TECNO မှ 24MP ကင်မရာတပ်ဆင်ထားသည့် CAMON X Pro အားမိတ်ဆက်

ဟောင်ကောင်အခြေစိုက် Transsion Holdings ၏ အရည်အသွေးမြင့် မိုဘိုင်းဖုန်း အမှတ်တံဆိပ် TECNO မှ ကမ္ဘာ့ပထမဆုံးသော 24 MP Clear Selfie ရှေ့ဖက် ကင်မရာတပ်ဆင်ထားသည့် CAMON X Pro ကို အာဖရိကဈေးကွက် တွင် မိတ်ဆက်လိုက်ပြီဖြစ်ကြောင်းသိရသည်။ ထို့အပြင် ကမ္ဘာကျော်  Google ကုမ္ပဏီဖြင့် ပူးပေါင်းကာ Android Oreo (Go Edition) OS သုံးစမတ်ဖုန်းများကိုလည်း နိုင်ဂျီးရီးယားနိုင်ငံ၊ လာဂို့စ်မြို့၌ ဧပြီလ ၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် 2018 Global Spring Launch ပွဲကြီး၌ မိတ်ဆက်ပေးခဲ့ ပြဖြစ်ကြောင်းလည်းသိရသည်။
 
အဆိုပါCAMON X Pro စမတ်ဖုန်းသည် Face ID လုပ်ဆောင်ချက် ပါဝင်လာပြီး ကင်မရာပိုင်းအားဖြင့် ရှေ့ဖက် Selfie Camera 24MP နှင့် နောက်ဖက် 16MP ကင်မရာများတပ်ဆင်ထားကာ ယခင်ထွက်ရှိထားသည့် CAMON CX စမတ်ဖုန်းထက် ပုံရိပ်ပြတ်သားမှု ၃၀ ရာခိုင်နှုန်းပိုမိုပေး
စွမ်းနိုင်ကြောင်းသိရသည်။ အဆိုပါ ဖုန်းဟာ ၆ လက်မအရွယ်အစားရှိပြီး Display ပိုင်းအားဖြင့် 18:9 Bazel-less Full Screen Display ပါဝင်လာတာကြောင့် ကြည်လင်ပြတ်သားသည့် နောက်ဆုံးပေါ် Full HD ရုပ်ထွက်ကိုခံစားနိုင်မည်ဖြစ်သည်။ ROM 64 GB ပါဝင်ပြီး RAM အားဖြင့် 4GB ပါဝင်ကြောင်းသိရသည်။
 
အဆိုပါ ဖုန်းသည် Dual ISP Image processor ပါဝင်သောကြောင့် လုပ်ဆောင်ချက်များကို ပိုမိုလျှင်မြန်စွာ ဆောင်ရွက်နိုင်မှာဖြစ်ပြီး ယခင်ထွက်ရှိပြီး CAMON စီးရီး စမတ်ဖုန်းများထက် များစွာ သာလွန်ကောင်းမွန်ကြောင်းသိရသည်။ အဆိုပါ စမတ်ဖုန်းသည် အနက်ရောင်ပုံရိပ်ထွက်မှုနှင့် Noise Reduction လုပ်ဆောင်ချက်များ ကို ယခင်ကထက် ၂၀ ရာခိုင်နှုန်း တိုးမြှင့်ထားကြောင်းလည်း သိရသည်။
 
Transsion Holding ၏ Vice President ဖြစ်သူ Mr.Andy Yan က " TECNO အနေနဲ့ မိမိတို့ရဲ့ ထုတ်ကုန်တွေကို တစ်စုံတစ်ယောက်အတွက် အဆင်ပြေလွယ်ကူစေရန် တီထွင်ထုတ်လုပ်ထားတာ မဟုတ်ဘဲ သုံးစွဲသူတွေအားလုံးရဲ့ အမူအကျင့်တွေ၊ ကြိုက်နှစ်သက်မှုတွေ၊ လိုအပ်မှုတွေ စတာတွေကို လေ့လာဆန်းစစ်ပြီး နေ့စဉ်လူနေမှုဘ၀တွေမှာ အပြည့်စုံဆုံးနဲ့ အသုံးဝင်ဆုံး ဖြစ်စေနိုင်ဖို့ ကြိုးစားထားပါတယ်" ဟု ပြောကြားခဲ့သည်။
 
ဒါ့အပြင် General Manager ဖြစ်သူ Mr. Stephen HA ကလည်း " ကျွန်တော်တို့ဟာ အာဖရိကဈေးကွက် အပါအ၀င် အခြားသော ဖွံ့ဖြိုးဆဲ ဈေးကွက်များနဲ့ မစိမ်းပါဘူး။ ဒါကြောင့်လည်း ကျွန်တော်တို့ရဲ့ ထုတ်ကုန်များဟာ ဤဈေးကွက်များမှ သုံးစွဲသူများနဲ့ အံဝင်ခွင်ကျ ဖြစ်စေဖို့ အသေးစိတ်လေ့လာဆန်းစစ်ပြီး ဖန်တီးတီထွင်ထုတ်လုပ်ထားခြင်းဟာ TECNO ကို ပြိုင်ဖက်များနဲ့
ကွာခြားစေတဲ့ အချက်ပဲဖြစ်ပါတယ်" ဟု ထပ်မံပြောကြားခဲ့သည်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment