အပြောင်းအရွှေ့သတင်းတွေနဲ့ ပတ်သက်ပြီး ပြတ်ပြတ်သားသား ထုတ်ဖော်ပြောကြားလိုက်တဲ့ မာဆယ်လို

ရီးရဲလ်မက်ဒရစ်အသင်းနဲ့အတူ အောင်မြင်မှုဆုဖလားတွေ သိမ်းပိုက် ထားနိုင်တဲ့ နောက်ခံကစားသမား မာဆယ်လိုရဲ့ အပြောင်းအရွှေ့ သတင်းတွေဟာ စီရိုနယ်လ်ဒို အသင်းမှ ထွက်ခွာပြီးနောက်ပိုင်းမှာ လှုပ်ခတ်နေခဲ့ပြီး ၄င်းအနေနဲ့ ရိုနယ်လ်ဒို ရှိရာ ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့လိုနေတယ်ဆိုတဲ့ သတင်းတွေဟာ မီဒီယာတွေအကြား ရေပန်းစားနေခဲ့ပါတယ်။
 
စီရိုနယ်လ်ဒိုနဲ့ မာဆယ်လို့တို့ဟာ ရီးရဲလ်မှာ အတွဲညီညီ နားလည်မှုရှိရှိနဲ့ ကစားခဲ့ကြသူတွေဖြစ်ပြီး အောင်မြင်မှုဆုဖလားတွေကို အတူဆွတ်ခူးနိုင် ခဲ့သလို ၊ အောင်ပွဲခံရာမှာလည်း အလျဉ်းသင့်သလို ပုံစံတူတွေ အောင်ပွဲခံလေ့ရှိတဲ့ အလွန်ချစ်ခင်ကြသူနှစ်ဦးလည်းဖြစ်ပါတယ်။ ဒါ့အပြင် မာဆယ်လိုဟာ ၄င်းရဲ့ တွစ်တာမှာ “ ရိုနယ်လ်ဒိုနဲ့ အကြာခင်မှာ ပြန်လည်ဆုံတွေ့ပါမယ်” လို့ ရေးသားဖော်ပြထားတာကြောင့် မီဒီယာတွေဟာ ၄င်းဟာ အသင်းမှ ထွက်ခွာသွားနိုင်ချေရှိတယ်လို့ ရေးသားဖော် ပြနေခဲ့တာဖြစ်ပြီး ယခုအခါမှာတော့ ၄င်း ဘယ်လို ဆုံးဖြတ်ထားလဲဆိုတာကို ပရိသတ်တွေနဲ့ မီဒီယာတွေကို ပြတ်ပြတ် သားသား ထုတ်ဖော်ပြောကြားလိုက်ပြီဖြစ်ပါတယ်။ မာဆယ်လို ဟာ ၄င်းအနေနဲ့ လက်ရှိ ရီးရဲလ်အသင်းမှာသာ ပျော်ရွှင်နေကြောင်းနဲ့ အသင်းမှာ နှစ်ပေါင်းများစွာကြာအောင် နေသွားဖို့ အစီအစဉ်ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။
 
ရီးရဲလ် TV အင်တာဗျူးတစ်ခုမှာ မာဆယ်လိုက “ ကျွန်တော် ရီးရဲလ်အသင်းမှာ ပျော်ရွှင်နေပါတယ်။ ကျွန်တော့်ရဲ့ အခြေအနေတွေ ကိုလည်း ပရိသတ်တွေသိကြမယ်လို့ ထင်ပါတယ်။ ကျွန်တော်ဟာ အသင်းနဲ့ နှစ်တော်တော်ကြာ စာချုပ်သက်တမ်းကျန်ရှိနေပါသေးတယ်။ နောက်ပြီး ကျွန်တော့်အတွက်တော့ ရီးရဲလ်ဟာ ကမ္ဘာ့အကောင်းဆုံး အသင်းတသင်းပါပဲ။ ကျွန်တော်ဒီလိုအသင်းကြီးမှာ အမြဲတမ်း ကစားသွားဖို့ ဆုံးဖြတ်ထားပါတယ်။ကောလဟာလ သတင်းတွေ ဘယ်လို ပဲထွက်နေထွက်နေ ကျွန်တော်ဟာ ရီးရဲလ်ပွဲစဉ်တွေမှာ အကောင်းဆုံးပုံစံနဲ့ ကစားနေပါတယ်။” လို့ မာဆယ်လိုက ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။
 
ဒါ့အပြင် ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့တော့မယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီးတော့လည်း မာဆယ်လိုက “ ဒါကတော့ လူတွေက သူတို့ထင်ရာမြင်ရာကို ပြောနေကြတာပါ။ လူတွေပြောတဲ့ အချို့အကြောင်းအရာတွေက အဓိပ္ပါယ်ဖော်ဆောင်လို့မရနိုင်ပါဘူး။ ကျွန်တော်လည်း ဒီစာတွေကို ဖတ်ရပါတယ်။ ကျွန်တော်ရီးရဲလ်မှာပဲ ကျွန်တော့်ရဲ့ကစားသမားဘ၀ကို အဆုံးသတ်သွားမှာပါ” လို့ မာဆယ်လိုက ထပ်မံပြောကြားသွားခဲ့ပါတယ်။
 
The Ladies News

 

Vote: 
No votes yet

Add new comment