သာပေါင်းမြို့တွင် ၂ ရက်အတွင်း င၀န်မြစ်ရေ၏စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်

သာပေါင်းမြို့တွင် ၂ ရက်အတွင်း င၀န်မြစ်ရေ၏ စိုးရိမ်ရေမှတ် ရောက်ရှိနိုင်ကြောင်း ဇူလိုင်လ (၂၀)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၅:၀၀) နာရီအချိန်တွင် မိုးလေ၀သနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ မြစ်ရေကြီးခြင်း သတိပေးချက်ကို ထုတ်ပြန်ထားပါသည်။
 
ဇူလိုင်လ ၂၀ ရက်နေ့၊ မြန်မာစံတော်ချိန် (၁၄:၃၀)နာရီအချိန် တိုင်းထွာချက်အရ ငဝန်မြစ်ရေသည် သာပေါင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ပေဝက်ခန့် တွင် ရောက်ရှိနေပါသည်။ အဆိုပါ မြစ်ရေသည် နောက် (၂)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။
 
သို့ဖြစ်ပါ၍ သာပေါင်းမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်း
နေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။
 
Credit - မိုးလေ၀သနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာန
The Ladies News

 

Vote: 
No votes yet

Add new comment