ananda (အနန္တ) မှ အကန့်အသတ်မရှိသော 4G+ ဝန်ဆောင်မှုကို ရန်ကုန်၌ စတင်

ananda (အနန္တ) မှ မြန်မာနိုင်ငံတွင် အကန့်အသတ် မရှိသော 4G+ အင်တာနက်ဒေတာ ဝန်ဆောင်မှုကို ရန်ကုန်မြို့တွင် ယနေ့ စတင်မိတ်ဆက်လိုက်သည်။ ananda 4G+ အသုံးပြုသူများသည် တစ်လလျှင် ငွေကျပ် ၃၅၀၀၀ တည်းဖြင့် အကန့်အသတ်မရှိသည့် ဒေတာများကို အမြန်ဆန်ဆုံးအင်တာနက်မြန်နှုန်းနှင့် အပြည့်အဝ ရရှိခံစားကြနိုင်ကြပြီ ဖြစ်ပါသည်။
 
ရန်ကုန်မြို့ရှိ ပြည်သူများနှင့် စီးပွားရေးလုပ်ငန်းများသည် မထင်မှတ်ဘဲ အပိုသုံးစွဲလိုက်သော ဒေတာများအတွက် ထပ်လောင်းကုန်ကျစရိတ်များကို စိုးရိမ်ပူပန်နေစရာမလိုတော့ဘဲ သတင်းများ၊ ဖြေဖျော်မှုများနှင့် သတင်း အကြောင်းအရာများကို ရှာဖွေဖတ်ရှုခြင်း၊ တေးဂီတများကို ဒေါင်းလုတ်ရယူခြင်း၊ ရုပ်ရှင်များကို အွန်လိုင်းမှ တဆင့် တိုက်ရိုက်ကြည့်ရှုခြင်းအပြင် မိမိတို့နှစ်သက်ရာ မည်သည့်အကြောင်းအရာမျိုးကိုမဆို ပေါ့ပါးလွတ်လပ် စွာ ကြည့်ရှုနိုင်၊ သုံးစွဲနိုင်ကြမည် ဖြစ်သည်။ ananda (အနန္တ) ၏ အကန့်အသတ်မရှိသော ဒေတာပလန်တွင် သုံးစွဲသူများသည် ဒေတာများကို မိမိတို့မည်မျှပင် သုံးစွဲသည်ဖြစ်စေ တည်ငြိမ်သည့် မြန်နှုန်းမြင့် အင်တာနက် အရည်အသွေးကို အပြောင်းအလဲမရှိ ရရှိခံစားကြရမည် ဖြစ်သည်။
 
ananda (အနန္တ) စတင်ဖြန့်ဖြူးသည့် ယနေ့မှစ၍ သုံးစွဲသူများကို မြန်မာငွေကျပ် ၃၅၀၀၀ ကျပ်တည်းဖြင့် mifi စက်တစ်ခု၊ 4G+ ananda ဆင်းကတ်တစ်ကတ်နှင့် ဒေတာများကို တစ်လတာ အကန့်အသတ်မရှိ အသုံးပြုခွင့် ကို ပေးအပ်သွားမည်ဖြစ်သည်။ ananda (အနန္တ) သုံးစွဲသူများသည် အဆိုပါ mifi စက်နှင့် ananda (အနန္တ) အင်တာနက်လိုင်းကို မိမိတို့သွားသည့် နေရာများသို့ ယူဆောင်သွားနိုင်ပြီး သူငယ်ချင်းမိတ်ဆွေများ၊ မိသားစုများ နှင့်အတူ အကန့်အသတ်မရှိသော အင်တာနက်ကို မျှဝေသုံးစွဲနိုင်ကြမည်ဖြစ်သည်။
 
“ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က အင်တာနက်သုံးစွဲသူတွေကို စစ်မှန်တဲ့ဒစ်ဂျစ်တယ် လူနေမှုဘဝပုံစံကို ပေးစွမ်း သွားဖို့ပါ။ ananda (အနန္တ) ဆိုတဲ့အဓိပ္ပာယ်က အဆုံးမရှိဆိုတဲ့ အဓိပ္ပာယ်ရပါတယ်။ အဆုံးမရှိတဲ့ ဖြစ်နိုင် ခြေတွေ၊ အကန့်အသတ်မရှိတဲ့ဒေတာကို ပေးစွမ်းနိုင်တယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ ယုံကြည်ချက်ကို ကိုယ်စား ပြုတာပါ။ ဒေတာကန့်သတ်ချက်၊ အင်တာနက်အမြန်နှုန်း ကန့်သတ်ချက်တွေ ကင်းစင်တဲ့ အင်တာနက်ကို မိမိတို့စိတ်ကြိုက် အလိုရှိသလိုသုံးစွဲပြီး ကျွန်တော်တို့ရဲ့ လူမှုဘဝတွေ ပိုမိုပြည့်စုံစွာ ရှင်သန်နေထိုင်လိုက်ပါ။ ဒီအင်တာနက်ထဲကနေ အသိပညာ ဗဟုသုတတွေကို ရှာဖွေပြီး အကောင်းဆုံး အသုံးချလိုက်ပါလို့ ပြောချင် ပါတယ်” ဟု ananda (အနန္တ) ၏ ဒုတိယအမှုဆောင်အရာရှိချုပ် ဒေါ်အေးမြမြကြည်မှ ပြောကြားခဲ့သည်။
 
အလွယ်တကူ သယ်ဆောင်သွားနိုင်သော mifi စက်နှင့်အတူ 4G+ router ကိုလည်း ananda (အနန္တ) မှ မိတ်ဆက်လိုက်သည်။ ထို 4G+ router ကို မိမိနေအိမ်ရုံးခန်းများတွင် တပ်ဆင်အသုံးပြုခြင်းဖြင့် မိသားစုများ၊ မိတ်ဆွေများနှင့် အတူတကွ ဒေတာများကို အကန့်အသတ်မရှိ ရရှိခံစားသုံးစွဲနိုင်ကြမည် ဖြစ်သည်။ ထို router အား wifi ချိတ်ဆက်နိုင်သည့် မည်သည့်စက်ပစ္စည်းနှင့်မဆို အလုံး ၃၀ အထိ တပြိုင်တည်း ချိတ်ဆက်ကာ တည်ငြိမ်ပြီး မြန်ဆန်သော ananda (အနန္တ) ကွန်ယက် အင်တာနက်လိုင်းကို အားလုံးတူညီစွာ ခံစားနိုင်သောကြောင့် ananda (အနန္တ) အင်တာနက်သည် ကိုယ်တိုင်သုံးစွဲရန်အတွက်သော်လည်းကောင်း၊ စီးပွားရေး လုပ်ငန်းများအနေဖြင့် သုံးစွဲရန်သော်လည်းကောင်း လွန်စွာသင့်တော်ပါသည်။
 
ကုန်ပစ္စည်းစတင်မိတ်ဆက်မှုအစီအစဉ်ကာလအတွင်းက ananda (အနန္တ) ၏ အကန့်အသတ်မရှိ (unlimited) ပလန်ကို ဝယ်ယူသုံးစွဲပြီး ထိုပလန်ကုန်ဆုံးသွားသောအခါတွင်လည်း ananda (အနန္တ) အနေနှင့် မိမိစိတ်တိုင်း ကျသုံးစွဲလိုသည့် (value) ပလန်များကိုလည်း စီစဉ်ထားပါသည်။ ananda (အနန္တ) သုံးစွဲသူများသည် ထို value ပလန်ကို မိမိတို့၏ သုံးစွဲလိုသော ဒေတာပမာဏနှင့် ကိုက်ညီသည့် add-ons ပလန်များဖြင့် မိမိစိတ်ကြိုက် သီးခြားအက်ပလီကေးရှင်းများ (ဥပမာ YouTube, Facebook နှင့် Viber) အတွက်လည်း ထပ်မံဖြည့်စွက်၍ anada (အနန္တ) အင်တာနက်၏ ကောင်းမွန်မှုများကို ရရှိခံစားနိုင်မည်ဖြစ်ပါသည်။
 
The Ladies News
 

 

Vote: 
Average: 1 (1 vote)

Add new comment