ချဲလ်ဆီးဟာ အာဆင်နယ်အသင်းကို ဂိုးပြတ်အနိုင်ရရှိမှာပါလို့ ဘောလုံးခန့်မှန်းပညာရှင် လော်ရိုး သုံးသပ်ပြောကြား

ဘောလုံးခန့်မှန်း ကျွမ်းကျင်ပညာရှင်လော်ရိုးက မနက်ဖြန် ညပိုင်းမှာ ယှဉ်ပြိုင်ကစားကြမယ့် အာဆင်နယ်အသင်းနဲ့ ချဲလ်ဆီးအသင်းတို့ပွဲစဉ်မှာ ချဲလ်ဆီးအသင်းအနေနဲ့ အာဆင်နယ်အသင်းကို ဂိုးပြတ်အနိုင်ရရှိ လိမ့်မယ်လို့ သုံးသပ်ခန့်မှန်းသွားခဲ့ပါတယ်။
 
အဆိုပါ အသင်း ၂ သင်းလုံးဟာ ယခုလက်ရှိအချိန်မှာ နည်းပြသစ်တွေ နဲ့ အသင်းကို အခြေကျအောင် ပြန်လည် တည်ဆောက်နေရတာ ဖြစ်ပြီး လော်ရိုးကတော့ ချဲလ်ဆီးနည်းပြဆာရီရဲ့ ကစားပုံဟာ အာဆင်နယ် နည်းပြသစ် အူနိုင်းအမ်မရီရဲ့ နည်းဗျူဟာထက် ကောင်းမွန်တယ်လို့ ယုံကြည်နေပါတယ်။
 
အဆိုပါ ဘောလုံးခန့်မှန်း ကျွမ်းကျင်ပညာရှင်က “ ကျွန်တော့်အမြင်ကို ပြောရရင် အူနိုင်းအမ်မရီဟာ အာဆင်နယ် အသင်းကို ပြန်လည် တည်ဆောက်ဖို့ အချိန်များစွာ လိုအပ်နေဦးမှာပါ။ ကျွန်တော် အရင်ကတော့ သူတို့အသင်းကို အဆင့် ၄ နေရာမှာ ရပ်တည်နိုင်လိမ့် မယ်လို့ ခန့်မှန်းခဲ့ဖူးပါတယ်။ အခုတောင် ကျွန်တော် ဒါကို ပြန်ပြင်ချင်စိတ် ဖြစ်မိနေပါပြီ။ သူက အသက်အရွယ်ရနေပြီဖြစ်တဲ့ ပီတာချက်စ် စီကိုပဲ ဘောလုံးပြန်ပေးဖို့ ကြိုးစားနေတာပါ။ နောက်ပြီး မန်စီးတီးလို တိုက်စစ်အားကောင်းတဲ့ အသင်းနဲ့ တွေ့ဆုံတဲ့ပွဲစဉ်မျိုးမှာ သူဒီနည်းလမ်း ကို အသုံးပြုခဲ့တာဟာ ဂိုးသမားကို တော်တော်လေး အကျပ်ရိုက်စေ ခဲ့ပါတယ်။ သူဒီလမ်းကို အသုံးမပြုသင့်ခဲ့ပါဘူး။ အသစ်ခေါ်ယူထားတဲ့ လီနိုကိုဆိုရင်တော့ တစ်မျိုးပေါ့ဗျာ..” လို့ လော်ရိုးက သုံးသပ်ပြောကြား သွားခဲ့ပါတယ်။
 
ဆက်လက်ပြီး ချဲလ်ဆီးနဲ့ အာဆင်နယ်တို့ မကြာမီ ရပ်ပိုင်းအတွင်း ယှဉ်ပြိုင်ဖို့ရှိနေတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်နဲ့ ပတ်သက်ပြီးတော့လည်း လော်ရိုးက “ သူတို့ ၂ သင်းမှာ နည်းဗျူဟာနဲ့ပတ်သက်ပြီး ကွာဟနေတာလေးတွေ ရှိနေပါတယ်။ ချဲလ်ဆီးအသင်းက ဟက်ဒါဖီးလ်တောင်း အသင်းကို သက်တောင့်သက်သာ အနိုင်ရယူနိုင်ခဲ့ချိန်မှာ အာဆင်နယ်ကတော့ မန်စီးတီးအသင်းကို ခက်ခက်ခဲခဲ ရင်ဆိုင်ထားခဲ့ရတာပါ။ ဒါပေမယ့် လာမယ့်ပွဲစဉ်ဟာ ၂ သင်းလုံးအတွက် အရေးပါတဲ့ ပွဲစဉ်တစ်ပွဲပါ။ တကယ်လို့ချဲလ်ဆီးသာ အနိုင်ရမယ်ဆိုရင် သူတို့ဟာ မြို့ခံပြိုင်ဘက် အသင်းကို ၆ မှတ်ထိဖြတ်ထားနိုင်မှာပါ။ ကျွန်တောကတော့ ဒီပွဲမှာ နည်းစနစ်ပိုင်းကောင်းမွန်တဲ့ ဆာရီအသင်းကို ပဲရွေးပါတယ်။ ချဲလ်ဆီး ၂-၀ အာဆင်နယ်ပါ” လို့ လော်ရိုးက ထပ်မံ သုံးသပ်ပြောကြား သွားခဲ့တာဖြစ်ပါတယ်။
 
ချဲလ်ဆီးနဲ့အာဆင်နယ်တို့ဟာ ၄င်းတို့ရဲ့ ပရီးမီးယားလိဂ် ဒုတိယ ပွဲစဉ်ကို မနက်ဖြန်ည ၁၁ နာရီမှာ ယှဉ်ပြိုင်ကစားကြတော့မှာဖြစ်ပြီး ဆာရီရဲ့ ချဲလ်ဆီးအသင်းဟာ အာဆင်နယ်အသင်းကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ရမှာလည်းဖြစ်ပါတယ်။ ဘောလုံးခန့်မှန်း ကျွမ်းကျင် ပညာရှင် လော်ရိုး ခန့်မှန်းထားသလိုပဲ ချဲလ်ဆီးတို့ဟာ တိုက်စစ်ပိုင်း ကောင်းမွန်တဲ့ အာဆင်နယ်အသင်းကို ဂိုးပြတ်အနိုင်ရရှိသွား မလားဆိုတာကတော့ စိတ်ဝင်စားဖွယ်ကောင်းနေပါတယ်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment