JMC အတွက် အဓိကစိန်ခေါ်မှုသည် နှစ်ဖက်တပ်များထိတွေ့မှုကိုမရပ်စဲ နိုင်ခြင်းဖြစ်သည်ဟုဆို

 
 
ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်တီ (JMC) အတွက်အဓိက စိန်ခေါ်မှုသည် နှစ်ဖက်တပ်များထိတွေ့မှုကို မရပ်စဲနိုင်ခြင်းဖြစ်သည်ဟု JMC-U အဖွဲ့ဝင်ဆလိုင်းယောအောင် ကပြောကြားသည်။
 
ဇူလိုင်လ ၃ရက်နေ့မှ ၅ရက်နေ့အထိ ရန်ကုန်ကုန်မြို့ NRPC ရုံးတွင်ပြုလုပ်ခဲ့သော ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်မှုရပ်ဆဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) ၏ ၁၇ကြိမ်မြောက်အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် ၎င်း ကပြောကြားခဲ့ခြင်းဖြစ်သည်။
 
''ပထမဦးဆုံး အပစ်ခတ်ရပ်စဲရေးပြီးတဲ့နောက်တိုးတက်မှုအရပြောမယ်ဆိုရင်တော့ နှစ်ဖက်ကြားထဲမှာထိတွေ့မှုတွေမရှိသလောက်။ ထိတွေ့မှုတွေမရှိသလောက်ဆိုပေမယ့် ထိတွေ့မှုတွေကရပ်သွားပြီလားဆိုတော့ ရပ်တဲ့အခြေအနေမျိုးတော့မရှိသေးဘူး။ အထူးသဖြင်းတော့ RCSS နဲ့ တပ်ကြားထဲမှာ ထိတွေ့မှုတွေရှိနေတာတော့ရှိတယ် သို့သော်လည်း အရင်ထက်စာရင် နည်းသွားတယ်ပြောလို့ရတယ်။ စိန်ခေါ်မှုကြီးကြီးမားမားပြောမယ်ဆိုရင်တော့ အဓိက စိန်ခေါ်မှုကတော့ ထိတွေ့မှုတွေလုံးဝ မရပ်ဆဲနိုင်သေးတဲ့ အခြေအနေလို့ပြောရမှာပေါ့'' ဟု ဆလိုင်းယောအောင်က ပြောကြားသည်။
 
၂နှစ်တာကာလ အတွင်း၌ တပ်မတော်နှင့် NCAတွင်လက်မှတ်ရေးထိုးထာသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကြား ထိတွေ့မှုများသည် ၈၀ရာခိုင်နှုန်းခန့် လျှော့နည်း သွားသည်ဟု JMC-U မှ အတွင်းရေးမှူး (၂) ဖြစ်သူ ဗိုလ်မှူးကြီးဝဏ္ဏအောင်က ပြောကြားသည်။
 
'' သိသိသာသာတော့ လျှော့နည်းလာတာ ရှိပါတယ်။အခုဆို ကျွန်တော်တို့ မဖြစ်သလောက်အထိကို လျှော့နည်းသွားတာပေါ့။ ဘာပဲဖြစ်ဖြစ်မတော်တဆ ထိတွေ့မှုတွေကတော့ ရှိနေကြအုံးမှာပဲ။ နောက်ဆုံးအခြေအနေအရပြောရမယ်ဆိုလို့ရှိရင်တော့ တော်တော်လေးကို လျှော့ကျသွားတယ်ဆိုတာ ဒါတော့ပေါ်လွင်ပါတယ်။ အကြိမ်အရေအတွက်နဲ့တော့ ကျွန်တော်တို့ခန့်မှန်းပြီးတော့ ပြောတာမျိုးမဟုတ်ပဲနဲ့ Percent ပြောမယ်ဆိုရင်တော့ ၈၀ရာခိုင်နှုန်းလောက်ကို လျှော့ကျသွားတယ်လို့ပဲ ကျွန်တော်တို့ပြောနိုင်ပါတယ်'' ဟု ၎င်း ကပြောကြားသည်။
 
JMC သည် နိုင်ငံရေးနှင့် ဆက်စပ်နေသည့်အဖွဲ့အစည်းတစ်ခုပြီး နိုင်ငံရေးဆွေးနွေးပွဲများ ချောချောမွေ့မွေ့ဖြစ်ရန်ကြိုစားသည့် အဖွဲ့အစည်းလည်းဖြစ်သည် သို့ပေမယ့် တစ်ဖက်မှာလည်းနိုင်ငံရေးဆွေးနွေးပွဲများတွင် မျှော်မှန်ထားသလောက်မရောက်ခြင်းသည်လည်း စိန်ခေါ်မှုတစ်ခုဖြစ်သည်ဟု ဆလိုင်းယောအောင် က ပြောကြားသည်။
 
ဇူလိုင်လ ၁၁ရက်နေ့တွင် စတင်ကျင်းပမည့်ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁- ရာစုပင်လုံ တတိယအကြိမ်အစည်းအဝေး၌ KNU မှ ဗိုလ်ချုပ်စောအိုက်ဇာက်ဖိုး က JMC ၏ အစီရင်ခံစာကို ဖတ်ကြားတင်သွင်းမည်ဖြစ်သည်။
 
 
အောင်ရဲနောင်

 

Vote: 
No votes yet

Add new comment