အင်တာမီလန် ကစားသမားတွေဟာ မော်ရင်ဟို အတွက် အစွမ်းကုန်ပေးဆပ်ခဲ့ကြတယ်လို့ ရှနိုက်ဒါ ဖွင့်ဟ ပြောဆို

အင်တာမီလန်အသင်းနဲ့ အတူ အောင်မြင်မှုတွေဆွတ်ခူးနိုင်ခဲ့တဲ့ ရှနိုက်ဒါက မန်ယူနည်းပြ မော်ရင်ဟို အင်တာမီလန်အသင်းကို ကိုင်တွယ်ခဲ့စဉ်က အသင်းသားတွေဟာ အစွမ်းကုန်ပေးဆပ်ခဲ့ကြ ပြီး မော်ရင်ဟိုအတွက် အသက်ပင်ပေးဖို့အထိ ဆုံးဖြတ်ထားခဲ့ကြတယ်လို့ ပြန်ပြောင်းပြောကြားသွားခဲ့ပါတယ်။
 
ဆနိုက်ဒါဟာ အင်တာမီလန်အသင်းမှာ အောင်မြင်မှုမှတ်တိုင်တွေ စိုက်ထူနိုင်ခဲ့သူဖြစ်ပြီး ၂၀၁၀ ခုနှစ်မှာတော့ အသင်းနဲ့အတူ ချန်ပီယံလိဂ် ဆုဖလားကြီးကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အဆိုပါ အချိန်က
 
ရှနိုက်ဒါဟာ နည်းပြဟိုဆေးမော်ရင်ဟို လက်အောက်မှာ ကွင်းလယ်ကစားသမားတစ်ဦးအဖြစ် ကစားခဲ့တာဖြစ်ပြီး အဆိုပါ နည်းပြဟာ အခြားအီတလီကလပ်အသင်းတွေ ဆောင်ရွက်နိုင်ဖို့ ခက်ခဲတဲ့ ဖလား ၃ လုံးအောင်ပွဲကို ဒုတိယရာသီမှာ ဖော်ဆောင်နိုင်ခဲ့ပါ တယ်။
 
အင်တာမီလန်အသင်းဟာ အဆိုပါ နှစ်က ချန်ပီယံလိဂ်ဖလားရယူရာမှာ ဘာစီလိုနာအသင်းကို ခက်ခက်ခဲခဲ ကျော်ဖြတ်ခဲ့ရတာဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဗိုလ်လုပွဲစဉ်မှာလည်း ၂-၀ ရလဒ်နဲ့ အနိုင်ရရှိ ခဲ့တာဖြစ်ပါတယ်။
 
အဆိုပါ အချိန်က မော်ရင်ဟိုဟာ နာမည်ကျဆင်းနေတဲ့ အီတလီ ကလပ်အသင်းတွေရဲ့ ပုံရိပ်ကိုမြှင့်တင်ပေးနိုင်ခဲ့တဲ့ သူရဲကောင်းတစ်ဦး ဖြစ်ခဲ့ပြီး ရှနိုက်ဒါကလည်း မော်ရင်ဟိုလက်ထက်မှာ အသင်းဟာ စည်းလုံးညီညွှတ်မှုပြည့်ဝခဲ့ပြီး အသင်းသားတိုင်းဟာ အရာရာတိုင်း အတွက် တိုက်ပွဲဝင်ဖို့အသင့်ရှိနေကြတယ်လို့ ပြောကြားသွားခဲ့ပါတယ်။
 
“ မော်ရင်ဟိုအတွက် အသက်တောင်ပေးဝံ့တဲ့ ကစားသမားတွေ ရှိနေခဲ့ဖူးပါတယ်။ ဇလာတန် အီဘရာဟီမိုဗစ်ခ်ျ ဟာလည်း တဦးအပါဝင်ပါ။ နောက်တော့ အသင်းကို ထပ်ရောက်လာတဲ့ အီတူးပေါ့ ။ သူလည်း တူတူပါပဲ။ အီတူးဟာ မော်ရင်ဟိုရဲ့ ညွှန်ကြားချက်အတိုင်း တခါမှ မကစားဖူးတဲ့ တောင်ပံလိုနေရာမျိုးမှာ ကစားခဲ့ရတာပါ။ ဒီပုံစံဟာ ကျွန်တော်တို့ အသင်းအတွက် ရလဒ်ကောင်းတွေပိုင်ဆိုင်နိုင်ခဲ့ပြီး ဘာစီလိုနာနဲ့ ဘိုင်ယန်လို အသင်းကြီးတွေကို ကျော်ဖြတ်ပြီး
 
ချန်ပီယံလလိဂ် ဆုဖလားကြီးကိုရယူနိုင်ခဲ့တာပါ။ ကျွန်တော့်ကို တော့ အီတူးက စကားတခွန်းပြောဖူးပါတယ်။ အဲ့ဒါကတော့ ငါဒါကို မော်ရင်ဟိုအတွက်ပဲ လုပ်ပေးနိုင်မှာလို့ သူကျွန်တော့်ကိုပြောခဲ့တာပါ။” လို့ ရှနိုက်ဒါက ပြန်ပြောင်းပြောပြ သွားခဲ့ပါတယ်။
 
The Ladies News

 

Vote: 
No votes yet

Add new comment