ်တက္ကသိုလ်၏ လေ့ကျင့် သင်ကြားပေးနေမှုနှင့်ပတ်သက်၍ တာဝန်ရှိသူများက ရှင်းလင်း တင်ပြကြပြီး ကျောင်းဝင်းအတွင်း လှည့်လည်ကြည့်ရှုကာ ကျောင်းအုပ်ကြီးရုံးခန်း၌ တွေ့ဆုံ ဆွေးနွေးမှုများပြုလုပ်ပြီး ဧည့်သည်တော် မှတ်တမ်း၌ လက်မှတ်ရေးထိုးသည်။
 
ယင်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့သည် ရဟတ်ယာဉ်ဖြင့် ဆက်လက်ထွက်ခွာခဲ့ရာ ဒေသစံတော်ချိန် နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် အိန္ဒိယကြည်းတပ်၊ သံချပ်ကာ ယန္တရား တပ်ဖွဲ့ ဗဟိုဌာနနှင့် သင်တန်းကျောင်းသို့ရောက်ရှိကြပြီး သင်တန်းကျောင်း၌ လေ့ကျင့်သင်ကြားပေး နေမှုများ၊ သင်ကြားပြသနေ မှုများကို လေ့လာကြည့်ရှုကြသည်။
 
ထို့နောက် သင်တန်းကျောင်းဝင်းအတွင်းရှိ Tank Museum၊ Cavalry Officer Mess ရှိ သံချပ်ကာ သမိုင်းပြတိုက်တို့ကို လှည့်လည်ကြည့် ရှုလေ့ လာကြပြီး Cavalry Officer Mess ၌ သံချပ်ကာ ယန္တရား တပ်ဖွဲ့ဗဟိုဌာနနှင့် သင်တန်း ကျောင်း ကျောင်းအုပ်ကြီးနှင့်ဇနီးတို့က တည်ခင်းဧည့်ခံသော နေ့လယ်စာစားပွဲသို့ တက်ရောက်သည်။
 
ဆက်လက်၍ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့သည် နယူးဒေလီမြို့သို့ ဆက်လက်ထွက်ခွာကြပြီး နယူးဒေလီမြို့ရှိ ITC MAURYA HOTEL သို့ ရောက်ရှိရပ်နား ခဲ့ကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရုံး၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။
 
ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
The Ladies News

 

Vote: 
No votes yet

Add new comment