ပြည်မြို့တွင် မော်တော်ယာဉ်ခိုးယူခဲ့သူများအား ဖမ်းမိ

ပြည်မြို့ ရွှေတံခါးရပ်ကွက် ရွှေတံခါး ဘူတာအနီး၌ ဇူလိုင် ၁၂ ရက်က မော်တော်ယာဉ် ခိုးယူခဲ့သူများအား ပုသိမ်- မုံရွာ ကားလမ်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
 
ပြည်မြို့ ရွှေတံခါးရပ်ကွက် ရွှေတံခါး ဘူတာအနီး၌ ခင်ဇော်လင်း(၃၀)နှစ် သည် 1N-xxxx Nissan AD Van ယာဉ်ဖြင့် ရန်ပိုင်(ခ) ပိုင်ပိုင်(၂၅)နှစ် အပါအဝင် ၅ ဦး (ကျား ၂၊ မ ၂၊ ကလေး ၁)တို့အား ငွေ ၁၄၅,၀၀၀ ကျပ်ဖြင့် နေပြည်တော်မှ ပြည်မြို့သို့ လိုက်ပါ ပို့ဆောင်ပေးခဲ့ပြီး ၎င်းတို့သွားရောက်လိုသည့် အိမ်များအား ရှာဖွေရန် မော်တော်ယာဉ်အား ရပ်ခိုင်းသဖြင့် ရပ်တန့်ကာ ၎င်းမှာလမ်းဘေး၌ အပေါ့သွားနေစဉ် ရန်ပိုင်(ခ)ပိုင်ပိုင် အပါအဝင် ၅ ဦးမှ မော်တော်ယာဉ်အား ခိုးယူမောင်းနှင် ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။
 
အဆိုပါဖြစ်စဉ်နှင့် ပတ်သတ်၍ ရန်ပိုင်(ခ)ပိုင်ပိုင် အပါအဝင် ၅ ဦး(ဖမ်းမမိ)အား ပြည်မြို့ (အမှတ်-၃) နယ်မြေရဲစခန်းမှ (ပ)၂၄၇/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉(ခိုးမှု)ဖြင့် အမှုဖွင့်စုံစမ်းခဲ့ရာ သရက်ခရိုင် မင်းတုန်းမြို့နယ် မယ်ဇလီကျေးရွာ အနီး ပုသိမ်-မုံရွာ ကားလမ်း မိုင်တိုင်(၂၀၅/၂၀၆)ကြား ၌ မစုလဲ့(၂၃)နှစ် အပါအဝင် ၃ ဦး(မ ၂၊ ကလေး ၁) တို့အား မော်တော်ယာဉ်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ပုသိမ်- မုံရွာကားလမ်း၊ မိုင်တိုင်(၂၀၁/၂၀၂)ကြား မယ်ဇလီ သစ်တော ကြိုးဝိုင်း အတွင်း၌ ရန်ပိုင်(ခ) ပိုင်ပိုင် အပါအဝင် ကျား ၂ ဦးတို့အား ဖမ်းဆီးရမိ ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment