အာဂျင်တီးနားအတွက် မက်ဆီဘာမှထပ်ပြီး သက်သေပြနေစရာ မလိုဘူးလို့ ပြောကြားလိုက်တဲ့ မာရာဒိုနာ

အာဂျင်တီးနား ဘောလုံးအကျော်အမော် တစ်ဦးဖြစ်သူ ဒီယေဂို မာရာဒိုနာက လက်ရှိ အာဂျင်တီးနား အကောင်းဆုံး ကစားသမား မက်ဆီအနေနဲ့ အသင်းအတွက် ဘာမှထပ်ပြီး သက်သေပြနေစရာ မလိုဘူလို့ ပြောကြားလိုက်ပါတယ်။
 
အာဂျင်တီးနားစတားဟာ မကြာခင် ယှဉ်ပြိုင်ရတော့မယ့် ကမ္ဘာ့ဖလား ပွဲစဉ်တွေအတွက် ပြင်ဆင်နေပြီး မာရာဒိုနာ ကတော့ အဆိုပါ ကစားသမားကို ဖိအားတွေ လျော့ကျသွားစေမယ့် စကားတွေကို ထုတ်ဖော်ပြောကြား ခဲ့တာလည်းဖြစ်ပါတယ်။
 
အာဂျင်တီးနားအသင်းဟာ ပြီးခဲ့တဲ့ ၂၀၀၄ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဆုနဲ့ နီးစပ်နေခဲ့ပြီး ဂေါ့ဇီရဲ့ နောက်ကျ သွင်းဂိုးကြောင့် ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရတာလည်း ဖြစ်ပါတယ်။
 
အာဂျင်တီးနား အသင်းဟာ မက်ဆီအပြင် အခြား အာဂျင်တီးနား ထိပ်တန်းကစားသမားတွေ ပါဝင်နေတာကြောင့် လာမယ့် ရုရှားကမ္ဘာ့ဖလားဆုအတွက် ရေပန်းစားနေတဲ့ အသင်းတစ်သင်း ဖြစ်ပေမယ့် ဘောလုံး အကျော်အမော် မာရာဒိုနာကတော့ ၄င်းရဲ့ယူဆချက်ကို အခုလို ပြောကြားခဲ့ပါတယ်။
 
မာရာဒိုနာက "မက်ဆီကို ကျွန်တော် အကြံပေးချင်တာကတော့ သူအနေနဲ့ အခုလို အတိုင်းသာ ပုံမှန်လေး ဆက်သွားဖို့နဲ့ ယှဉ်ပြိုင်ရမယ့် ပွဲတွေတိုင်းမှာ ဖိအားတွေအရမ်းမထားဖို့ပါပဲ။ နောက်ပြီး သူကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်သည်ဖြစ်စေ၊ မဆွတ်ခူးနိုင်သည်ဖြစ်စေ သူ့အပေါ်ဝေဖန်ကြမယ့် ဘောလုံး ကျွမ်းကျင်ပညာရှင်တွေကို မေ့ထာဖို့ပါပဲ။ ကျွန်တော့်အနေနဲ့ ပြောရရင်တော့ မက်ဆီက ဘာမှ ထပ်ပြီး သက်သေပြနေစရာ မလိုတော့ပါဘူး။ ကွင်းအတွင်းမှာ လွတ်လွတ်လပ်လပ်နဲ့ ပေါ့ပေါ့ပါးပါး ကစားသွားဖို့ အချိန်တန်နေပါပြီ။ ကျွန်တော် ဆမ်ပါအိုလီ အကြောင်းကိုမသိလို့ သူဘယ်လို နည်းစနစ်နဲ့ ကစားသွားမလဲဆိုတာ ကျွန်တော်မပြောနိုင်ပါဘူး။ ဒါပေမယ့် အာဂျင်တီးနား ကစားသမား တော်တော်များများရဲ့ ကစားပုံတွေကို ကျွန်တော်သိပါတယ်။ သူတို့ အစွမ်းကုန် ပေးဆပ်သွားကြမယ်လို့ ထင်ပါတယ်။ နောက်ပြီး အာဂျင်တီးနားအသင်းဟာ ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်မယ့် အခွင့်အလမ်းကောင်းတွေ ရှိနေပါတယ်။ ကျွန်တော်ကတော့ ရေပန်းစားနေတဲ့ အသင်းတွေထဲမှာ ထည့်မထားပါဘူး။ ဘာလို့လဲဆိုတော့ ရေပန်းစားတယ်ဆိုတဲ့ အသင်းတိုင်း ဘယ်တော့မှ ဗိုလ်စွဲလေ့မရှိလို့ပါပဲ" လို့ အဆိုပါ ဘောလုံး အကျော်အမော်က ထုတ်ဖော်ပြောကြားခဲ့တာ ဖြစ်ပါတယ်။
 
Ref : Goal.com
The Ladies News
 

 

Vote: 
No votes yet

Add new comment