ချဲလ်ဆီးစတား အီဒင်ဟာဇတ်ကို စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ နီစပ်နေပြီဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်

ရီးရဲလ်မက်ဒရစ်အသင်းဟာ ချဲလ်ဆီးအသင်းရဲ့ အားထားရတဲ့ တိုက်စစ်မှူး အီဒင်ဟာဇက်ကို စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ နိးစပ်နေပြီလို့ Mirror သတင်းစာရဲ့ဖော်ပြချက်အရ သိရပါတယ်။
 
ရီးရဲလ်တို့ဟာ အဆိုပါ ကစားသမားကို ဘာနေဗျူးကို ခေါ်ယူနိုင်ဖို့အတွက် ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၇၀ အထိ အသုံးပြုသွားဖို့ ရှိနေပြီး ဟာဇက်ဟာ အင်တာဗျူးတစ်ခုမှာ ရီးရဲလ်အသင်းကို ပြောင်းရွှေ့ကစားလိုတယ် ဆိုတာကို အရိပ်မမြွတ်ပြောကြားခဲ့တာကြောင့် ရီးရဲလ်တာဝန်ရှိသူတွေဟာ ၄င်းကိုခေါ်ယူဖို့ ချဉ်းကပ်လာကြတာလည်း ဖြစ်ပါတယ်။
 
ဒါ့အပြင် ဟာဇက်ဟာ ကမ္ဘာ့ဖလားမှာ ဘယ်လ်ဂျီယံအသင်းနဲ့အတူ ခြေစွမ်းကောင်းတွေ ပြသထားနိုင်ပြီး အသင်းကိုလည်း တတိယဆု ရရှိအောင် စွမ်းဆောင်ပေးထားနိုင်တာကြောင့် ရီးရဲလ်တို့ဟာ မကြာသေးမီက ဆုံးရှုံးသွားခဲ့တဲ့ ၄င်းတို့ရဲ့ အဓိကတိုက်စစ်မှူး ခရစ်စတီယာနိုရိုနယ်လ်ဒို နေရာမှာ အစားထိုးလိုနေတာလည်း ဖြစ်ပါတယ်။
 
သို့သော် အဆိုပါ ကစားသမားဟာ ချဲလ်ဆီးအသင်းမှာ ၂ နှစ်သက်တမ်း ကျန်ရှိနေသေးတာဖြစ်ပြီး ချဲလ်ဆီးတို့ဟာ လည်း ၄င်းလိုအရည်အချင်းရှိ ကစားသမားမျိုးကို ရှာဖွေရန် ခက်ခဲတာကြောင့် အဆိုပါ ကစားသမားအတွက် မြင့်မားတဲ့ ပြောင်းရွှေ့ကြေးကို အလိုရှိနေတာဖြစ်ပြီး ယခုလက်ရှိမှာတော့ ရီးရဲလ်တို့ဟာ ပေါင်သန်း ၁၇၀ နဲ့ စတင်ညှိနှိုင်းဆွေးနွေးမှု ပြုလုပ်နေတာဖြစ်ကာ ဆွေးနွေးမှုဟာလည်း အောင်မြင်ဖို့ နီးစပ်နေပြီဖြစ်တယ်လို့ သိရပါတယ်။
 
သို့သော်လည်း ဟာဇတ်ဟာ ချယ်လ်ဆီး အသင်းရဲ့ အဝေးကွင်းဂျာစီ မိတ်ဆက်သူများထဲမှာ ပါဝင်လာခဲ့တာကြောင့် ၄င်းဟာ ချဲလ်ဆီးမှာသာ ဆက်ရှိနေမှာလားဆိုတဲ့ သတင်းတွေဟာလည်း ထွက်ပေါ်လို့နေပါတယ်။ အဆိုပါ ကစားသမားဟာ ပြီးခဲ့တဲ့ ရာသီက အသင်းအတွက် အကောင်းဆုံးခြေစွမ်းတွေကို ပြသနိုင်ခဲ့ပြီး အသင်းကိုလည်း FA ဖလားရယူပေးရာမှာ အဓိကနေရာက ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။
 
The Ladies News
 
 

 

Vote: 
No votes yet

Add new comment