အသင်းကနေ နှုတ်ဆက်ထွက်ခွာတော့မယ့် နည်းပြကြီးဇီဒန်းကို နှုတ်ဆက်စကား ပြောကြားခဲ့ကြတဲ့ စီရိုနယ်လ်ဒိုနဲ့ ရာမို့စ်

ရီးရဲလ်မက်ဒရစ်နည်းပြကြီး ဇီဒန်းဟာ ၄င်းအနေနဲ့ အသင်းရဲ့ နည်းပြရာထူးမှ နုတ်ထွက်ကြောင်းကို မနေ့က ညနေ ၅ နာရီ ၃၀ အချိန်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြောကြားခဲ့တာဖြစ်ပြီး အသင်းရဲ့အားထားရတဲ့ တိုက်စစ်မှူး စီရိုနယ်လ်ဒိုနဲ့ အသင်းခေါင်းဆောင် ရာမို့စ်တို့က အသီးသီး နှုတ်ဆက်စကား ပြောကြားခဲ့ကြတယ်လို့ သိရပါတယ်။ အဆိုပါနည်းပြကြီးဟာ ရီးရဲလ်အသင်းရဲ့ အကယ်ဒမီ နည်းပြဘ၀ကနေ အခုလို အသင်းကြီးကို ပြောင်းရွှေ့ ကိုင်တွယ်ခဲ့တာဖြစ်ပြီး ၂ နှစ်ခွဲကြာ သက်တမ်းကာလမှာပင် ချန်ပီယံလိဂ် ဆုဖလားကြီးကို ၃ နှစ်ဆက် ရယူပေးနိုင်ခဲ့တဲ့အပြင် မနှစ်ကလည်း လာလီဂါဆုဖလားအပြင် အခြား အောင်မြင်မှု ဆုဖလားတွေကိုလည်း များစွာ ရယူနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ ရီးရဲလ်အသင်းဟာ ၄င်းတို့ဝေးကွာနေတဲ့ လာလီဂါ အမှတ်ပေးဖလားကြီးကို နည်းပြဇီဒန်းလက်အောက်မှာ ပြန်လည်ရယူနိုင်ခဲ့တာဖြစ်ပြီး စီရိုနယ်လ်ဒိုဟာလည်း အဆိုပါ နည်းပြကြီး လက်အောက်မှာ ကမ္ဘာ့အကောင်းဆုံးက စားသမားဆု Ballon d'Or ဆုတွေကို ဆက်တိုက် သိမ်းပိုက်နိုင်ခဲ့ပါတယ်။
 
ပေါ်တူဂီတိုက်စစ်မှူး စီရိုနယ်လ်ဒိုကတော့ ရီးရဲလ်မှာရှိနေခဲ့တဲ့ အချိန်အခိုက်တန့်မှာ အသင်းအတွက် အောင်မြင်မှုတွေ များစွာရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ နည်းပြကြီး ဇီဒန်းကို ကျေးဇူးတင် နှုတ်ဆက်စကား အခုလို ပြောကြားခဲ့ပါတယ်။ ရိုနယ်လ်ဒိုက "ဇီဒန်းရေ.. ခင်ဗျားရဲ့ သင်ကြားပြသမှုတွေအောက်မှာ အချိန်တော်တော်ကြာ နေခွင့်ရခဲ့တဲ့အတွက် ကျွန်တော် အရမ်းကို ဂုဏ်ယူမိပါတယ်။ အရာရာတိုင်းအတွက် ကျေးဇူးအများကြီးတင်ပါတယ်" လို့ ရိုနယ်လ်ဒိုက ၄င်းရဲ့ လူမှုကွန်ယက်မှာ ရေးသားဖော်ပြထားတာ ဖြစ်ပါတယ်။
 
ဒါ့အပြင် အသင်းခေါင်းဆောင်ကြီး ဆာဂျီယိုရာမို့စ်ကလည်း "ကစားသမားဘ၀မှာလည်း အောင်မြင်မှုတွေနဲ့အတူ ဘောလုံးလောကကို အံ့အားသင့်စေခဲ့သလို၊ အခုလည်း နည်းပြဘ၀မှာ အောင်မြင်မှု အမြင့်ဆုံးအဆင့်နဲ့ နှုတ်ဆက် သွားတော့မှာလား နည်းပြကြီးရေ... ခင်ဗျားရီးရဲလ်မှာ ၂ နှစ်ခွဲကြာ အတူရှိနေပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။
ခင်ဗျားဟာ သမိုင်းမှတ်တိုင် အကြီးကြီးကို စိုက်ထူနိုင်ခဲ့တာပါ။ ခင်ဗျားရဲ့သမိုင်းဟာ ဘယ်တော့မှ ပျောက်ပျက်သွားမှာ မဟုတ်ပါဘူး။ ခင်ဗျားဟာ ကျွန်တော်တို့ အသင်း သမိုင်းစာမျက်နှာရဲ့ ရှေ့ဆုံးမှာမှာ အအောင်မြင်ဆုံး နည်းပြတစ်ဦး အနေနဲ့ အမြဲရှိနေမှာပါ" လို့ ရာမို့စ်ကလည်း ၄င်းရဲ့ လူမှုကွန်ယက်မှာ ရေးသားဖော်ပြထားတာ ဖြစ်ပါတယ်။
 
ဇီဒန်းဟာ ရီးရဲလ်ကို ၄င်းကိုင်တွယ်ခဲ့တဲ့ ၂ နှစ်ခွဲတာကာလအတွင်း လာလီဂါဆုဖလားတစ်ကြိမ်၊ Supercopa de Espana ဆုဖလားတစ်ကြိမ်၊ ချန်ပီယံလိဂ် ၃ ကြိမ် (ဆက်တိုက်)၊ UEFA Super Cup ၂ ကြိမ်နဲ့ FIFA World Cup ၂ ကြိမ်၊ စုစုပေါင်း ဖလား ၉ လုံးကို ရယူပေးနိုင်ခဲ့တဲ့ နည်းပြကြီးတစ်ဦးလည်း ဖြစ်ပါတယ်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment