ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့ပြီးနောက် အင်စတာဂရမ်မှာ မှတ်တမ်းသစ်တစ်ရပ် ထပ်မံရေးထိုးနိုင်ခဲ့ပြန်တဲ့ စီရိုနယ်လ်ဒို

ပေါ်တူဂီတိုက်စစ်မှူး ခရစ်စတီယာနိုရိုနယ်လ်ဒိုဟာ မကြာမီရက်ပိုင်း အတွင်းကမှ အီးရဲလ်မက်ဒရစ် အသင်းကနေ ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့သွားခဲ့တာဖြစ်ပြီး ၄င်းဂျူဗင်တပ်အသင်းသားအဖြစ် မခံယူစဉ်ကတည်းကပင် ဂျူဗင်တပ် ပရိသတ်တွေဟာ တစ်နေ့တခြား ပိုမိုများပြားလာခဲ့ပြီး ၄င်းရဲ့ ကျောနံပါတ် ၇ ပါ အင်္ကျီတွေဟာလည်း အများအပြား ရောင်းချခဲ့ရကာ နာမည်ကျော်မီဒီယာတွေကလည်း စီးရီးအေ ပွဲစဉ်တွေကို တိုက်ရိုက်ပြသဖို့အတွက် သူ့ထက်ငါ အပြိုင်အလုအယက် ကြိုးစားလာခဲ့ကြတာကိုတွေ့ရပါတယ်။
 
ဒါ့အပြင် ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့ပြီးနောက် အသင်းရဲ့ ဂျာစီကို ၀တ်ဆင်ထားတဲ့ပုံနှင့်အတူ ‘Froza Juve #FinoAllaFine’ လို့ အင်စတာဂရမ်မှာ ရေးသားဖော်ပြထားတဲ့ ရိုနယ်လ်ဒိုရဲ့ ပို့စ်ဟာ Like လုပ်သူအများဆုံး ရရှိခဲ့တဲ့ ပို့စ်တစ်ခုအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီး အဆိုပါ ပို့စ်ဟာ Like လုပ်သူပေါင်း ၁၁.၃ သန်းအထိ ရရှိခဲ့တာလည်း ဖြစ်ပါတယ်။
 
စီရိုနယ်လ်ဒိုဟာ လူမှုကွန်ယက်ထက်မှာ အလွန်နာမည်ကျော်ကြားတဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပြီး ၄င်းရဲ့ အင်စတာဂရမ် ပရိသတ်ပေါင်း ဟာ ၁၃၆ သန်းအထိ ရှိတယ်လို့ သိရကာ ယခုရရှိခဲ့တဲ့ အင်စတာဂရမ် မှတ်တမ်းဟာ ၄င်းရဲ့ ဒုတိယအကြိမ်မြောက် ရရှိခဲ့တဲ့ မှတ်တမ်းတစ်ရပ် လည်း ဖြစ်ပါတယ်။ စီရိုနယ်လ်ဒိုရဲ့ ပထမဆုံး အင်စတာဂရမ်မှတ်တမ်း ကတော့ ဇနီးသည်ဖြစ်သူ သမီးငယ်လေးမွေးဖွားစဉ်က တင်ခဲ့တဲ့ ပို့စ်တစ်ခုဖြစ်ပြီး အဆိုပါပို့စ်ဟာလည်း Like လုပ်သူပေါင်း ၁၁.၄ သန်းအထိ ရှိနေခဲ့တာလည်းဖြစ်ပါတယ်။
 
ပေါ်တူဂီတိုက်စစ်မှူးဟာ ယခုလက်ရှိမှာတော့ Nike အမှတ်တံဆိပ်ရဲ့ ဈေးကွက်ချဲ့ထွင်ခြင်း ဗျူဟာတစ်ခုဖြစ်တဲ့ “CR7 Tour” အစီအစဉ် အတွက် တရုတ်နိုင်ငံကို ရောက်ရှိနေခဲ့ပြီး ပရိသတ်တွေရဲ့ သောင်သောင်းဖျဖျ ကြိုဆိုအားပေးမှုကို ရရှိနေခဲ့ပါတယ်။ ၄င်းဟာ အဆိုပါ ခရီးစဉ်ကို ၄င်းရဲ့ကိုယ်ပိုင်လေယာဉ်နဲ့ သွားရောက်ခဲ့တာဖြစ်ပြီး ၄င်းရဲ့ အင်စတာဂရမ်မှာလည်း “တရုတ်ပြည်ကို ထပ်မံလာရောက် ရတဲ့အတွက် စိတ်လှုပ်ရှားမိပါတယ်” လို့ ပရိသတ်တွေကို အသိပေး ရေးသားဖော်ပြထားပါတယ်။
 
စီရိုနယ်လ်ဒိုရဲ့ CR7 Tour ခရီးစဉ်ဟာ အာရှဒေသမှာ ၇ ရက်အထိ ကြာမြင့်မှာဖြစ်ပြီး နောက်ပိုင်းမှာလည်း အခြားနေရာတွေကို Nike ရဲ့ စပွန်ဆာနဲ့အတူ ဆက်လက်ထွက်ခွာသွားဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။
 
The Ladies News
 
 

 

Vote: 
No votes yet

Add new comment