YOMAအနေဖြင့် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ၀ိုင်နှင့် အရက်ယမကာ ကုမ္ပဏီဖြစ်သည့် Pernod Ricard အကျိုးတူ ပူးပေါင်းမည်

ကျွန်တော်တို့သည် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ၀ိုင်နှင့် အရက်ယမကာ ကုမ္ပဏီဖြစ်သည့် Pernod Ricard နှင့် မိတ်ဖက်၍ မြန်မာနိုင်ငံတွင် ၀ီစကီထုတ်လုပ်ရေးနှင့် ဖြန့်ချိရေးကို အကျိုးတူပူးပေါင်းလုပ်ကိုင်သွားမည့် ကုမ္ပဏီတစ်ခုကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း YOMA Strategic က ၎င်းကုမ္ပဏီ ဖေ့စ်ဘွတ်စာမျက်နှာတွင် ထုတ်ဖော်ကြေညာထားသည်။
 
Pernod Ricard မှ နိုင်ငံတကာ အတွေ့အကြုံရှိသည့် စီမံခန့်ခွဲမှုအဖွဲ့ကို ဖွဲ့စည်းသွားမှာဖြစ်ပြီး ကုမ္ပဏီအသစ်၏ အကြီးဆုံး ရှယ်ယာရှင်ဖြစ်လာမည်ဖြစ်ကြောင်းဆိုသည်။ ကျန်ရှိသော ရှယ်ယာများကို Yoma Strategic ၊ ပုဂ္ဂလိက ရှယ်ယာကုမ္ပဏီ တစ်ခုဖြစ်သည့် Delta Capital Myanmar နှင့် မြန်မာနိုင်ငံ၏ အရက်ယမကာ လုပ်ငန်းတွင် ၀ါရင့်အတွေ့အကြုံရှိသူ ဦးထွန်းဝင်းနှင့် ဦးဇော်ဝင်းတို့ (“Win Brothers”) မှ ပိုင်ဆိုင်ကြမည်ဖြစ်သည်။
 
ဤမိတ်ဖက်မှုဖြင့် Pernod Ricard သည် မြန်မာနိုင်ငံ ဈေးကွက်သို့ ပထမဦးဆုံး တရားဝင် ရောက်ရှိလာသည့် ပြည်ပထုတ်လုပ်သူဖြစ်ပြီး လက်ရှိတွင် ၎င်းသည် အာရှတွင် နာမည်ကြီးသည့် Chivas, Ballantine’s နှင့် Seagram’s ၀ီစကီများ၏ အဓိကဖြန့်ချိသူဖြစ်ကြောင်း သိရသည်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment