နမ့်ခမ်းမြို့နယ် အွယ်လောကျေးရွာတစ်ဝိုက် နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် TNLA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး သတင်းထုတ်ပြန်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမြို့နယ်အတွင်း စစ်ဆင်ရေးနှင့် နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်း ၁ ကြောင်းသည် သတင်းအရ နယ်မြေရှင်းလင်းစဉ် ဇူလိုင် ၁၁ ရက် နေ့လယ် ၁ နာရီ ၃၀ မိနစ်ခန့်တွင် မန်ဝန်း ကျေးရွာအုပ်စု၊ အွယ်လောကျေးရွာ၏ အရှေ့တောင်ဘက်မီတာ ၂၁၀၀ ခန့်အကွာသို့ အရောက်၌ TNLA အကြမ်းဖက်သောင်းကျန်းသူ အင်အား ၃၀ ဦးခန့်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး နေ့လယ် ၁ နာရီ ၅၀ မိနစ်ခန့်တွင် အကြမ်းဖက်သောင်းကျန်းသူများသည် အရှေ့မြောက်ဘက်သို့ ဆုတ်ခွာ ထွက်ပြေးသွားခဲ့သည်။
 
ဖြစ်စဉ်တွင် မိမိဘက်မှ စစ်သည် ၁ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး အကြမ်းဖက်သောင်းကျန်းသူ ၈ ဦး၏ အလောင်းများအား လက်နက်ငယ်မျိုးစုံ ၃ လက်နက်၊ လျှိုအတွင်း ထိုးကျပျက်စီး နေသည့် Toyota Hilux Double Cub ယာဉ်အမျိုးအစား ၁ စီး တို့နှင့်အတူ သိမ်းဆည်းရမိခဲ့သည်။
 
ဖြစ်စဉ်နေရာအား အသေးစိတ်ရှင်းလင်းရာ သေဆုံးနေသည့် TNLA အကြမ်းဖက်သောင်းကျန်းသူများ အနက် ပြောက်ကျားယူနီဖောင်းဝတ် အမျိုးသားအလောင်း ၃ လောင်း၊ ပြောက်ကျားယူနီဖောင်းဝတ် အမျိုးသမီး
အလောင်း ၅ လောင်း၊ အမ်-၂၂ အမျိုးအစား သေနတ် ၂ လက်၊ အမ်-၂၁ အမျိုးအစားသေနတ် ၁ လက်၊ ၄င်းကျည်အိမ် ၈ ခု၊ ကျည် ၁၃၂ တောင့်၊ အီကွေ့မင့် ၈ စုံနှင့် တရုတ်လက်ပစ်ဗုံး ၃ လုံးတို့အား သိမ်းဆည်းရမိခဲ့ပြီး အကြမ်းဖက်သောင်းကျန်းသူများ၏ ရုပ်အလောင်းများအား ဖြစ်စဉ်ဖြစ်ပွားရာ နေရာအနီးတစ်ဝိုက်၌ ညနေ ၅ နာရီခန့်တွင် စနစ်တကျကောင်းမွန်စွာ မြေမြှုပ်သင်္ဂြိုလ်ပေးခဲ့သည်။
 
ဖြစ်စဉ်ဖြစ်ပွားမှုအား အသေးစိတ်စိစစ်ရာ လျှိုအတွင်းထိုးကျပျက်စီးသည့် Toyota Hilux Double Cub ယာဉ်မှာ မန်တုံမြို့နယ်၊ မဟိုချောင်း၊ နမ့်နတ်-ဟွေလောင်း ဒေသတစ်ဝိုက်တွင် သတ္တုစမ်းသပ်တူးဖော်ခွင့်ရရှိ
ထားသည့် နေ့သစ်အာရှသတ္တုတူးဖော် ထုတ်လုပ်ရေးကုမ္ပဏီပိုင် ယာဉ်ဖြစ်ပြီး တိုက်ပွဲဖြစ်စဉ်၌လည်း အဆိုပါကုမ္ပဏီမှ ၀န်ထမ်းများဖြစ်သော ဦးစိုင်းကျော်အေး နှင့်အဖွဲ့ဝင် ၃ ဦးပါဝင်ကြောင်း စိစစ်သိရှိရသည်။
 
ဆက်လက်၍ ဖြစ်စဉ်မှန်ကန်မှု ရှိ/မရှိ စိစစ်ခဲ့ရာ ဦးစိုင်းကျော်အေး နှင့် ၀န်ထမ်း ၃ ဦးမှာ ဇူလိုင် ၁၁ ရက်၌ လုပ်ကွက်မှ နမ့်ခမ်းသို့ အဆိုပါ မော်တော်ယာဉ်ဖြင့် ဈေးဝယ်သွားစဉ် ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် TNLA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့မှ ခန့်မှန်း(အယ်လ်အက်ဖ်-၄၃၇၉၃၈)နေရာ၌ ယာဉ်အား တား၍ အွယ်လောရွာသို့ ပို့ဆောင်ပေးရန် အကူအညီ တောင်းခံလျက် လိုက်ပါစီးနင်းလာစဉ် ယခုကဲ့သို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲအတွင်း ၀န်ထမ်းများဖြစ်သည့် ဦးစိုင်းကျော်အေး၏ ညာလက်ဖျံ နှင့် ဦးစိုင်းဖေ၀င်း၏ ညာခြေသလုံးတို့တွင် ဒဏ်ရာအနည်းငယ်စီရရှိခဲ့ပြီး တရုတ်နိုင်ငံ၊ မန်စီမြို့ရှိ တာဟောင်တိုင်းဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း စိစစ်ဖော်ထုတ်ရရှိခဲ့ပါသည်။
 
သို့ဖြစ်၍ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့ TNLA အကြမ်းဖက် သောင်းကျန်းသူများနှင့် ဖြစ်ပွားခဲ့သော တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်၍ သေဆုံးမှုတွင်ပါဝင်ခဲ့သည့် အမျိုးသမီး ၅ ဦးနှင့်ပတ်သက်ပြီး ဖြစ်စဉ်
အကြောင်းအရင်း အမှန်အား စိစစ်ချက်များအရ တပ်မတော်သတင်းမှန် ပြန်ကြားရေးကော်မတီမှ ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိပါသည်။
 
Credit - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
The Ladies News
 

 

Vote: 
No votes yet

Add new comment