မာဆယ်လိုနဲ့ ရိုနယ်လ်ဒိုကို ဂျူဗင်မှာ ပြန်လည် မြင်တွေ့ရမယ်ဆိုတဲ့ သတင်းတွေ ကျယ်လောင်စွာ ထွက်ပေါ်နေ

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အားထားရတဲ့ တိုက်စစ်မှူး စီရိုနယ်လ်ဒိုဟာ မကြသေးခင်ကပဲ ဂျူဗင်တပ် အသင်းကို ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိခဲ့ပြီးဖြစ်ပြီး ၄င်းရဲ့အပြောင်းအရွှေ့ အတည်ပြုကြောင်း ကိုလည်း ဂျူဗင်တို့ဟာ လာမယ့် တနင်္လာနေ့မှာ တရားဝင်ထုတ်ပြန် ကြေညာ သွားတော့မှာလည်း ဖြစ်ပါတယ်။
 
ပြီးခဲ့တဲ့ ရက်ပိုင်းထွက်ပေါ်လာတဲ့ သတင်းတွေအရ အဆိုပါ ပေါ်တူဂီတိုက်စစ်မှူးဟာ ရီးရဲလ်အသင်းမှာ ၉ ရာသီကြာ အတွဲညီညီ တွဲဖက်ကစားခဲ့တဲ့ နောက်ခံလူ မာဆယ်လိုကို ခေါ်ယူပေးဖို့ ဂျူဗင်တပ်ကို တောင်းဆိုထားတယ်လို့ သိရပြီး ရိုနယ်လ်ဒိုကို နှုတ်ဆက်တဲ့ စာမှာလည်း အဆိုပါ နောက်ခံလူက မကြာခင် ပြန်လည်ဆုံကြမယ်လို့ ရေးသားဖော်ပြ ထားခဲ့တာကြောင့် စီရိုနယ်လ်ဒိုနဲ့ မာဆယ်လိုတို့ကို ဂျူဗင်တပ်မှာ ပြန်လည်မြင်တွေ့ဖွယ် ရှိနေတယ်ဆိုတဲ့ သတင်းတွေဟာ ပိုမိုကျယ် လောင် လာခဲ့တာလည်း ဖြစ်ပါတယ်။
 
အလက်ဆန်ဒရိုဟာ ဂျုဗင်တပ် အသင်း ရဲ့ ဘယ်နောက်ခံလူနေရာမှာ လက်ရှိကစားနေတာဖြစ်ပြီး အကယ်၍ ဂျူဗင်တပ်အသင်းကသာ ရိုနယ်လ်ဒိုရဲ့ ဆန္ဒကို လိုက်လျောပြီး ဘရာဇီးနောက်ခံလူကို ခေါ်ယူပေးမည် ဆိုပါက ဆန်ဒရို ကို ရောင်းထုတ် ဖြစ်မှသာ အဆိုပါကိစ္စဟာ ဖြစ်ပေါ်လာနိုင်မှာလည်း ဖြစ်ပါတယ်။
 
The Ladies news
 

 

Vote: 
No votes yet

Add new comment