ရန်ကုန်လေဆိပ်၌ လေယာဉ် ၁ စီး Cargo တံခါးနည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် ပြန်လည်ဆင်းသက်ခဲ့ရ

ရန်ကုန်လေဆိပ်၌ လေယာဉ် ၁ စီး Cargo တံခါးနည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့်ဇူလိုင် ၁၂ ရက်က ပြန်လည်ဆင်းသက်ခဲ့ရကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
 
မြန်မာအမျိုးသားလေကြောင်းလိုင်းမှ ရန်ကုန်-စင်ကာပူ-ရန်ကုန် ပြေးဆွဲသည့် ခရီးစဉ်အမှတ် 8M-231 ၊ လေယာဉ်အမှတ် XY-AGU ၊ အမျိုးအစား A-319 သည် ခရီးသည် ၁၀၄ ဦး တင်ဆောင်၍ ရန်ကုန်လေဆိပ်မှ စင်ကာပူနိုင်ငံ ချန်ဂီလေဆိပ်သို့ ထွက်ခွာစဉ် လေပေါ်အရောက် လေယာဉ်၏ Cargo တံခါးနည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် ရန်ကုန်လေဆိပ်သို့ ပြန်လည်ဆင်းသက်ပြီး Terminal-1 Tube-9 ၌ အင်ဂျင်နီယာ စည်သူဝင်း အပါအဝင် ၃ ဦးက ပြုပြင်ခဲ့ပြီးနောက် စင်ကာပူနိုင်ငံသို့ ဆက်လက် ထွက်ခွာ သွားကြောင်း ပြည်ထဲရေးဝန်ကြီှးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
 
The Ladies News

 

Vote: 
No votes yet

Add new comment