သိန္နီမြို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

သိန္နီမြို့တွင် စိတ်ကြွရူးသွပ်ဆေးပြား ၅၈၉၀၀ ပြား ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
 
ဖြစ်စဉ်မှာ ပြီးခဲ့သည့်ရက်ပိုင်းက တပ်မတော်နှင့် မူးယစ်တပ်ဖွဲ့စု(၂၄) လားရှိုးမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သိန္နီမြို့အဝင်၊ အိုရီယမ်တယ် တိုးဂိတ်အနီး မူဆယ်-မန္တလေးသွား ပြည်ထောင်စု ကားလမ်း၌ ကော်စူးဝေ(ခ) ကြာဝင်း မောင်းနှင်ပြီး လီဖူးလွင်(ခ)ဖူးလင် လိုက်ပါသည့် CROWN မော်တော်ယာဉ်ကိုရှာဖွေရာ မော်တော်ယာဉ်၏ နောက်ခန်း ကျောမှီအံဝှက်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၅၈,၉၀၀ ပြားနှင့် လက်ကိုင်ဖုန်း ၂ လုံး တို့ကို သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
 
အဆိုပါ မူးယစ်ဆေးပြားများ သိမ်းဆည်းရမိမှုနှင့် ပတ်သက်၍ ကော်စူးဝေ(ခ)ကြာဝင်း(၂၈)နှစ်နှင့် လီဖူးလွင်(ခ) ဖူးလင်(၃၄)နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment