မူးယစ်ဆေးဝါးများ၊ လက်နက်/ခဲယမ်းများနှင့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ

ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်အတွင်းမှ မူးဆစ်ဆေးဝါးများ၊ လက်နက်၊ ခဲယမ်းများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ မေလ ၃၁ ရက်နေ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။
 
ဖြစ်စဉ်မှာ မေ ၂၅ ရက်နေ့ ၁၂၀၀ အချိန် တပ်မတော်မှ လားရှိုးမြို့နယ်၊ မန်ဆာပန်ဝကျေးရွာ အနီး နယ်မြေ ရှင်းလင်းစဉ် တဲနှစ်လုံးအားတွေ့ရှိပြီး အရပ်ဝတ်ဖြင့် လူ ၆ ဦး မှာ တဲအတွင်းမှ ထွက်ပြေးသွား၍ ဆက်လက်၍ရှာဖွေရာ တဲအနီးရှိ ဒေါင်ဖန်းဖောယာဉ် အတွင်းမှ အောင်မြတ်(ခ)အားတီ အား လည်းကောင်း၊ တဲလုံးအတွင်းမှ အိုက်စ် တစ် ကီလို ၊ ဆူဒိုအက်ဖီဒရင်းအမှုန့် ၇ ဒသမ ၅ ကီလို ၊ ဟိုက်ဒြိုကလိုရစ် အက်စစ် ၅၅ လီတာ ၊ ဆိုဒီယမ်ဟိုက်ဒြောဆိုဒ် ၁,၅၀၀ ကီလို ၊ အက်စစ်တစ်အင် ဟိုက်ဒရိုဒ် ၄၀ လီတာ ၊ သိုင်အိုနိုင်းကလိုရိုဒ် အရည် ၁၆ လီတာ ၊ တာတာရစ် အက်စစ်အမှုန့် ၂၀ ကီလို ၊ အရောင်ဆိုးဆေး အမှုန့် ၄ ကီလို၊ ဆား ၄၀၀ ကီလို ၊ ပလတ်စတစ်ကပ်ခွာအိတ်ငယ် ၁၆,၂၅၀ အိတ်၊ အမြင့် ၄ ပေခန့်ရှိ ဂက်(စ်)အိုး(အကြီး) ၄၀ လုံး၊ ဂက်(စ်)အိုး(အလတ်) ၃၂ လုံး၊ အမြင့် ၃ ပေခန့်ရှိ ဂက်(စ်)အိုး(အသေး) ၁၉ လုံး၊ မီးစက် တစ်လုံး၊ မော်တာတပ်ဆင်ထားသည့် မွှေစက် တစ်လုံး၊ ပလတ်စတစ် အိတ်ပိတ်စက် တစ်လုံး၊ ဓာတ်ခွဲခန်းသုံး ခေါင်းစွပ် လေးခု၊ အခြောက်ခံသံဇလား သုံးခု၊ ပွိုင့် ၂၂ မောင်းပြန်ရိုင်ဖယ် တစ်လက်၊ ကျည်အိမ် တစ် ခု၊ ပွိုင့် ၂၂ ကျည် ၈ တောင့်၊ အမ်-၂၂ ကျည် ၄၃ တောင့်၊ အမ်-၂၂ ကျည်အိမ် (အရှည်) နှစ်ခု၊ အမ်-၂၂ ကျည်အိမ် (အတို)တစ်ခု၊ လက်ပစ်ဗုံး တစ်လုံး၊ အီကွေးမင့် တစ်စုံ နှင့် ဆက်စပ်ပစ္စည်းများ သိမ်း ဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
 
ယင်းသို့ လက်နက်၊ မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိမှုဖြင့် အောင်မြတ်(ခ)အားတီ (၂၁)နှစ် အား မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment